ရာသီသစ်အတွက် ခြေလှမ်းအစ

ရာသီသစ်အတွက် ခြေလှမ်းအစ
Photos: Twitter
Photos: Twitter
Published 12 July 2023
Wai Yan Aung

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်မှာက သြဂုတ်(၁၁)ဆိုတော့ တစ်လဝန်းကျင်ပဲ လိုပါတော့တယ်။ ဥရောပထိပ်သီးလိဂ်(၅)ခု စတင်မယ့်အချိန်တွေကလည်း မတိမ်းမယိမ်းတွေပါပဲ။ လာလီဂါနဲ့ ပြင်သစ်လီဂူးကလည်း ပရီးမီးယားလိဂ်နည်းတူ သြဂုတ်လ ဒုတိယပတ်မှာ ရာသီသစ်စတင်ဖို့ ပြင်ဆင်ထားပါတယ်။ ဘွန်ဒစ်လီဂါနဲ့ စီးရီးအေတို့ကတော့ သြဂုတ်လ တတိယပတ်မှာမှ စတင်မှာပါ။ ပရီးမီးယားလိဂ်ရဲ့ ရာသီသစ်ကန့်လန့်ကာအဖွင့်လို့ဆိုရမယ့် ကွန်မြူနတီဒိုင်းပွဲကိုလည်း သြဂုတ်(၆)မှာ ယှဉ်ပြိုင်ကစားမှာဖြစ်တာကြောင့် နွေရာသီနေ့ရက်တွေ အဆုံးသတ်ဖို့က အတော်လေးနီးကပ်လာပါပြီ။ ဒါကြောင့် ကလပ်အသင်းတချို့က နည်းပြနဲ့ ကစားသမားတွေ အားလပ်ရက် အပန်းဖြေခရီးမှာ ရှိနေတုန်းပဲဖြစ်ပေမဲ့ ကလပ်အသင်းအများစုကတော့ လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေကြပါပြီ။ အချိန်အခါက ရာသီသစ်အတွက် ကစားသမားအပြောင်းအလဲတွေ အဓိကပြုလုပ်ရတဲ့ နွေရာသီအခါသမယလည်းဖြစ်တာကြောင့် အပြောင်းအရွှေ့လှုပ်ရှားမှုတွေက တစ်ဖက်၊ လေ့ကျင့်မှုတွေကတစ်ဖက် ယှဉ်တွဲပြုလုပ်ကြရတာပါ။ ဒါ့အပြင် ဝင်ငွေလည်း တိုး၊ ပရိသတ်လည်းတိုး၊ ရာသီသစ်အတွက် ခြေသွေး၊ ခြေနွှေးခွင့်လည်း ရစေတဲ့ ရာသီကြိုခြေစမ်းပွဲတွေကိုလည်း ယှဉ်ပြိုင်ကစားရပါသေးတယ်။ ဒီရာသီကြိုခြေစမ်းပွဲတွေက ရာသီသစ်အတွက် ဘောလုံးပရိသတ်တွေကို စုစည်းခေါ်ယူလိုက်တဲ့ အချက်ပေးသံလို့လည်း သတ်မှတ်နိုင်ပါလိမ့်မယ်။

 

Most Read

Most Recent