ကိုဗစ်အလွန် လုပ်ငန်းတိုးတက်မှု အားပျော့နေသော မြန်မာ အပါအဝင် အာဆီယံမှ ကုန်ထုတ် လုပ်ငန်းများ

ကိုဗစ်အလွန် လုပ်ငန်းတိုးတက်မှု အားပျော့နေသော မြန်မာ အပါအဝင် အာဆီယံမှ ကုန်ထုတ် လုပ်ငန်းများ
Published 9 July 2023

မြန်မာအပါအဝင် အာဆီယံငါးနိုင်ငံ၏  တိုးတက်လာသည့် ကုန်ထုတ်လုပ်မှု

အာဆီယံ PMI နောက်ဆုံးဒေတာအရ ဇွန်လအတွင်း အာဆီယံဒေသတစ်ဝန်းက ထုတ်လုပ်မှုအခြေအနေများ အသင့်အတင့် တိုးတက်လာကြောင်း ၂၀၂၃ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သည့် S & P Global အာဆီ ယံကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းများ စစ်တမ်းတွင် ဖော်ပြထားသည်။

“အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍဟာ  ဇွန်လမှာ လုပ်ကိုင်မှုအခြေအနေတွေ ရှေ့ဆက်တိုးတက်လာတာကို တွေ့မြင်ခဲ့ကြပေမဲ့ တိုးတက်ထုတ်လုပ်မှုနှုန်းကျတော့ သုံးလပတ် အစပိုင်းမှာ မြင်ခဲ့ရတာထက် သိသာစွာအား ပျော့လာခဲ့ပါတယ်”ဟု အာဆီယံကုန်ထုတ် လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေး ပါရဂူ  Maryam Baluch က ပြောကြားခဲ့သည်။

ထုတ်လုပ်မှုသာမက အော်ဒါအသစ်များပါ တိုးလာခြင်းဖြစ်သည်။ စက်မှုထုတ်လုပ်မှု ကြီးထွားလာမှုမှာ ခြောက်လအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားချိန်တွင် စက်ရုံအော်ဒါများမှာ မသိမသာပိုမြင့်သည့်နှုန်းဖြင့် တိုးတက် လာခဲ့ရာ အလားအလာများ ကွဲပြားလာခဲ့ သည်ဟု ဆိုသည်။

သို့သော်လည်း ထုတ်လုပ်မှုနှင့်စက်မှု ကဏ္ဍထဲတွင် အရောင်းများ အခိုင်အမာဦး မော့နေသည့်တိုင်အောင် ထုတ်လုပ်ရေးကုမ္ပ ဏီများသည် အလုပ်နေရာများကို မြှင့်တင်မရ ခဲ့သည်မှာ လေးလဆက်တိုက်ဖြစ်လာသည်။

အဓိကအကျဆုံး S&P Global အာဆီယံကုန်ထုတ်လုပ်မှု ဝယ်ယူရေးမန်နေဂျာများ၏အညွှန်းကိန်း (PMI) ကို ဇွန်လတွင် ၅၁ ဒသမ ၀ တွင် မှတ်တမ်းတင်ခဲ့ရာ မေလ၏ ၅၁ ဒသမ ၁ ထက် နိမ့်ကျသွားခြင်းဖြစ်သည်။ အဓိက အကျဆုံးအ ညွှန်းကိန်း နှစ်လဆက် တိုက်ကျဆင်းလာခဲ့ခြင်းလည်းဖြစ်သည်။

PMI ဒေတာကို နိုင်ငံအလိုက် လေ့လာ ကြည့်ပါက ခုနစ်နိုင်ငံအနက် မြန်မာအပါ အဝင် ငါးနိုင်ငံက ဇွန်လတွင် စီးပွားရေးအခြေ အနေများ တိုးတက်လာကြောင်း အစီရင်ခံကြ သည်။ယင်းသို့ ဦးမော့မှုကို ရှေ့ဆုံးမှ ဦးဆောင် နေသူမှာ ထိုင်းဖြစ်ပြီး PMI ၅၃ ဒသမ၂ ရှိသည်။

