လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအခြေအနေများ၊ အခက်အခဲများ
မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင် လျက်ရှိကြသည့် နိုင်ငံတကာမှလုပ်ငန်းရှင် များက လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအခြေအနေများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကုန်သည်စက်မှုအသင်းချုပ် သို့ လာရောက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ ကုန်သည်အသင်းများနှင့် ကုန်သည်စက်မှု အသင်းချုပ်တို့ ၂၀၂၃ ခုနှစ် ဇူလိုင်၂၀ ရက် က (၁၅) ကြိမ်မြောက် တွေ့ဆုံ၍ အပြန်အ လှန်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ကုန် သည် စက်မှုအသင်းချုပ်မှ သိရသည်။
အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဥရောပ၊ ပြင်သစ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ တရုတ် (တိုင်ပေ)၊ ထိုင်းနိုင်ငံကုန်သည်စက်မှုအသင်း များမှ တာဝန်ရှိပုဂ္ဂိုလ်များက ၎င်းတို့အသင်း ဝင်လုပ်ငန်းရှင်များ၏ စီးပွားရေးအခြေအနေများနှင့် ကုန်သွယ်မှုပြုလုပ်ရန် အခက်အခဲများ တင်ပြခဲ့ကြသည်။
ထို့ပြင် အလုပ်ရှင်-အလုပ်သမား ဆက် ဆရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်သုံးဆီလုံ လောက် စွာရရှိရေးနှင့် စျေးနှုန်းတည်ငြိမ်ရေး၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေး၊ တရားမဝင် ကုန်သွယ်မှုပပျောက်ရေး၊ ကုန်သွယ်မှုမူဝါဒ ကိစ္စရပ်များ၊ ကုန်ကြမ်းပစ္စည်း တင်သွင်းနိုင် ရေးနှင့် သွင်းကုန်လိုင်စင်ကိစ္စရပ်များ၊ ဘဏ် စနစ်နှင့် နိုင်ငံခြားငွေလဲလှယ်မှု၊ ဗီဇာ၊ ပတ်စ ပို့ကိစ္စရပ်များ၊ ကျန်းမာရေးနှင့်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဓာတ်မြေသြ ဇာတင်ပို့၊ တင်သွင်းမှုဆိုင်ရာ လိုင်စင်ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်ဦးတီ ထွင်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ နိုင်ငံတကာ ကုန်သည်စက်မှုအသင်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများ အတွက် အသင်းချုပ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် အလားအလာများကို လည်း ဆွေးနွေးခဲ့ကြသည်။
စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ စိန် ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအ တွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အသင်းချုပ်အနေဖြင့် အစိုးရနှင့်ပုဂ္ဂ လိကကဏ္ဍအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်လျက်ရှိကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။
ထုတ်လုပ်မှု တိုးချဲ့ရန် ရုန်းကန်နေရသည့် မြန်မာ့စက်မှုလုပ်ငန်းများ
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ခြောက်လအတွင်းမှာ ပထမအကြိမ်ကျုံ့လာ ခဲ့သော်လည်း မသိသာခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများ အရ သိရသည်။
