ကိုရီးယားနှစ်နိုင်ငံအကြား ဘက်ပြောင်းခိုလှုံမှုများ

ကိုရီးယားနှစ်နိုင်ငံအကြား ဘက်ပြောင်းခိုလှုံမှုများ
Published 20 July 2023
​​​​​​​မေသုတ

Photo: AFP

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ၊ အရှိန်ပြင်းစွာ ကားတိုက်မှုများ၊ မိုင်းထောင်ထားသည့် ကွင်းပြင်များကိုဖြတ်၍ တစ်ဟုန်ထိုးပြေးခြင်းများ စသည့်အခြေအနေများ သည်မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်ကို ဖြတ် သန်းလာသောပြည်ပြေးများသည်အန္တရာယ် ရှိပြီး ထူးထူးခြားခြား ရှားပါးဖြစ်စဉ်ဖြစ်သည်။ သို့သော် အမေရိကန်စစ်သားတစ်ဦးသည် ယခုသီတင်းပတ်အတွင်း စစ်မဲ့ဇုန်ကိုဖြတ်၍ မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ သည်။

ကိုရီးယားနှစ်နိုင်ငံကြားရှိ နယ်စပ်သည်   အစောင့်အကြပ်တင်းကျပ်သော ခံတပ်ဖြစ် သည်။သို့သော် ပူးတွဲလုံခြုံရေးနယ်မြေ- JSA ဟုလူသိများသော ပန်မွန်ဂျွန်အပစ်အခတ် ရပ်စဲရေးရွာတွင် နှစ်ဘက်လုံးရှိ စစ်သားများ ရှိနေသော်လည်း အလွယ်တကူဖြတ်သန်း သွားလာနိုင်သည်။

အေအက်ဖ်ပီသတင်းဌာနက ဦးတည် ဘက် နှစ်ဘက်စလုံးတွင် နယ်စပ်ဖြတ်ကျော်မှု ဖြစ်စဉ်များကို စုစည်းဖော်ပြခဲ့သည်။

အမေရိကန်စစ်သား

အမေရိကန်စစ်သား ထရာဗစ်ကင်းသည် ထွက်ပြေးသွားခဲ့ပြီး နယ်စပ်ဖြတ်ကျော် ခဲ့ကာ မိမိဆန္ဒအလျောက် ခွင့်ပြုချက်မရှိဘဲ မြောက်ကိုရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ သည်ဟု အမေရိကန်တာဝန်ရှိသူများကပြော ကြားခဲ့သည်။

ကင်းသည် ကိုယ်ထိလက်ရောက်တိုက် ခိုက်မှုစွဲချက်များဖြင့် ထောင်ဒဏ်နှစ်လနီးပါး ချမှတ်ခံခဲ့ရပြီးနောက် ဇူလိုင် ၁၀ ရက်က တောင်ကိုရီးယားအကျဉ်းထောင်မှ လွတ် မြောက်ခဲ့သူဖြစ်သည်ဟု တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကင်းသည် လွန်ခဲ့သည့်နှစ်အောက်တို ဘာလက ဆိုးလ်မြို့တော်၏ မာပိုဒေသတွင် လှည့်ကင်းရဲတပ်ဖွဲ့၏ မော်တော်ယာဉ်နောက် တံခါးကို ထပ်တလဲလဲ ကန်ကျောက်ခံသည် ဟု သံသယရှိပြီး ရဲတပ်ဖွဲ့က ၎င်းကိုဖမ်းဆီး ချိန်တွင် ညစ်ညမ်းသောစကားလုံးများဖြင့် အော်ဟစ်ခဲ့သည်ဟု ယွန်ဟပ်သတင်းတွင် ဖော်ပြထားသည်။

သူသည် စက်တင်ဘာလက ကိုရီးယား နိုင်ငံသားတစ်ဦးကို လက်သီးဖြင့်ထိုးမှုသံ သယရှိသူလည်းဖြစ်သည်ဟုဆိုသည်။

ရာထူးနိမ့်စစ်သားတစ်ဦးဖြစ်သည့် ကင်း ကို စည်းကမ်းထိန်းသိမ်းရေးအကြောင်းပြ ချက်များဖြင့်အမေရိကန်သို့ အစောင့်အကြပ် ဖြင့်ပြန်ပို့ရန် ကြိုးပမ်းခဲ့သော်လည်းသူသည် လေဆိပ်မှ ထွက်ပြေးပြီး ခရီးသွားအဖွဲ့တစ်ဖွဲ့ နှင့် ပူးပေါင်းခဲ့သည်ဟု အမေရိကန်တာဝန်ရှိ သူများ၏ပြောကြားချက်ကို ကိုးကား၍CBS သတင်းတွင်ဆိုသည်။

