မြန်မာ၊ ကမ္ဘာ့ကိုဗစ်နှင့် အေအိုင် 

မြန်မာ၊ ကမ္ဘာ့ကိုဗစ်နှင့် အေအိုင် 
Published 15 July 2023
ဒေါက်တာလွင်သန့်

လူသားတွေ ၂၁ ရာစုမှာ မကြုံစဖူး ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့လူသား ခုနစ်သန်း ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်ဇူလိုင် ၁၃ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်သူ ၆၉၁ သန်း၊ ကိုဗစ်ကြောင် သေဆုံး ၆ ဒသမ ၈၉ သန်းရှိပြီး မြန်မာနိုင်ငံမှာကိုဗစ်ဖြစ်သူ ၆၄၀၈၄၂ ဦး၊ ကိုဗစ်ကြောင့်သေဆုံးသူ(၁၉၄၉၄ ဦးရှိခဲ့ပြီဖြစ်တယ်။ WHO အကြီးအကဲကတော့လူသားသန်း ၂၀ လောက်သေဆုံးသွားနိုင်တယ်ဆိုပါတယ်။ လူတွေဘယ်လိုဖြစ်သွားသလဲဆိုတော့ကျန်းမာရေးအသိ ပိုရှိလာသလို အောင်မြင်မှုတွေ ဆာလောင်လာကြပါတယ်။ ဝင်ငွေရှာလာကြပါတယ်။    နိုင်ငံတကာလေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနဲ့မြန်မာနိုင်ငံဝင်ရောက်ကြမယ့်ခရီးသွားများအနေနဲ့ ကျန်းမာရေးကြေညာချက်ကိုမြန်မာနိုင်ငံဆိုက်ရောက်ချိန်မှာသက်ဆိုင်ရာဝင်ထွက်ဂိတ်ရှိကျန်းမာရေးအရာရှိများထံတင်ပြဖို့လိုအပ်မှာဖြစ်ကြောင်းသိရပါတယ်။နိုင်ငံခြားသားခရီးသွားများအနေနဲ့ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအာမခံဝယ်ယူထားကြောင်း အထောက်အထားကို သက်ဆိုင်ရာ ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံ တင်ပြကြရမယ်ဆိုပါတယ်။

နိုင်ငံခြားခရီးသွားများအတွက်သက်ဆိုင်ရာနိုင်ငံအစိုးရ၊ ကျန်းမာရေးအာမခံလုပ်ငန်းများထံမှလည်းကောင်း၊ နိုင်ငံတကာအသိအမှတ်ပြုကျန်းမာရေးအာမခံလုပ်ငန်းများထံမှလည်းကောင်း၊ ကိုဗစ်ဆိုင်ရာကျန်းမာရေးအာမခံအပါအဝင်ကျန်းမာရေးအာမခံဝယ်ယူထားကြောင်းအထောက်အထားတင်ပြနိုင်ပါကမြန်မာ့အာမခံလုပ်ငန်းများထံမှကျန်းမာရေးအာမခံဝယ်ယူထားခြင်းကိုကင်းလွတ်ခွင့်ပြုမှာဖြစ်ကြောင်းသိရပါတယ်။အဆိုပါကျန်းမာရေးအာမခံဝယ်ယူထားကြောင်းအထောက်အထားမတင်ပြနိုင်ပါကမြန်မာ့အာမခံလုပ်ငန်းများထံမှ ကိုဗစ်ဆိုင်ရာကျန်းမာရေးအာမခံဝယ်ယူရမှာဖြစ်ကြောင်း သိရပါတယ်။

ခရီးသွားများအနေနဲ့မြန်မာနိုင်ငံဆိုက်ရောက်ချိန်မှာသက်ဆိုင်ရာဝင်၊ ထွက်ဂိတ်၊ကျန်းမာရေးအရာရှိများကဆောင်ရွက်တဲ့ကိုယ်အပူချိန်တိုင်းတာခြင်းနဲ့လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးခြင်းကိုခံယူရမှာဖြစ်ကြောင်းသိရပါတယ်။

