အထွေထွေကုန်ပစ္စည်းများ၊ အခြေခံ စားသောက်ကုန်များ စျေးနှုန်းမြင့်တက်ကာ ပညာရေး၊ကျန်းမာရေးစသည်ဖြင့် စရိတ်စက များလည်း ဆက်တိုက်ဆိုသလို မြင့်တက်လျက် ရှိသည်။
“အရင်က ဟင်းတစ်ပွဲ ၁၅၀၀ နဲ့ရောင်း တဲ့ဆိုင်က အခုဆိုရင် တစ်ပွဲ ၂၀၀၀၊ အမဲနှပ် ဆိုရင် ၂၅ဝဝအထိဖြစ်သွားပြီ။ ပဲဟင်းအရည် သောက်တစ်ပွဲကို ၇၀၀၊ ငါးရာဖိုးယူရင်တော့ ရောင်းပေးပါတယ်”ဟု သာကေတမြို့နယ်အတွင်းရှိ ထမင်း၊ ဟင်းရောင်းချသောဆိုင်တွင် ဝယ်ယူခဲ့သူတစ်ဦးက ပြောပြသည်။
ပြင်ပအစားအသောက်အုပ်စုဖြစ်သည့် အကြော်စုံ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ၊ ခေါက်ဆွဲကြော်/ကြာဆံကြော်၊ ကြေးအိုး၊ ထမင်းနှင့် ဟင်း၊ ဒံပေါက်၊ လက်ဖက်ရည်/ကော်ဖီ၊ ရေခဲမုန့်စသည်ဖြင့် ကုန် စည်အား လုံး စျေးတက်နေခြင်းဖြစ်သည်။
ဘဏ္ဍာနှစ်တစ်နှစ်အတွင်း စားသုံးသူစျေးဆနှုန်း အခြေအနေ
၂၀၂၂-၂၀၂၃ ပထမသုံးလပတ်ဖြစ် သည့် ၂၀၂၂ ခုနှစ် ဧပြီမှ ဇွန်လအတွင်း စား သုံးသူစျေးဆနှုန်း CPI၁၉၉ ဒသမ ၅၀ ၊ ဒုတိယ သုံးလပတ်ဖြစ်သည့် ဇူလိုင်မှစက်တင် ဘာအထိ စားသုံးသူစျေးဆနှုန်း CPI ၂၂၁ ဒသမ ၇၃ ၊ တတိယသုံးလပတ်ဖြစ်သည့် အောက်တိုဘာမှ ဒီဇင်ဘာအတွင်း စားသုံး သူစျေးဆနှုန်း CPI၂၄၄ ဒသမ ၉၄၊ စတုတ္ထ သုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ စားသုံးသူစျေးဆနှုန်း CPI ၁၇၆ ဒသမ ၅၉ ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံး သူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။
သုံးလပတ်စာရင်းများအရ စတုတ္ထသုံး လပတ်အတွင်း အထွေထွေကုန်ပစ္စည်းအုပ် စု၏ စျေးဆနှုန်းမှာ ပထမသုံးလပတ်အတွင်း ၂၀၁ ဒသမ ၂၀၊ ဒုတိယ သုံးလပတ်အတွင်း ၂၃၁ ဒသမ ၁၂၊ တတိယ သုံးလပတ်အတွင်း ၂၅၉ ဒသမ ၈၉၊ စတုတ္ထ သုံးလပတ်အတွင်း ၂၁၄ ဒသမ ၈၃ ဖြစ်ပေါ်ခဲ့သည်။ ယင်းအုပ်စု တွင် ဆံပင်ညှပ်ခ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မုတ်ဆိတ်ရိတ်ဓား၊ ထီး အစရှိသဖြင့် အထွေထွေကုန်ပစ္စည်းများ စျေး နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။
သယ်ယူပို့ဆောင်ရေးအုပ်စု၏စျေးဆ နှုန်းမှာ ပထမသုံးလပတ်အတွင်း ၁၈၇ ဒသမ ၄၅၊ ဒုတိယသုံးလပတ်အတွင်း၂၀၀ ဒသမ ၁၂၊ တတိယသုံးလပတ်အတွင်း ၂၁၁ ဒသမ ၇၃၊ စတုတ္ထသုံးလပတ်အတွင်း ၂၁၂ ဒသမ ၀၆ ဖြစ်ပေါ်ခဲ့သည်။ စက်သုံးဆီစျေးနှုန်းများ ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် ဧပြီ ၂၃ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ၂၂၁၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် ၁၉၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၁၉၈၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၃ ခု နှစ် မတ် ၂၄ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၁၀၀ ၊ အောက်တိန်း 92 တစ် လီတာ လျှင် ကျပ်၂၁၀၀၊ အောက်တိန်း 95 တစ်လီ တာလျှင် ၂၁၉၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ပထမသုံးလပတ်အတွင်း၂၁ဝဒသမ ၀၇၊ ဒု တိယသုံးလ ပတ်အတွင်း၂၃၈ ဒသမ ၇၈၊ တ တိယ သုံးလပတ်အတွင်း ၂၆၆ ဒသမ ၁၄၊ စတုတ္ထ သုံးလပတ်အတွင်း ၁၇၅ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။
“ဆန်ထဲမှာ ရွှေဘိုပေါ်ဆန်းဆိုရင် မေ ပထမပတ်ထဲမှာ ဝယ်တာ ခြောက်ပြည်အိတ် ကလေးတစ်အိတ်ကို ၃၀၅၀၀၊ အခု မနေ့က သွားဝယ်တာ ၃၁၅၀၀ တဲ့။ ဆိုတော့ မေလထဲ မှာ ၁၂၂ဝဝဝရှိတဲ့ ရွှေဘိုပေါ်ဆန်း တစ်အိတ် က အခုဇူလိုင်လဆန်းထဲမှာ ၁၂၆၀၀၀ ဖြစ် သွားပြီ။ တစ်အိတ်ကို ၄၀၀၀ တက်သွားတာ”ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ အိမ်ရှင်မ တစ်ဦးက ပြောကြားသည်။
ကျန်းမာရေးအုပ်စု၏ စျေးဆနှုန်းမှာ ပထမသုံးလပတ်အတွင်း ၂၀၁ ဒသမ ၆၂၊ ဒုတိယ သုံးလပတ်အတွင်း၂၁၃ ဒသမ ၈၈၊ တတိယ သုံးလပတ်အတွင်း ၂၃၄ ဒသမ ၆၃၊ စတုတ္ထ သုံးလပတ်အတွင်း ၁၇၈ ဒသမ၅၀ ဖြစ်ပေါ်ခဲ့သည်။ ကျန်းမာရေးအုပ်စုတွင်ပါ ဝင်သည့် ဆေးစျေးနှုန်း၊ ဆေးရုံဆေးခန်းများ ၏ စမ်းသပ်ခ၊ ဆေးရုံစရိတ်စကများလည်း မြင့်တက်လျက်ရှိသည်။