PMI အညွှန်းကိန်း ၅၂ ဒသမရ ရှိသည့်စင် ကာပူနှင့်  PMIအညွှန်းကိန်း ၅၂ ဒသမ၅ ရှိသည့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ဇွန်လတွင် ထုတ်လုပ် မှု ပိုအားကောင်းလာခြင်းကို မှတ်တမ်းတင်ခဲ့ ကြသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှစပြီး ဖိလစ်ပိုင်ထုတ်လုပ်သူတို့သည် စက်မှုကဏ္ဍ၏ အခြေအနေများ ပိုကောင်းလာကြောင်းကို မှတ် တမ်းတင်ခဲ့ကြကာ ရာသီအလိုက် ချိန်ဆပေး ထားသည့်အဓိကအညွှန်းကိန်း ၅၀ ဒသမ၉ မှာ လက်ရှိ အစဉ်ထဲတွင် ဒုတိယအနိမ့်ဆုံးဖြစ်ပြီး ခြုံကြည်လျှင် အသင့်အတင့်တိုးတက်မှုကို အ ချက်ပြနေခဲ့သည်။

မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများအ တွက် အဓိကအကျဆုံးအညွှန်းကိန်းများသည် လုပ်ငန်းအခြေအနေများ ဆက်လက်ဆုတ် ယုတ်လာနေကြောင်း အချက်ပြခဲ့သည်။

မြန်မာနိုင်ငံအတွင်းက ထုတ်လုပ်ရေး ကုမ္ပဏီများသည်လည်း လုပ်ကိုင်မှုအခြေအ နေများ မသိမသာတိုးတက်မှုကို အစီရင်ခံကြ သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

“အနာဂတ်ဆီကို ကြည့်ရင် အာဆီယံ ဒေသဟာ ကိုဗစ်အလွန်လုပ်ငန်းတိုးတက်လာ မှု အားပျော့လာနေတဲ့တိုင်အောင် အခြေအ နေဆက်လက်ပြီး အတော်လေးကောင်းနေပါ တယ်။ ဒါပေမဲ့ နိုင်ငံတကာစီးပွားရေးအခြေအ နေတွေ မရေမရာဖြစ်နေပြီး တစ်ကမ္ဘာလုံးမှာ အခြေခံအကျဆုံးအတိုးနှုန်းတွေကို တိုးမြှင့် ပေးနေကြရတဲ့အတွက် ရှေ့မှာ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမယ့်လမ်းကို ချီတက်ရဖို့ရှိနေပါ တယ်”ဟု စီးပွားရေးပါရဂူ  Maryam Baluch သုံးသပ်ပြောကြားခဲ့သည်။

S&P Global အာဆီယံထုတ်လုပ်မှု PMI ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိ လစ်ပိုင်၊စင်ကာပူ၊ထိုင်း၊ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂၁၀၀ ခန့်ပါဝင်သည့်အဖွဲ့များ မှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ ပေးခဲ့သည့်မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များအပေါ် အခြေခံပြီး S&P Global မှ တွက်ချက်ထားခြင်းဖြစ်သည်။

 

ထုတ်လုပ်မှု တိုးချဲ့ရန် ရုန်းကန်နေရသည့်

မြန်မာ့စက်မှုလုပ်ငန်းများ

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ခြောက်လအတွင်းမှာ ပထမအကြိမ်ကျုံ့လာ ခဲ့သော်လည်း မသိသာခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအ ရ သိရသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဇွန်လတွင် လုပ်ကိုင်မှုအခြေ အနေများ အနည်းငယ်တိုးတက်လာခဲ့ ကြောင်း အစီရင်ခံခဲ့ကြသည်။ သို့သော်လည်း ဇွန်လ တွင် ထုတ်လုပ်မှုရော အလုပ်နေရာများပါ အ သစ်တဖန်ကျဆင်းလာမှုကို အစီရင်ခံခဲ့ကြရာ  စိုးရိမ်မှုများ ကြီးထွားလာနေခြင်းကို ယင်းဒေ တာက မီးမောင်းထိုးပြနေသည်။

ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ် သူတို့အကြားမှာ ပစ္စည်းပေးသွင်းမှုဆိုင်ရာ အားနည်းမှုများကို တွေ့မြင်ရသည်။အဓိက မီးမောင်းထိုးပြခဲ့ကြသည်မှာ ကုန်ကြမ်းပစ္စည်း များကို ရှာဖွေရာတွင်လည်းကောင်း၊ ဝယ်ယူ ရာတွင်လည်းကောင်း အခက်အခဲရှိနေပြီး ကုန်ကြမ်းမလုံလောက်မှုကြောင့် ပစ္စည်းပေး သွငး်မှုပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များမှာ လည်း ရှေ့ဆက်ပိုကြာလာခဲ့ကြောင်း၊ ထိုအ ချက်ကြောင့် ပစ္စည်းပေးသွင်းသူတို့၏တောင်း ဆိုခများ တိုးလာခဲ့ပြီး ငွေကြေးဖောင်းပွမှု ဖိ အားပေးမှုများကို တိုးလာစေခဲ့သည်ဟု စစ် တမ်းက ဆိုသည်။

အဓိကအကျဆုံး S&P Global  မြန်မာ ထုတ်လုပ်မှုအညွှန်းကိန်း-PMIတွင် ထုတ် လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှ န်းကိန်းမှာ မေလတွင် အမှတ် ၅၃ ဒသမ ၀ တွင် ရှိ နေခဲ့ရာမှ ဇွန်လတွင် ၅၀ ဒသမ၄ ဆီသို့ နိမ့်ဆင်း သွားခဲ့ခြင်းဖြင့် ဖေဖော်ဝါရီလမှစတင်ခဲ့သည့် လက်ရှိတိုးတက်မှုအစဉ်ထဲတွင် လုပ်ကိုင်မှုအ ခြေအနေ အားအပျော့ဆုံးဖြစ်ကြောင်းကို ညွှန်ပြနေသည်။

ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းက နောက် ဆုံးတိုးတက်ထုတ်လုပ်မှုကို ဇွန်လတွင် အဓိ က ပံ့ပိုးပေးခဲ့သည်မှာ အော်ဒါအသစ်များ တိုး ရလာမှုဖြစ်သည်။ ယခုဆိုလျှင်ပင် ကုမ္ပဏီများ သည် နှစ်ဆန်းမှစပြီး လစဉ်တိုးတက်ထုတ် လုပ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြပြီး ပါဝင်ဖြေ ကြားသူအများစုတို့က စျေးဝယ်ဟောင်းများ ထံမှ ဝယ်လိုအားကြီးထွားလာမှု၊ စျေးဝယ်အ သစ်များ တွေ့ရှိလာမှုနှင့် စီမံကိန်းအသစ်များ စတင်မှုကို ထောက်ပြကြသည်။        

မည်သို့ပင်ဖြစ်စေ ကုန်စည်ထုတ်လုပ် သူတို့သည် စစ်တမ်း၏နောက်ဆုံးလအတွင်း ထုတ်လုပ်မှုကို တိုးချဲ့ရန် ရုန်းကန်ခဲ့ကြရ ကြောင်း၊ စက်မှုထုတ်လုပ်မှု၏အညွှန်းကိန်းအ မှတ် ၅၀ ဒသမဝ ၏အောက်ဘက်တွင်ရှိနေ ခြင်းက ညွှန်ပြနေသည့်အတိုင်း ခြောက်လ အတွင်း ပ ထမအကြိမ် ကျဆင်းသွားခြင်းဖြစ် သည်။

ပါဝင်ဖြေဆိုသူအများစု ထောက်ပြခဲ့ ကြ သည့်အတိုင်းဆိုပါက နောက်ဆုံးလတွင် ထုတ်လုပ်မှုကျဆင်းခဲ့သည့်ရလဒ်မှာ ဝယ်လို အားအခြေအနေများ ပိုဆုတ်ယုတ်လာခဲ့ခြင်း ကြောင့်လည်းကောင်း၊ စွမ်းအင်၊ လုပ်အားနှင့် ကုန်ကြမ်းများ မလောက်ငမှုကြောင့်ဖြစ် ကြောင်း သိရသည်။