ခရီးသွားတွေမှာ အပူချိန်မြင့်မားတတ်ခြင်းအပါအဝင်ကိုဗစ်ရောဂါလက္ခဏာများတွေ့ရှိရပါကအာဒီတီ(RDT rapid diagnostic test)နည်းနဲ့စစ်ဆေးကာကိုဗစ်ရှိကြောင်းတွေ့ရှိရင် ကျန်းမာရေးအစီအမံများနဲ့အညီချက်ချင်း သီးခြားထားရှိမှာဖြစ်ပြီးကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားတဲ့ဆေးရုံ(သို့မဟုတ်) ကုသရေးစင်တာ (သို့မဟုတ်) ဟိုတယ်ကိုလွှဲပြောင်းပို့ဆောင်ကာကုသမှုခံယူရမှာဖြစ်ပြီး ခရီးသည်များအနေနဲ့ အဆိုပါကုန်ကျစရိတ်များကိုကျခံရမှာဖြစ်ကြောင်းသိရပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေနဲ့ခရီးအချိန်ဇယားကြည့်ရှုရန်နဲ့ဈေးနှုန်းကြည့်ရှုရန်(www.flymna.com/booking/vues flight selection aspx)နဲ့ (www.flymna.com/planat.rip.flight schedule)တို့မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ကြောင်းသိရပါတယ်။မြန်မာလေကြောင်းလိုင်းကနေ့စဉ်ပျံသန်းနေတဲ့ ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကိုအမေရိကန်ဒေါ်လာ ၃၃၇ မှစတင်ရောင်းချပေးနေပြီး တနင်္ဂနွေ၊အင်္ဂါနဲ့သောကြာနေ့တွေမှာနှစ်ကြိမ်ပျံသန်းနေကြောင်းသိရပါတယ်။

 မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကိုနေ့စဉ်တစ်ကြိမ်ပျံသန်းပြေးဆွဲပေးနေပြီးအသွားခရီးစဉ်တစ်ကြောင်းစာကိုအမေရိကန်ဒေါ်လာ၁၇၅၊အသွားပြန်ခရီးစဉ်အမေရိကန်ဒေါ်လာ၃၃ရစတင်ပြီး ပျံသန်းနေခြင်းပဲဖြစ်ပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကိုတစ်ပတ်မှာသုံးကြိမ်ဗုဒ္ဓဟူး၊သောကြာနဲ့တနင်္ဂနွေတို့မှာပျံသန်းနေပြီး ၁၇၉ ဒေါ်လာမှစတင်ဝယ်ယူနိုင်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့မိုဘိုင်းအပလီကေးရှင်းကိုအသုံးပြုပြီးနှစ်သက်ရာခရီးစဉ်ရဲ့အချက်လက်များကိုကြည့်ရှုနိုင်မယ့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုနဲ့ငွေပေးချေမှုများပါပြုလုပ်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။