S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဇွန်လတွင် လုပ်ကိုင်မှုအခြေ အနေများ အနည်းငယ်တိုးတက်လာခဲ့ကြော င်း အစီရင်ခံခဲ့ကြသည်။ သို့သော်လည်း ဇွန်လ တွင် ထုတ်လုပ်မှုရော အလုပ်နေရာများပါ အ သစ်တစ်ဖန်ကျဆင်းလာမှုကို အစီရင်ခံခဲ့ကြ ရာ စိုးရိမ်မှုများ ကြီးထွားလာနေခြင်းကို ယင်း ဒေတာက မီးမောင်းထိုးပြနေသည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်သူတို့အကြားမှာ ပစ္စည်းပေးသွင်းမှုဆိုင်ရာ အားနည်းမှုများကို တွေ့မြင်ရသည်။ အဓိက မီးမောင်းထိုးပြခဲ့ကြသည်မှာ ကုန်ကြမ်းပစ္စည်း များကို ရှာဖွေရာတွင်လည်းကောင်း၊ ဝယ်ယူ ရာတွင်လည်းကောင်း အခက်အခဲရှိနေပြီး ကုန်ကြမ်းမလုံလောက်မှုကြောင့် ပစ္စည်းပေး သွင်းမှုပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များမှာ လည်း ရှေ့ဆက်ပိုကြာလာခဲ့ကြောင်း၊ ထိုအ ချက်ကြောင့် ပစ္စည်းပေးသွင်းသူတို့၏တောင်း ဆိုခများ တိုးလာခဲ့ပြီး ငွေကြေးဖောင်းပွမှု ဖိအား ပေးမှုများကို တိုးလာစေခဲ့သည်ဟု စစ် တမ်းက ဆိုသည်။
ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းက နောက် ဆုံးတိုးတက်ထုတ်လုပ်မှုကို ဇွန်လတွင် အဓိ က ပံ့ပိုးပေးခဲ့သည်မှာ အော်ဒါအသစ်များ တိုး ရလာမှုဖြစ်သည်။ ယခုဆိုလျှင်ပင် ကုမ္ပဏီများ သည် နှစ်ဆန်းမှစပြီး လစဉ်တိုးတက်ထုတ် လုပ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြပြီး ပါဝင်ဖြေ ကြားသူအများစုတို့က စျေးဝယ်ဟောင်းများ ထံမှ ဝယ်လိုအားကြီးထွားလာမှု၊ စျေးဝယ်အ သစ်များ တွေ့ရှိလာမှုနှင့် စီမံကိန်းအသစ်များ စတင်မှုကို ထောက်ပြကြသည်။
မည်သို့ပင်ဖြစ်စေ ကုန်စည်ထုတ်လုပ် သူတို့သည် စစ်တမ်း၏နောက်ဆုံးလအတွင်း ထုတ်လုပ်မှုကို တိုးချဲ့ရန် ရုန်းကန်ခဲ့ကြရ ကြောင်း၊ စက်မှုထုတ်လုပ်မှု၏အညွှန်းကိန်းအ မှတ် ၅၀ ဒသမ ၀ ၏အောက်ဘက်တွင်ရှိနေ ခြင်းက ညွှန်ပြနေသည့်အတိုင်း ခြောက်လ အတွင်း ပထမအကြိမ် ကျဆင်းသွားခြင်းဖြစ် သည်။
ပါဝင်ဖြေဆိုသူအများစု ထောက်ပြခဲ့ ကြ သည့်အတိုင်းဆိုပါက နောက်ဆုံးလတွင် ထုတ်လုပ်မှုကျဆင်းခဲ့သည့်ရလဒ်မှာ ဝယ်လို အားအခြေအနေများ ပိုဆုတ်ယုတ်လာခဲ့ခြင်း ကြောင့်လည်းကောင်း၊ စွမ်းအင်၊ လုပ်အားနှင့် ကုန်ကြမ်းများ မလောက်ငမှုကြောင့်ဖြစ် ကြောင်း သိရသည်။
“ရှုပ်ထွေးနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး နောက်ခံများအကြားမှာ မြန်မာ့ထုတ်လုပ်ရေး ကဏ္ဍဟာ ဇွန်လမှာ ရှေ့ဆက်တိုးထုတ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အော်ဒါအသစ်တိုးရ လာမှုက စက်မှုကဏ္ဍကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး PMI အညွှန်းကိန်း ၅၀ ဒသမ ၄ မှာ ရှိနေခြင်းက ထင်ဟပ်ပြသနေတဲ့ အတိုင်းဆိုရင် ပစ္စည်းပေးသွင်းမှု ကန့်သတ် ချက်တွေက နောက်ကို ဆွဲနေချိန်မှာ ကုမ္ပဏီ များဟာ ထုတ်လုပ်မှုကိုတိုးရန် လုံးပမ်းနေကြ ရပါတယ်။ အဲဒါအပြင် ဇွန်လဒေတာက အလုပ် နေရာ များပါ တစ်ဟုန်ထိုးကျဆင်းလာ မှုကို ညွှန်ပြနေ ပြီး ထုတ်လုပ်သူတို့အနေနဲ့ ဝန်ထမ်းတွေကို လုပ်ငန်းမှာ ဆက်လက်ထိန်း ထားဖို့ အခက်အခဲတွေရှိနေပါတယ်။ ဖြေ ကြားခဲ့သူအများအပြားတို့က အလုပ်က နုတ် ထွက်မှုတွေကြောင့် အလုပ်သမားဦးရေ ထပ် ကျလာခဲ့ရခြင်းကို အ စီရင်ခံကြတယ်။ ငွေ ကြေး ဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုတွေက မေလနောက်ပိုင်းမှာ အာ းပျော့လာခဲ့ပေမဲ့ အားကောင်းလျက်ရှိနေဆဲ ပါ”ဟု S&P Global Market Intelligence မှ စီးပွားရေး ပညာရှင် Maryam Baluch က သုံးသပ်ထားသည်။
