ကြည့်မြင်တိုင်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာများစွာဖြင့် လမ်းဘေးတွင် တွေ့ရှိရသူအား ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ရရှိသောဒဏ်ရာများဖြင့်သေဆုံး

ကြည့်မြင်တိုင်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာများစွာဖြင့် လမ်းဘေးတွင် တွေ့ရှိရသူအား ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ရရှိသောဒဏ်ရာများဖြင့်သေဆုံး
■ ဓာတ်ပုံ - ရောင်စဉ်မဲ့လူမှုကူညီရေးအသင်း
■ ဓာတ်ပုံ - ရောင်စဉ်မဲ့လူမှုကူညီရေးအသင်း
Published 28 June 2023

ကြည့်မြင်တိုင်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာများစွာဖြင့် လမ်းဘေးတွင် တွေ့ရှိရသူအား ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးမှု ဇွန် ၂၈ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်။

ဇွန် ၂၈ ရက် ၊ နံနက် ၁ နာရီခန့်တွင် ကြည့်မြင့်တိုင်မြို့နယ် ၊ ဘန္ဒာပင်လမ်းတွင် အမျိုးသားတစ်ဦး သွေးများဖြင့် လမ်းဘေးတွင် လဲကျနေကြောင်း သတင်းရသဖြင့် ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့သည်။

"လမ်းဘေးမှာ သွေးတွေ မြောင်းရေတွေနဲ့ လဲကျနေတာပါ။ ကျွန်တော်တို့ ရောက်တည်းက အခြေအနေမကောင်းပါဘူး။ ဆေးရုံရောက်ပြီး ဆယ်မိနစ်လောက်မှာ သေဆုံးသွားပါတယ်။ ဆေးရုံမှာ စစ်ချက်အရ ထိုးသွင်းဒဏ်ရာ အပေါက်သေးလေးတွေ အများကြီး တွေ့ရှိပါတယ်"ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ အသက် ၃၅ နှစ်ဝန်းကျင်အရွယ်ရှိပြီဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

Most Read

Most Recent