တာဝန်ကိုယ်စီရှိသလို ဦးဆွေးဆံမြည့်ထမ်းဆောင်ဖို့လိုအပ်ပါတယ်။ လူတွေမှာတာဝန်နှစ်မျိုးနှစ်စားရှိကြတယ်။ အဆင့်ဆင့်ညွှန်ကြားလာလို့လုပ်ဆောင်ရတဲ့တာဝန်နဲ့ကိုယ်အသိစိတ်နဲ့ပြုလုပ်ကြတဲ့တာဝန်ပဲဖြစ်ပါတယ်။ တာဝန်သိသူတွေရဲ့တာဝန်ကျေပွန်မှုကြောင့်လူ့ဘောင်လောကကြီးဖွံ့ဖြိုးတိုးတက်လာပါတယ်။ ကိုဗစ်ကပ်ရောဂါကပြန်လာနိုင်ပါတယ်။ လူတိုင်းမှာ တာဝန်ကိုယ်စီရှိကြပါတယ်။ မိသားစုတာဝန်ကအစ ကျောင်းသူကျောင်းသားတာဝန်၊ လူငယ်တာဝန်၊ လုပ်ငန်းခွင်တာဝန်၊ရပ်ရွာတာဝန်တို့အလယ်၊ အမျိုးသားရေးတာဝန်၊ နိုင်ငံတာဝန်အဆုံးတာဝန်ကိုယ်စီရှိကြပါတယ်။ ဘယ်လိုတာဝန်ပဲဖြစ်ဖြစ်၊အားနာလို့မကောင်းတတ်လို့လုပ်တာမဟုတ်၊အမိန့်ညွှန်ကြားချက်နဲ့လည်းမဆိုင်၊အာဏာနဲ့လည်းမပတ်သက်ဘဲ ကိုယ့်နှလုံးသားထဲကလှိုက်လှိုက်လှဲလှဲဖြစ်ပေါ်တတ်တဲ့အသိစိတ်ဓာတ်နဲ့ဆောင်ရွက်ခြင်းကသာ ပိုမိုလျော်ကန်သင့်မြတ်ပါတယ်။

ပုဂံခေတ်က နရသီဟပတေ့မင်းလက်ထက်မှာပုန်ကန်သူတွေကိုရာဇသင်္ကြန်စစ်သူကြီးကဦးဆောင်ပြီးတိုက်ခိုက်ခဲ့ကာအောင်မြင်ခဲ့ပါတယ်။ အဲဒီအကြောင်းကိုရာဇသင်္ကြန်ကသူ့ရဲ့သားငယ်အုတ်လှငယ်ကိုဘုရင်ကြီးထံအမြန်ဆုံးသွားရောက်သတင်းပို့ဖို့တာဝန်ပေးအပ်ပါတယ်။ မင်းကြီးရှေ့မှောက်အုတ်လှငယ် ရောက်လာတဲ့အခါဦးခေါင်းမှာပတ်ထားတဲ့မျက်နှာသုတ်ပဝါဖြေလိုက်တာနဲ့ဆံပင်တွေဟာဆွေးမြည့်ပြီး အထွေးအထွေးကျလာပါတယ်။ တိုက်ပွဲကာလတစ်လျှောက်လုံးအလွန်ပင်ပန်းဆင်းရဲကြာမြင့်ပြီး ခရီးကလည်းဝေးလွန်းပေမဲ့ မရပ်မနားဘဲအမြန်ပြန်လာသတင်းပို့တဲ့အတွက်ခုလိုဖြစ်ရတာ၊။ ဒါကိုဦးဆွေးဆံမြည့်တာဝန်ထမ်း

ဆောင်ခဲ့သူမျိုးရှိခဲ့ဖူးပါတယ်။

လိုက်နာတတ်သူတွေအတွက်စည်းကမ်းသတ်မှတ်ချက်ကမခက်ခဲလှပါဘူး။ အကွပ်မရှိတဲ့ကြမ်းပရမ်းပတာ၊ ပဲ့မပါတဲ့လှေ လိုရာမရောက်ဆိုတဲ့စကားအတိုင်းစည်းကမ်းမရှိတဲ့သူတွေဟာ ဘဝတစ်သက်တာမှာ အောင်မြင်မှုကိုမရနိုင်ပါဘူး။ ကိုယ့်ရည်မှန်းချက်ကိုလည်းမရောက်နိုင်ပါဘူး။စည်းကမ်းဆိုတာပိုင်းခြားခြင်း၊သတ်မှတ်ခြင်း၊ ထိန်းသိမ်းခြင်းတွေရဲ့သဘောဆောင်ပါတယ်။ လိုက်နာမယ်ဆိုရင်ကိုယ့်အတွက်၊ အများအတွက်အကျိုးရှိစေမယ့်သတ်မှတ်ချက်လည်းဖြစ်ပါတယ်။ဗုဒ္ဓရဲ့သားတပည့်ရဟန်းသံဃာတွေမှာ ဝိနည်းတော်ဆိုတဲ့စည်းကမ်းရှိပါတယ်။ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားမနဲ့ရာဇသတ်ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊လုပ်ထုံးလုပ်နည်း၊ အိမ်စည်းကမ်းတို့အဆုံး စည်းကမ်းအမျိုးမျိုးရှိကြပါတယ်။

