မြန်မာတိုက်စစ်ကစားသမား အောင်ကျော်နိုင် ဘူတန်ကလပ် Druk Lhayul နှင့် စာချုပ်ချုပ်ဆို

မြန်မာတိုက်စစ်ကစားသမား အောင်ကျော်နိုင် ဘူတန်ကလပ် Druk Lhayul နှင့် စာချုပ်ချုပ်ဆို
Photo : Aung Kyaw Naing Facebook
Photo : Aung Kyaw Naing Facebook
Published 13 July 2023

မြန်မာတိုက်စစ်ကစားသမားဖြစ်သူ အောင်ကျော်နိုင်သည် ဘူတန်ပရီးမီးယားလိဂ်ကလပ် Druk Lhayul အသင်းနှင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့်  အောင်ကျော်နိုင်သည် ဘူတန်လိဂ်တွင် သွားရောက်ကစားခွင့်ရသည့် ပထမဆုံး မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အောင်ကျော်နိုင်သည် ဘူတန်ပရီးမီးယားလိဂ်ကလပ် Druk Lhayul အသင်းနှင့် တစ်ရာသီ စာချုပ်ချုပ်ဆိုထားပြီး ခြေစွမ်းပေါ်မူတည်ကာ သက်တမ်းတိုးမည့် အချက်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

အောင်ကျော်နိုင်ကို ကမ္ဘောဒီးယားကလပ်အသင်းတစ်သင်းက ခေါ်ယူရန်ကမ်းလှမ်းခဲ့သေးသော်လည်း ဘူတန်ပရီးမီးယားလိဂ်ကလပ် Druk Lhayul အသင်းနှင့် ပြီးခဲ့သည့် ဇွန်လအတွင်းကတည်းက အကြိုသဘောတူညီမှုရယူထားခဲ့သောကြောင့် ကမ္ဘောဒီးယားကလပ်အသင်းကို ငြင်းပယ်ခဲ့ရကြောင်း သိရသည်။

ဘူတန် ပရီးမီးယားလိဂ်ကလပ် Druk Lhayul အသင်းသည် လက်ရှိတွင် လာမည့် ၂၀၂၃ ရာသီအတွက် နိုင်ငံခြားသားကစားသမား (၅)ဦး ခေါ်ယူထားပြီး မြန်မာတိုက်စစ်ကစားသမား အောင်ကျော်နိုင်အပါအဝင် ဂျပန်ကစားသမား(၂) ဦး၊ နိုင်ဂျီးရီးယားကစားသမား (၂) ဦးတို့ကို စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

၂၀၂၃ ရာသီ ဘူတန်ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမည့် ဇူလိုင်(၁၉)ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။ Druk Lhayul အသင်းသည် ပြီးခဲ့သည့် ၂၀၂၂ ရာသီ ဘူတန်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၃)နေရာ ရပ်တည်ခဲ့သည်။