ကင်းကို မြောက်ကိုရီးယားက ထိန်းသိမ်း ထားမည်ဟုယူဆပြီး ယင်းဖြစ်စဉ်ကိုဖြေရှင်း ရန် မြောက်ကိုရီးယားစစ်တပ်နှင့် လက်တွဲ လုပ်ဆောင်နေသည်ဟု ကုလသမဂ္ဂဌာနချုပ် ကပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားစစ်သား

၂၀၁၇ ခုနှစ်က ရာထူးနိမ့်မြောက်ကိုရီး ယားစစ်သားတစ်ဦးသည် အစောင့်အကြပ် တင်းကျပ်စွာချထားသော နယ်စပ်ကိုအရှိန် ဖြင့် မောင်းနှင်လာကာ ပစ်ခတ်မှုများအကြား မှ ပန်မွန်ဂျွန်ကိုဖြတ်ကျော်ကာ တစ်ဟုန်ထိုး ပြေးလာခဲ့သည်။

အသက် ၂၄ နှစ်အရွယ် အိုးချောင်ဆွန်း အမည်ရှိ စစ်သားသည် နေ့အချိန်တွင်နယ် စပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းချိန်၌မြောက် ကိုရီးယားအစောင့်များက အကြိမ်ပေါင်းများ စွာပစ်ခတ်ခဲ့ပြီး သူသည်တောင်ကိုရီးယား ဘက်ခြမ်းရှိ အဆောက်အအုံတစ်ခုအနီးတွင်  အကာအကွယ်ယူခဲ့သည်။

သူသည် ထွက်ပြေးလာချိန်တွင်သေနတ် ဒဏ်ရာများစွာရရှိခဲ့ပြီး ခွဲစိတ်မှုအကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့ရသည်။

နောက်ပိုင်း၌ အိုးသည် တောင်ကိုရီးယား ရုပ်သံအစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့ပြီးယင်း အစီအစဉ်၌ သူသည် တောင်ကိုရီးယား၏သီချင်းများကို နားထောင်ပြီးယဉ်ကျေးမှုများ ကိုသဘောကျနှစ်သက်၍ကြီးပြင်း လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားမှထွက်ပြေး လွတ်မြောက်ရန် အိပ်မက်မက်ခဲ့ကြောင်းပြော ကြားခဲ့သည်။

ဆိုဗီယက်ကျောင်းသား

၁၉၈၄ ခုနှစ်က ဆိုဗီယက်ကျောင်းသား တစ်ဦးသည် တောင်မြောက်နှစ်ဘက်ကြားမိ နစ် ၃၀ ကြာ ဖြစ်ပွားသည့်ပစ်ခတ်မှုအတွင်း နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးလာခဲ့ယင်း ပစ်ခတ်မှုအတွင်းမြောက်ကိုရီးယားစစ်သား သုံးဦးနှင့် တောင်ကိုရီးယားစစ်သားတစ်ဦး သေဆုံးခဲ့သည်။

မော်စကိုနိုင်ငံတကာဆက်ဆံရေးဌာန မှ ကျောင်းသားတစ်ဦးဖြစ်သည့် ဗက်စီလီယာ ကိုလီဗစ်ချ်မာတူဇော့သည် မြောက်ကိုရီးယား ရှိ အဆောက်အအုံများကို လေ့လာသည့်ခရီး စဉ်တစ်ခုတွင် ပါဝင်ခဲ့သည်။

ယင်းခရီးသွားအဖွဲ့၏တစ်စိတ်တစ်ဒေ သအဖြစ် ဆိုးလ်မြို့တော်၏ kookmin တက္ကသိုလ်မှပါမောက္ခ အန်ဒရီးလန်ကော့ဗ်၏ပြောကြားချက်အရ မာတူဇော့က သူသည် တောင်ကိုရီးယားဘက်ခြမ်းသို့ မထွက်ပြေးမီ ၎င်းကိုဓာတ်ပုံရိုက်ပေးရန် အခြား ကျောင်း သားများအား တောင်းဆိုခဲ့သည်ဟုဆိုသည်။

မြောက်ကိုရီးယားအစောင့်များက၎င်းင်း ကိုဖမ်းဆီးရန်ကြိုးပမ်းခဲ့ပြီး ၎င်းင်းတို့၏လက် နက်များဖြင့် ပစ်ခတ်ခဲ့ပြီး ယင်းသည်သမိုင်း တွင် ပူးတွဲလုံခြုံရေးနယ်မြေ၌ဖြစ်ပွားသည့် သွေးစွန်းတိုက်ပွဲများမှတစ်ခုဖြစ်လာခဲ့သည်။