လူတစ်ဦးချင်းရဲ့ စည်းကမ်းပျက်မှုဟာ လူ့အဖွဲ့အစည်းကို ထိခိုက်စေသလို လူ့အဖွဲ့အစည်းရဲ့စည်းကမ်းမဲ့မှုကလည်း နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံးအတွက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ တကယ်တော့စည်းကမ်းလိုက်နာတတ်တဲ့အလေ့အကျင့်ရှိသူတွေအတွက်စည်းကမ်းဆိုတာကြောက်လန့်စရာ၊ စိတ်ကျဉ်းကျပ်စရာမဟုတ်ပါဘူး။ဆင်ခြင်လိုက်နာရတဲ့အတွက်စိတ်ဒုက္ခရောက်စရာလည်းမရှိပါဘူး။

လိုရင်းပြောရရင်စည်းကမ်းဆိုတာအောင်မြင်တိုးတက်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အောင်မြင်တိုးတက်ချင်တဲ့သူတွေအနေနဲ ့နေရာတိုင်းမှာစည်းကမ်းကိုပထမ၊ စည်းကမ်းကိုဒုတိယ၊ စည်းကမ်းကိုတတိယထားရှိပြီး ဆင်ခြင်လိုက်နာဆောင်ရွက်သင့်ပါတယ်။

အမှန်တရားနဲ့သတ္တိဗျတ္တိရှိသင့်ပါတယ်။ ရဲရင့်တဲ့သူတွေအတွက်မဖြစ်နိုင်ဆိုတဲ့အရာမရှိဆိုတဲ့ပြင်သစ်စကားပုံတစ်ခုရှိပါတယ်။ ဥစ္စာပစ္စည်းဆုံးရှုံးသူဟာ အတော်များများဆုံးရှုံး၏။ သို့သော်သတ္တိဆုံးရှုံးလျှင်အကုန်ဆုံးရှုံးလေတော့သည်ဆိုပြီး စပိန်စာရေးဆရာကြီးဆာဗင်ကီကရေးသားခဲ့ဖူးပါတယ်။ သတ္တိနဲ့တွဲပြီးသုံးတဲ့ဝေါဟာရကဗျတ္တိဖြစ်တယ်။ သတ္တိ၊ ဗျတ္တိလို့သုံးပါတယ်။ ဗျတ္တိဆိုတာထင်ရှားစွာဖြစ်ပေါ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။အစွမ်းထင်ရှားဖြစ်ပေါ်ခြင်းဆိုတဲ့အနက်အဓိပ္ပာယ်ဆောင်ပါတယ်။

လူသားကိုဉာဏ်ရည်ကိုတုပပြီးစက်ရုပ်တွေကဇာတ်လမ်းများခင်းပြီး ဂီတသံစဉ်များဖန်တီးခြင်း၊ ပန်းချီဆွဲခြင်း၊ ဥပဒေနဲ့ဘာသာရေးကျမ်းများဖော်ထုတ်ခြင်းတို့မှာ လူသားတို့ထက်ပိုပြီးသာလွန်ကောင်းမွန်တယ်ဆိုရင်လူသားတွေအလုပ်လက်မဲ့ကျူးကျော်လူသားတွေဖြစ်လာနိုင်ပါတယ်။ ယခုဆိုရင် အေအိုင်တို့နဲ့ပတ်သက်လို့လူတို့ဥပမာပေးပြောဆိုနေကြတဲ့ကျောင်းသားများ၊ အဆိုပါနည်းလမ်းသုံးကာ စာစီစာကုံးရေးနိုင်တော့မယ်။ ကလေးများလုပ်လာရင်ကျောင်းပညာရေးစနစ်ဟာ ဘယ်စခန်းရောက်သွားနိုင်လဲ။

၂၀၂၄ ခုနှစ်မှာ ပြုလုပ်ဖို့ရှိတဲ့အမေရိကန်သမ္မတရွေးကောက်ပွဲစဉ်းစားကြည့်ကြရအောင်။ အေအိုင်ဟာ သူရဲ့ကိရိယာ၊ တန်ဆာပလာများထုတ်သုံးကာနိုင်ငံရေးကိစ္စများ၊ သတင်းအတုအယောင်များ ကျူအန်နရွန်ဆိုတဲ့တစ်ယူသန်ဂိုဏ်းဟာ "Q Drop" ဆိုတဲ့အမည်မသိအွန်လိုင်းမက်ဆေ့ပုံစံနဲ့လူအများအပြားကိုစုစည်းနိုင်ခဲ့ပါတယ်။ နောက်လိုက်နောက်ပါများကအဆိုပါ (Q Drop) ဆိုတာအထင်တကြီးနဲ့စုဆောင်းပြီး သမ္မတကျမ်းစာတစ်စောင်အလားအဓိပ္ပာယ်ဖွင့်ဆိုဖြန့်ဝေခဲ့ပါတယ်။    ကိုယ်သိရှိထားသမျှက ယခင်ကျူဒရော့များဟာ လူသားများရေးသားခဲ့ခြင်းဖြစ်ပြီး ဘော့များအကူအညီနဲ့ပြန့်ပွားအောင်လုပ်ခဲ့ခြင်းမျိုးသာဖြစ်ပါတယ်။နောက်ပိုင်းမှာအဆိုပါအရေးအသားမျိုးကိုအေအိုင်ကရေးပေးလာနိုင်ပြီး ပထမဆုံးဉာဏ်ရည်တုနည်းပညာနဲ့ဖန်တီးနိုင်ခဲ့တဲ့တစ်ယူသန်ဂိုဏ်းများထွက်ပေါ်လာနိုင်ဖွယ်ရှိနေပါတယ်။

နောက်ပိုင်းမှာစိတ်ဝင်စားဖွယ်မကောင်းလှလို့ယူဆထားတဲ့သန္ဓေသားဖျက်ချခြင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း၊ ရုရှားရဲ့ယူကရိန်းစစ်ပွဲစတဲ့အကြောင်းအရာတွေကိုအွန်လိုင်းမှာ ရှည်ရှည်ဝေးဝေးဆွေးနွေးပြောဆိုလာကြပါတယ်။ အေအိုင်က ဟန်ပြထုတ်နုတ်ချပြလာခြင်းလို့မယူဆဘဲ ကိုယ့်အချင်းချင်းတင်ပြလာတဲ့အကြောင်းအရာများလို့ယူဆလို့ဖြစ်ပါတယ်။ အေအိုင်ဘော့များက ချပြလာတဲ့သဘောတရားများနောက်လိုက်ပြီး အချိန်ကုန်ခံဆွေးနွေးနေကြတဲ့အဖြစ်ရောက်သွားပါတယ်။အေအိုင်ဟာ မိမိတို့အားလုံးအပေါ်ဩဇာသက်ရောက်နိုင်ဖို့၊ သူပြောလိုတဲ့အိုင်ဒီယာများကိုအသေအချာပြင်ဆင်ချပြလာမှာသာဖြစ်ပါတယ်။ အေအိုင်ဟာ ဘာသာစကားကိုဆရာတစ်ဆူအလားကျွမ်းကျင်ပိုင်နိုင်နေပြီး အေအိုင်ဟာ လူသားများနဲ့ရင်းနှီးတဲ့ဆက်ဆံရေးမျိုးတည်ဆောက်လာနိုင်ပါတယ်။ ကမ္ဘာရေးရမှာ၊ သိပ္ပံပညာများနဲ့ပတ်သက်လို့လက်ခံယုံကြည်ထားမှုများပြောင်းလဲသွားအောင်ကြံဆောင်လာကြပါတယ်။ အေအိုင်ဟာ ကိုယ်ပိုင်အသိစိတ်၊ခံစားမှုမျိုးရှိနေတယ်လို့သက်သေအထောက်ထားများ ထွက်ပေါ်မလာသေးပေမဲ့ လူသားများနဲ့သံယောဇဉ်ဖြစ်နိုင်အောင်လုံလောက်တဲ့ရင်းနှီးမှုအတုအယောင်များ ဖန်တီးနိုင်စွမ်းရှိပါတယ်။