ထုတ်လုပ်သူတို့သည် အလုပ်နေရာများ တဟုန်ထိုးကျဆင်းလာမှုကိုပါ မှတ်တမ်းတင် ခဲ့ကြသည်။ ဝန်ထမ်းဦးရေ ကျဆင်းလာမှုမှာ အဓိကအားဖြင့် အလုပ်သမားများသည် ပို ကောင်းသည့်အခွင့်အလမ်းများနှင့် လစာကို ရှာဖွေရန် အလုပ်မှ နုတ်ထွက်နေကြခြင်းကြော င့် ဖြစ်သည်ဟုဆိုသည်။

 “ရှုပ်ထွေးနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး နောက်ခံများအကြားမှာ မြန်မာ့ထုတ်လုပ်ရေး ကဏ္ဍဟာ ဇွန်လမှာ ရှေ့ဆက်တိုးထုတ်မှုကို  မှတ်တမ်းတင်နိုင်ခဲ့ပြီး အော်ဒါအသစ်တိုးရ လာမှုက စက်မှုကဏ္ဍကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး PMI အညွှန်းကိန်း ၅ဝဒသမ၄ မှာ ရှိနေခြင်းက ထင်ဟပ်ပြသနေတဲ့အတိုင်း ဆိုရင် ပစ္စည်းပေးသွင်းမှု ကန့်သတ်ချက်တွေ က နောက်ကို ဆွဲနေချိန်မှာ ကုမ္ပဏီများဟာ  ထုတ်လုပ်မှုကိုတိုးရန် လုံးပန်းနေကြရပါတယ် ။  အဲဒါအပြင် ဇွန်လဒေတာက အလုပ်နေရာ များပါ တစ်ဟုန်ထိုးကျဆင်းလာမှုကို ညွှန်ပြနေ ပြီး ထုတ်လုပ်သူတို့အနေနဲ့ ဝန်ထမ်းတွေကို  လုပ်ငန်းမှာ ဆက်လက်ထိန်းထားဖို့ အခက်အ ခဲတွေရှိနေပါတယ်။ ဖြေကြားခဲ့သူအများအ ပြားတို့က အလုပ်က နုတ်ထွက်မှုတွေကြောင့် အလုပ်သမားဦးရေ ထပ်ကျလာခဲ့ရခြင်းကို အ စီရင်ခံကြတယ်။ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုတွေက မေလနောက်ပိုင်းမှာ အား ပျော့လာခဲ့ပေမဲ့ အားကောင်းလျက်ရှိနေဆဲ ပါ” ဟု  S&P Global Market Intelligence မှ စီးပွားရေး ပညာရှင် Maryam Baluch က သုံးသပ်ထားသည်။

အနာဂတ်ဆီ မျှော်မှန်းကြရာတွင် လုပ် ငန်းများသည် လာမည့် ၁၂ လကာလ၏ ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်း သိမ်းရှိကြကြောင်း စစ်တမ်းတွင် ဖော်ပြထား သည်။        

 “အနာဂတ်ကို ခန့်မှန်းရရင် စိန်ခေါ်မှု များနေပြီး ယုံကြည်စိတ်မှာမူ အသင့်အတင့်မျှ သာ အကောင်းသဘောကို ဆောင်နေပါ တယ်” ဟု စီးပွားရေးပညာရှင် Maryam Baluch  က သုံးသပ်ထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့ လာစောင့်ကြည်မှုအစီရင်ခံစာတွင်လည်း မြန်မာ့စီးပွားရေး သုံးရာခိုင်နှုန်း တိုးတက် မည်ဟုခန့်မှန်းထားသော်လည်း ၂၀၁၉ ခုနှစ် ထက် ၁၀ ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံတွင် စီးပွားရေးအခြေအနေများ တည်ငြိမ်လာသော်လည်း စီးပွားရေးလုပ် ငန်းများသည် စိန်ခေါ်မှုများစွာကို ဆက် လက် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း  ထောက် ပြထားသည်။ 

         

 

 

Most Read

Most Recent