ဒဏ်ရာရရှိခြင်းမရှိသောမာတူဇော့က ယင်းသည်အနောက်နိုင်ငံသို့ ထွက်ပြေးရန် ၎င်းင်း၏ပထမဆုံးအခွင့်အရေး ဖြစ်ခြင်းကြောင့် ထိုသို့ပြုလုပ်ခဲ့မိသည်ဟု နောက်ပိုင်းတွင်အ မေရိကန်အရာရှိများကို ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားသတင်းထောက်

၁၉၆၇ ခုနှစ်တွင် ပူးတွဲလုံခြုံရေးနယ်မြေ ကို ဖြတ်သန်း၍ ထွက်ပြေးလာခဲ့သောမြောက် ကိုရီးယားသတင်းထောက်တစ်ဦးကြောင့် နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

မြောက်ကိုရီးယား၏ နိုင်ငံပိုင် KCNA သတင်းအေဂျင်စီ၏ ဒု ဥက္ကဋ္ဌ လီဆူးကွမ်သည် ကုလသမဂ္ဂနှင့် မြောက်ကိုရီယားအကြား ဆွေးနွေးမှုများပြုလုပ်သည့် သတင်းကို ရယူ နေချိန်တွင် အမေရိကန်အရာရှိတစ်ဦးက ၎င်းအား ဘက်ပြောင်းခိုလှုံရန် ကူညီပေးမည် ဟု ပြောကြားခဲ့သည်။

၎င်း၏ ဘက်ပြောင်းခိုလှုံမှုသည် တောင် ကိုရီးယားအတွက် ၀ါဒဖြန့်အကြောင်းအရာ တစ်ခုဖြစ်ခဲ့ပြီး လီသည် တောင်ကိုရီးယား တွင်သူရဲကောင်းဆန်ဆန် ကြိုဆိုခံရကာ အိမ်၊ ကား၊ ငွေကြေးနှင့် အခြား လက်ဆောင် များ ရရှိခဲ့သည်။

သို့သော် နှစ်နှစ်အကြာတွင် လီသည် တောင်ကိုရီးယားတွင် နေထိုင်ရသည်ကို မပျော်ရွှင်တော့ဘဲ နိုင်ငံအတွင်းမှ ရုပ်ဖျက်ပြီး ထွက်ခွာရန်ကြိုးပမ်းချိန်တွင် ဖမ်းဆီးခံခဲ့ရ သည်။

ထို့နောက် ၎င်းအား မြောက်ကိုရီးယား အတွက် သူလျှိုလုပ်ပေးမှုစွဲချက်ဖြင့် သေဒဏ် ချမှတ်ကာ စီရင်ကွပ်မျက်ခဲ့သည်။ ၂၀၁၈ ခု နှစ်တွင်မူ ဆိုးလ်တရားရုံးက ယင်းအမှုတွင် လီသည် လုပ်ဇာတ်ခင်းခံရသည့် စွဲချက်များ ဖြင့် မှားယွင်းစွာ ကွပ်မျက်ခံခဲ့ရသည်ဟု စီရင်ချက် ချမှတ်ခဲ့သည်။

 

အမေရိကန် စစ်သား

၁၉၆၂ ခုနှစ်က အသက် ၂၁ နှစ်အရွယ် အမေရိကန် စစ်သား ဂျိမ်းစ် ဂျိုးဆက် ဒရက်စ် နော့သည် စစ်မဲ့ဇုန်ကို ဖြတ်ပြီး မြောက်ကိုရီး ယား၏ နယ်စပ်ကျေးရွာ ကီဂျွန်ဒွန်ကို ထွက် ပြေးသွားခဲ့သည်။ ယင်းအချိန်က သူသည် သူ့ဇနီးနှင့် ကွာရှင်းထားပြီး စစ်ခုံရုံးတွင် တ ရားရင်ဆိုင်နေရချိန်ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင်မူ သူ့သားနှစ်ဦးသည် မြောက်ကိုရီးယားစစ်တပ်ယူနီဖောင်းများ ဝတ်ဆင်ပြီး မြောက်ကိုရီးယားလေသံဖြင့် စကားပြောခဲ့ကာ ဖခင်ဖြစ်သူ သေဆုံးကြောင်း အတည်ပြုထားသည့် ဗီဒီယိုတစ်ခုကို ၀ါဒ ဖြန့် ဝက်ဘ်ဆိုက်တစ်ခုတွင် တင်ခဲ့သည်။

ဒရက်စ်နော့သည် မြောက်ကိုရီးယား တွင် နေထိုင်ခဲ့ချိန်အတွင်း မြောက်ကိုရီးယား ရုပ်ရှင်များထဲတွင် အမေရိကန်ဗီလိန်တစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီး ယား၏ နာမည်ကြီးအနုပညာရှင်တစ်ဦး ဖြစ် ခဲ့သည်။                                Ref: AFP

Most Read

Most Recent