ပို့ကုန်ရငွေ ဝင်ရောက်ရမည့်ရက်အား ခုနစ်ရက်အစား ၁၅ ရက်သို့ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပို့ကုန်အတွက် အာမခံကြေးကို မြန်မာကျပ်ငွေဖြင့် သက်ဆိုင်ရာနယ်စပ်စျေးကွက်ပေါက်စျေးအတိုင်း ပေးသွင်းနိုင်ကြောင်း ပြင်ဆင်သတ်မှတ်ခြင်း

ပို့ကုန်ရငွေ ဝင်ရောက်ရမည့်ရက်အား ခုနစ်ရက်အစား ၁၅ ရက်သို့ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပို့ကုန်အတွက် အာမခံကြေးကို မြန်မာကျပ်ငွေဖြင့် သက်ဆိုင်ရာနယ်စပ်စျေးကွက်ပေါက်စျေးအတိုင်း ပေးသွင်းနိုင်ကြောင်း ပြင်ဆင်သတ်မှတ်ခြင်း
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 9 July 2023

ရွှေဖြင့် ပြုလုပ်သော တန်ဖိုးမြှင့်  ပစ္စည်းလက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ ပြည်ပသို့ တင်ပို့၊ တင်သွင်းခွင့်ပြုရန်အတွက် လုပ်ငန်းရှင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်စွဲဖြင့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာဖြင့် ပြင်ဆင်ထုတ်ပြန်လိုက်သည်။

ရွှေဖြင့် ပြုလုပ်သော တန်ဖိုးမြှင့် ပစ္စည်းလက်ဝတ်ရတနာ၊ ရွှေဖြင့် ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ပို့ကုန်လိုင်စင်ကို Letter of Credit (LC) သို့မဟုတ် Telegraphic Transfer (TT)စနစ်ဖြင့် ဆောင်ရွက်နိုင်သည်။

ရွှေဖြင့်ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်း လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများကို တင်ပို့လိုသူများအနေဖြင့် ပူးတွဲပါ တင်ပို့၊ တင်သွင်းခွင့်ဆိုင်ရာ လုပ်ငန်းစဉ် (Standard Operating Procedure – SOP) အတိုင်း လိုက်နာဆောင် ရွက်ရမည်ဖြစ်သည်။

ဇူလိုင် ၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာပါ သတ်မှတ်ချက်များသည် ထုတ်ပြန်သည့်နေ့မှစတင်၍ အကျိုးသက်ရောက်မည်ဖြစ်ပြီး ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၁၀/၂၀၂၀)ကို ယခု သတင်းလွှာဖြင့် လွှမ်းမိုးပယ်ဖျက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေဖြင့်ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်း လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများကို တင်ပို့တင်သွင်းခွင့်လုပ်ငန်းဆောင်ရွက်လိုသူသည် ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်မှတ်ပုံတင်ထားခြင်းမရှိသေးပါက Myanmar Tradenet 2.0 စနစ်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ပါ သတ်မှတ်ချက်များအပြင် ယင်းသို့ တင်ပို့တင်သွင်းခြင်းအတွက် သတ္တုတွင်း ဦးစီးဌာန၏ ခွင့်ပြုမိန့် သို့မဟုတ် ထောက်ခံချက်သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလုပ်ကိုင်ခွင့် (မူရင်း/ မိတ္တူ)၊ ကုန်သွယ်မှုလုပ်ငန်းအတွက် နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းစာအုပ်(မူရင်း/မိတ္တူ)စသည်တို့ ပူးတွဲတင်ပြရမည်ဖြစ်သည်။

တင်ပို့၊တင်သွင်းမည့်ပစ္စည်း အပေါ် စိစစ်တန်ဖိုးဖြတ်ရန် လျှောက် ထားရာတွင်ကုမ္ပဏီသည် တင်ပို့၊ တင်သွင်းမည့်ပမာဏ ၊ စံချိန်စံညွှန်း စျေးနှုန်းနှင့် တန်ဖိုးသတ်မှတ်ချက်အား UMFCCI ရုံး၊ တတိယထပ်တွင် ဖွင့်လှစ်ထားသည့် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်အဖွဲ့(OSSC) အဖွဲ့ခေါင်းဆောင်သို့ လိပ်မူ၍ ပစ္စည်းအမျိုးအစား၊ အရေအတွက်၊ စံချိန်စံညွှန်းတို့ကို ဖော်ပြ၍ လျှောက်ထားရမည်ဖြစ်သည်။