အနာဂတ်ဆီ မျှော်မှန်းကြရာတွင် လုပ် ငန်းများသည် လာမည့် ၁၂ လကာလ၏ ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်း သိမ်းရှိကြကြောင်း စစ်တမ်းတွင် ဖော်ပြထား သည်။
“အနာဂတ်ကို ခန့်မှန်းရရင် စိန်ခေါ်မှု များနေပြီး ယုံကြည်စိတ်မှာမူ အသင့်အတင့်မျှ သာ အကောင်းသဘောကို ဆောင်နေပါတယ် “ဟု စီးပွားရေးပညာရှင် Maryam Baluch က သုံးသပ်ထားသည်။
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ် များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများ ကဏ္ဍအလိုက် ဆွေးနွေးပွဲကို ဇူလိုင် ၂ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် UMFCCI ၌ ကျင်းပပြီး ဆွေးနွေးခဲ့သည်။
UMFCCI ညီနောင်အသင်းအဖွဲ့များ မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများနှင့် ကဏ္ဍအလိုက် လို အပ်ချက်များအား တင်ပြဆွေးနွေးခဲ့ပြီး ပြည် ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအ လိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းနောက် နစကဥက္ကဋ္ဌက ဆွေးနွေး တင်ပြမှုများနှင့်ပတ်သက်၍ ပြောကြားရာ တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သည် အဓိကအားဖြင့် ရောင်းဝယ်မှုများ ဆောင်ရွက်သည့်အဖွဲ့ဖြစ်ကြောင်း၊ ထုတ်ကုန် ပစ္စည်းများရှိမှသာလျှင် ရောင်းဝယ်မှုများ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ထိုသို့ ရောင်း ချရာတွင် အရေအတွက်များများ ရောင်းချ နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် ထိုက်သင့် သည့်အမြတ်ဖြင့်သာ ရောင်းချရန်လိုအပ် သကဲ့သို့ နိုင်ငံ့အကျိုးအတွက်လည်းကြည့်၍ချိန်ဆဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံသည် ကုန်ပစ္စည်းထုတ်လုပ်မှုမရှိဘဲ ပြည် ပမှတင်သွင်းသည့် ထုတ်ကုန်ပစ္စည်းများကို သာ အားထားအသုံးပြုနေရသည့်နိုင်ငံဖြစ်သဖြင့် ထုတ်ကုန် များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပြည် ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက် ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများ တိုး မြှင့်နိုင်ရေးအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ် ငန်း (SME)များကို အားပေးဆောင်ရွက်ခဲ့ ကြောင်း၊ ပြည်တွင်းလိုအပ်ချက်များကို ပြည့်မီ အောင် ထုတ်လုပ်ပြီး ပိုလျှံလာပါက ပြည်ပသို့ တင်ပို့နိုင်သည်အထိပါ စီမံဆောင်ရွက်လျက် ရှိကြောင်း ၎င်းင်းကဆိုသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးဝိုင်းဝန်းဆောင် ရွက်နိုင်ရေးစဉ်းစား ဆောင်ရွက်စေလို ကြောင်း နှင့် အစိုးရပိုင်းအနေဖြင့်လည်းဆောင် ရွက်၍ ရသည်များကို တတ်နိုင်သမျှကူညီ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။