အဝတ်အထည်အုပ်စု၏ စျေးဆနှုန်းမှာ ပထမသုံးလပတ်အတွင်း ၁၄၅ ဒသမ ၀၈၊ ဒုတိယ သုံးလပတ်အတွင်း ၁၅၂ ဒသမ ၆၄၊ တတိယ သုံးလပတ်အတွင်း ၁၆၉ ဒသမ ၅၇၊ စတုတ္ထ သုံးလပတ်အတွင်း ၁၄၄ ဒသမ ၀၄ ဖြစ်ပေါ်ခဲ့သည်။
ဆက်သွယ်ရေးအုပ်စု၏ စျေးဆနှုန်းမှာ ပထမသုံးလပတ်အတွင်း ၁၀၄ဒသမ ၂၅၊ ဒုတိယ သုံးလပတ်အတွင်း၁၀၅ ဒသမ ၀၆၊ တတိယ သုံးလပတ်အတွင်း ၁၀၆ ဒသမ ၉၃၊ စတုတ္ထသုံးလပတ်အတွင်း ၁၂၂ ဒသမ ၈၀ ဖြစ်ပေါ်ခဲ့သည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက် ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆ နှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်တွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်းပြန် လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ တွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၆၁ ဒသမ ၃၃ ရှိခဲ့သည်။ ဇွန်တွင် ၁၆၀ ဒသမ ၉၈ ရှိခဲ့ပြီး ဒီဇင်ဘာတွင် ၁၆၂ ဒသမ ၉၄ ဖြစ် ပေါ် ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၆၂ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဇွန်တွင် ၁၇၀ ဒသမ ၁၃၊ ဇူလိုင်၌ ၁၇၁ ဒသမ ၆၃၊ သြဂုတ်တွင် ၁၇၂ ဒသမ ၉၂၊ စက်တင်ဘာတွင် ၁၇၄ ဒသမ ၉၇၊ အောက်တိုဘာတွင် ၁၇၉ ဒသမ ၂၀၊ နိုဝင် ဘာတွင် ၁၈၁ ဒသမ ၇၂၊ ဒီဇင်ဘာတွင် ၁၈၃ ဒသမ ၅၁အထိ မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၁၈၄ ဒသမ ၈၉၊ ဖေဖော် ၀ါရီတွင် တစ်နိုင်ငံလုံးအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၈၆ ဒသမ ၈၂ ၊ မတ်တွင် ၁၉၂ ဒသမ ၇၁ ၊ ဧပြီတွင် ၁၉၆ ဒသမ ၀၁၊ မေတွင် ၁၉၉ ဒသမ ၃၁၊ ဇွန်တွင် ၂၀၃ ဒသမ ၁၈ အထိ ရှိလာခဲ့သည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်း လဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင် ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ် ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ် ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူ စျေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာ အုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစား အစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန် ထားခဲ့သည်။
လက်ရှိအချိန်တွင်မူ စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်လျက် ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ သိရသည်။
စားသုံးသူစျေးဆနှုန်း CPI ကို အချိန်ကာလအလျောက် စျေးနှုန်းပြောင်း လဲမှုနှင့် စားသုံးသူပုံစံပြောင်းလဲမှုကို တိုင်း တာနိုင်ရန် တွက်ချက်ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက် ရာတွင် အဓိကအသုံးပြုသည်။
မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုအခြေအနေ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံး လပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင် နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း annual rate of inflation မှာ ၁၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်ပြီး နှစ် အလိုက်ငွေကြေးဖောင်းပွမှုနှုန်း year on year inflation မှာ ၁၈ ဒသမ ၄၆ ရာခိုင်နှုန်း ဖြစ်သည်။ ဒုတိယသုံးလပတ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း annual rate of inflation မှာ ၂၇ ဒသမ ၉၈ ရာခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း year on year inflation မှာ ၂၈ ဒသမ ၀၄ ရာခိုင်နှုန်းဖြစ်သည်။ တတိယသုံးလပတ် အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိသည်။ စတုတ္ထသုံးလ ပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေ ကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၀ ရာခိုင် နှုန်းရှိသည်။
လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင် နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီ တွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊ မေတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင် နှုန်း၊ ဇူလိုင်တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ သြ ဂုတ်တွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင် ဘာတွင် ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တို ဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာ တွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါ ရီတွင် ၇ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ဧပြီတွင် ၁၀ ဒသမ ၇၂ ရာခိုင်နှုန်း၊ မေတွင် ၁၁ ဒသမ ၇၉ ရာခိုင်နှုန်း၊ ဇွန်တွင် ၁၂ ဒသမ ၉၃ ရာခိုင်နှုန်းအထိ ဖြစ် ပေါ်ခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တို ဘာမှ ဒီဇင်ဘာအထိ ပထမသုံးလပတ်ကာ လအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း မှာ ၁၁ ဒသမ ၃၉ ရာခိုင် နှုန်းဖြစ်သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဇန်နဝါရီမှ မတ်လအထိ ဒုတိယသုံးလပတ်ကာလအ တွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွ မှုနှုန်း annual rate of inflation မှာ ၁၅ ဒသမ ၀၅ ရာခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေ ကြေးဖောင်းပွမှုနှုန်း year on year inflation မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့် နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁ ဒသမ ၀၈ ရာခိုင် နှုန်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက် အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စတုတ္ထသုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။
၂၀၂၃ ခုနှစ် ဇွန် ၂၇ ရက်က ထုတ်ပြန်ခဲ့ သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်မူ ပျမ်း မျှ နှစ်စဉ် ငွေကြေးဖောင်းပွမှုကို သက်သာစေ ရန် ခန့်မှန်းထားပြီး ယခင်နှစ်က ၁၈ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ကုန်တွင် ၁၄ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ထပ်မံကျဆင်းလာဖွယ်ရှိ ကြောင်း ခန့်မှန်းထားသည်။
ပြီးခဲ့သည့် ခြောက်လတာကာလအ တွင်း ငွေလဲနှုန်းသည် တည်ငြိမ်ခဲ့ပြီး အစား အသောက်နှင့် လောင်စာဆီစျေးနှုန်းများ ဖောင်းပွလာပြီး ထုတ်လုပ်မှုနှင့် အမှာစာများ မြင့်တက်လာကာ ဒေသထွက်ကုန်များ ရောင်းချမှုလည်း တက်လာသည်ဟု သိရ သည်။ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု ပမာဏ မြင့်တက်လာခြင်း၊ လယ်ယာထွက် ကုန်များ အားနည်းလာသော်လည်း လယ် ယာထွက်ကုန်စျေးနှုန်းများ မြင့်တက်လာကာ သွင်းအားစု ကုန်ကျစရိတ်များ သက်သာလာ ခြင်းကြောင့် အမြတ်အစွန်းများ တိုးတက်လာ ကာ လာမည့်ရာသီများတွင် ထုတ်လုပ်မှု ပိုမို မြင့်မားလာမည်ဟု အကြံပြုထားသည်။
အခြားတစ်ဖက်တွင်မူ လျှပ်စစ်ဓာတ် အားပြတ်တောက်မှု၊ ပဋိပက္ခနှင့် ထောက်ပံ့ပို့ ဆောင်ရေး ပြတ်တောက်မှုများသည် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ညွှန်ကိန်းများ လွန်စွာအား နည်းနေကြောင်း ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ် ရေးလုပ်ငန်းများသည် လျှပ်စစ်မီးလုံလောက် စွာမရရှိဘဲ လိုအပ်မှုများ မြင့်တက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်း မွန်ရေးအတွက် နိုင်ငံခြားငွေလဲနှုန်းလိုအပ် မှုများ၊ သွင်းကုန်ကန့်သတ်ခြင်းများနှင့် လျှပ် စစ်မီးလိုအပ်ချက်များက အတားအဆီးအ ဟန့်အတားဖြစ်လျက်ရှိနေကြောင်းလည်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။
■