တင်ပို့တင်သွင်းခွင့်လိုင်စင်လျှောက်ထားရာတွင် OSSC ရှိ ကုန် သွယ်ရေးဦးစီးဌာန၊ ကိုယ်စားလှယ်ရုံးအဖွဲ့၌ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန်အတွက် သတ်မှတ်အထောက်အထားများ ပြည့်စုံစွာဖြင့် တင်ပြစစ်ဆေးခံယူပြီး Myanmar Tradenet 2.0 စနစ်တွင် ဝင်ရောက်လျှောက်ထားရမည်                စသည်ဖြင့် ဖော်ပြထားသည်။

သတ်မှတ်အခွန်ဆောင်ရာတွင် ပုံမှန်တင်ပို့၊ တင်သွင်းခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ရမည့်အခွန်များကို နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ သတ်မှတ်အခွန်နှုန်းထားများအတိုင်း အကောက်ခွန်ဦးစီးဌာနတွင် အကောက်ခွန်နှင့် တစ်ပါတည်းပေးဆောင်ရမည်ဖြစ်သည်။

CMP စနစ်ဖြင့် တင်ပို့တင်သွင်းခြင်းအတွက် နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ တင်ပို့တင်သွင်းချိန်ကာလအတွင်း အကျုံးဝင်သည့်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတို့နှင့်အညီ အခွန်ဆိုင်ရာ အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ကြောင်းစသည်ဖြင့် ရွှေဖြင့်ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်း လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင် မှတ်ပုံတင် လျှောက်ထားခြင်း၊ စိစစ်တန်ဖိုးဖြတ်ရန် လျှောက်ထားခြင်း၊ လိုင်စင်လျှောက်ထားခြင်း၊ သတ်မှတ်အခွန်များ ပေးဆောင်ခြင်း၊ အကောက်ခွန် ရှင်းလင်းခြင်း၊ စစ်ဆေးခံယူခြင်းတို့ဖြင့် အဆင့် ခြောက်ဆင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

နယ်စပ်မှ တင်သွင်းမည့် ကုန်စည်များအတွက် ဇူလိုင် ၂၂ ရက်မှ စတင်၍ လိုင်စင်လျှောက်ထားရန် လိုအပ်သော အကောက်ခွန်နှုန်းလိုင်းအဖြစ် MACCS စနစ်တွင် ဆောင်ရွက်ပြီးဖြစ်

နယ်စပ်မှ တင်သွင်းမည့်ကုန်စည်များအတွက် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၂ ရက်မှစတင်၍ လိုင်စင်လျှောက်လျှောက်ထားရန်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းအဖြစ် MACCS စနစ်တွင် Setting ထားရှိ ဆောင်ရွက်ပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ၂၀၂၃ ခုနှစ် ဇွန်၆ ရက်တွင် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၉/၂၀၂၃) ဖြင့် ပင်လယ်ရေကြောင်းမှတင်သွင်းမည့် ကုန်စည်များနှင့် နယ်စပ်ဒေသမှ တင်သွင်းမည့် ကုန်စည်များကို Automatic Licensing နှင့် Non - Automatic Licensing စနစ်ဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းလွှာထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သတင်းလွှာ(၉/၂၀၂၃)အရ ပင်လယ်ရေကြောင်းမှတင်သွင်းမည့် ကုန်စည်များအနက် ဇွန် ၂၂ ရက်တွင် Automatic Licensing စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည့် HS 2022 Version ပါ 10 Digit Level ရှိ ကုန်စည်လိုင်းပေါင်း ၁၅၂၅ အတွက် ဇွန် ၂၃ ရက်တွင် လိုင်စင် လိုအပ်သော အကောက်ခွန်နှုန်းလိုင်းအဖြစ်လည်းကောင်း၊ Non - Automatic Licensing စနစ်ဖြင့် လိုင်စင် ထုတ်ပေးမည့် ကုန်စည်လိုင်းပေါင်း ၁၅၅ဝအတွ က် သြဂုတ် ၂၁ ရက် တွင် လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ်လည်းကောင်း၊ နယ်စပ်ဒေသများမှ တင်သွင်းမည့် ကုန်စည်များအတွက် သွင်းကုန်လိုင်စင် လျှောက်ထားမှု အားလုံးကို Non - Automatic Licensing စနစ်ဖြင့် ဇူလိုင် ၂၂ ရက်မှစတင်၍ လိုင်စင်လျှောက်ထားရန် လိုအပ်သော အကောက်ခွန်နှုန်းလိုင်းအဖြစ်လည်းကောင်း MACCS စနစ်တွင်  Setting  ထားရှိ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ သွင်းကုန်ကြေညာလွှာတင်သွင်းသူများအနေဖြင့် Automatic Licensing နှင့် Non - Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင် လိုအပ်သောအကောက်ခွန်နှုန်းလိုင်းများကို အသုံးပြု၍ ကြေညာလွှာများ တင်သွင်းရာတွင် လိုင်စင်ဖြတ်တောက်ခြင်းလုပ်ငန်းစဉ်ကို (JTB/JTA Service) စနစ်တကျ ဆောင်ရွက်ပေးကြရန် နှင့် သွင်းကုန်လုပ်ငန်းရှင်များအနေ ဖြင့် လု ပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေးအတွက် သွင်းကုန်လိုင်စင်များကို သတင်းလွှာ(၉/ ၂၀၂၃)ပါ သတ်မှတ်ရက်များမတိုင်မီ ကြိုတင်လျှောက်ထားရယူထားရန် လိုအပ်ကြောင်းနှင့် ကြေညာလွှာ တင်သွင်းခြင်းနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာရှိပါက ရုံးချိန်အတွင်း Help Desk Section (၀၁-၃၇၉၄၂၉) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပို့ကုန်ရငွေ ဝင်ရောက်ရမည့်ရက်ကို ခုနစ်ရက်အစား ၁၅ ရက်နှင့် ပို့ကုန်အတွက် အာမခံကြေးကို မြန်မာကျပ်ငွေဖြင့် သက်ဆိုင်ရာ နယ်စပ်စျေးကွက်ပေါက်စျေးအတိုင်း ပေးသွင်းနိုင်ကြောင်း ပြင်ဆင်သတ်မှတ်