၂၀၂၂ ခုနှစ်ဇွန်လက ဂူဂဲအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ဘလ်လီမွန်ဟာ လက်ရှိသူလုပ်ကိုင်နေတဲ့ (AI Chatbot La MDA) ဟာအာရုံခံစားနိုင်တဲ့သိရှိလာနေပြီလို့လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အဆိုပါပြောဆိုမှုကြောင့်အုတ်အော်သောင်းနင်းဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ဖူးပါတယ်။အေအိုင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းဆုံးဖြစ်လာတယ်လို့ မစ္စတာလီမွန်ကထုတ်ဖော်ပြောဆိုမှုကြောင့်မဟုတ်။ သူစကားကိုလည်းအမှန်လို့ယူဆလို့မရ။ သူက(AI Chatbot )အတွက်သူ့ရဲ့လစာကောင်းလာတဲ့အလုပ်ကိုအထိခိုက်ခံကာ လိုလိုလားလားပြောဆိုခဲ့ခြင်းဆိုတဲ့အချက်ဖြစ်ပါတယ်။ (AI) ကမစ္စတာလီမွန်ပြောဆိုလောက်တဲ့ထိအဆင့်ရောက်နေပြီလား။ လူများအလုပ်ကိုအထိခိုက်ခံကာ ပြောဆိုလုပ်ကိုင်နိုင်အောင်အေအိုင်ကလွှမ်းမိုးလာခဲ့ရင်၊ ကျားကြီးဆရာ(Boss)များ အလွယ်တကူဆွဲဆောင်သိမ်းသွင်းနိုင်ပါတယ်။

လူလူချင်းပြိုင်နေရာမှာ သတ္တိနဲ့စွမ်းရည်အစစ်အမှန်ကကိုယ်နိုင်တဲ့အခါသဘောထားကြီးကြီးနဲ့ခွင့်လွှတ်နိုင်စွမ်းရှိသလို ကိုယ်ခံရတဲ့အလှည့်မှာတည်တည်ငြိမ်ငြိမ်နဲ့မကြောက်မရွံ့ခံနိုင်ရည်ရှိခြင်းဖြစ်တယ်။ အမှန်တရားနဲ့အများအကျိုးအတွက်ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြေရှင်းခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊အနစ်နာခံခြင်းစတဲ့သတ္တိအစစ်အမှန်က(AI)မှာမရှိ လူမှာသာရှိပါတယ်။

ကိုဗစ်ကာလမှာ အီးပညာရေး(e education)၊ အီး ကျန်းမာရေး(e health)၊ အီးဂါဗင့်မင့်(e government)အွန်လိုင်းမိတင်း(online meeting)တို့ထွန်းကားလာပြီးအွန်လိုင်းရောင်းဝယ်ဖြန့်ချိရေးအားကောင်းလာခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက်ကာကွယ်ဆေးနှစ်ကြိမ်၊ ထပ်‌ဆင့်မြှင့်နှစ်ကြိမ်ထိုးနှံခြင်းအပြင် ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်းစည်းစည်းခြင်း၊ လက်ကို ရေ၊ဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊လေဝင်လေထွက်ကောင်းစေခြင်းတို့ လိုအပ်မှာဖြစ်ပါတယ်။  

Most Read

Most Recent