ပို့ကုန်ရငွေ ဝင်ရောက်ရမည့်ရက်ကို ခုနစ်ရက်အစား ၁၅ ရက်နှင့် ပို့ကုန်အတွက် အာမခံငွေကြေးပေးသွင်းရာတွင်  မြန်မာကျပ်ငွေဖြင့် သက်ဆိုင်ရာ နယ်စပ်စျေးကွက်ပေါက်စျေးအတိုင်း ပေးသွင်းနိုင်ကြောင်း ပြင်ဆင်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၃/ ၂၀၂၃) တွင် ဖော်ပြထားသည်။

ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်  ဇွန် ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၁/ ၂၀၂၃) အပိုဒ် ၃၊ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ်(၂)နှင့် အပိုဒ်ခွဲ(ခ)၊ အပိုဒ် ခွဲငယ်(၂)တို့ပါ ပို့ကုန်ရငွေဝင်ရောက်ရမည့်ကာလသည် အလုပ်လုပ်ရက် (Working Day) ခုနစ်ရက်ဆိုသည့် သတ်မှတ်ချက်အား ပို့ကုန်ကြေညာလွှာရရှိပြီးနောက် ၁၅ ရက်အတွင်း ပို့ကုန်ရငွေအား ကုမ္ပဏီ၏ငွေစာရင်းသို့ ဝင်ရောက်စေရန် ဆောင်ရွက်ရမည်ဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်  ဇွန် ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ(၁၁/ ၂၀၂၃)အပိုဒ် ၃၊အပိုဒ်ခွဲ(င)ပါ အာမခံကြေးပေးသွင်းရာတွင် အမေရိကန်ဒေါ်လာ၊ ယွမ်၊ ဘတ်နှင့်ကျပ်စသည့် ငွေကြေးအမျိုးအစားများကို အသုံးပြုနိုင်ကြောင်း သတ်မှတ်ချက်အား ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်အတွက် အာမခံကြေး (Deposit) ပေးသွင်းရာတွင် မြန်မာကျပ်ငွေဖြင့် သက်ဆိုင်ရာ နယ်စပ်ဒေသစျေး ကွက်ပေါက်စျေးအတိုင်း ပေးသွင်းနိုင်ကြောင်း ပြင်ဆင်သတ်မှတ်သည်ဟု ဖော်ပြထားသည်။

ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၁၁/၂၀၂၃)တွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၃၂/ ၂၀၂၂) ဆုံးဖြတ်ချက်အရ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့်မြေပဲဆန်တို့ကို နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ တင်ပို့ရာတွင် ပို့ကုန်အတွက် ကြိုတင်ငွေ ပေးသွင်းဝင်ရောက်သည့် (Advance Telegraphic Transfer - TT) စနစ်ဖြင့် ခွင့်ပြုခြင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့သည်။

၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှု လိုငွေ ဒေါ်လာ ၁၃၄၂ သန်း ကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ ဇွန် ၃၀ ရက်အထိ ပို့ကုန် ဒေါ်လာ ၃၃၂၆ ဒသမ ၈၁၁ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၄၆၆၈ ဒသမ ၉၀၅ သန်းရှိခဲ့ကာ  ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၇၉၉၅ ဒသမ ၇၁၆ သန်းအထိရရှိခဲ့သည်။ ယင်းအ နက် သွင်းကုန်တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှုထက်  ဒေါ်လာ ၁၃၄၂ သန်းကျော် ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၃၄၂ ဒသမ ၀၉၄ သန်း  ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent