အူမကြီးကင်ဆာ 

အူမကြီးကင်ဆာ 
Published 16 June 2023
ဒေါက်တာလွင်သန့်

အူမကြီးကင်ဆာဆိုတာ အူရဲ့အကြီးဆုံးအပိုင်းအူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ အူမကြီးဆိုတာ အစာအိမ်၊ အူသိမ်ပြီး အစာခြေလမ်းကြောင်းရဲ့နောက်ဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ အူမကြီးကင်ဆာက လူကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမဲ့ အသက်အရွယ်မရွေးခံစားရနိုင်ပါတယ်။

အူမကြီးကင်ဆာကသေးငယ်ပြီး ကင်ဆာအကျိတ်မဟုတ်တဲ့ အဖုအကျိတ်သေးသေးလေးတွေကနေ စဖြစ်တတ်ပါတယ်။ ဒါကိုအူမကြီးအသားပိုလို့ခေါ်ပါတယ်။ အသားပိုတိုင်းက ကင်ဆာပြောင်းလဲတာတော့ မဟုတ်ပေမဲ့ ကင်ဆာဖြစ်နိုင်ခြေများပါတယ်။

အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက်ပုံမှန်စစ်ဆေးမှုလုပ်တာက အကောင်းဆုံးကာကွယ်မှုဖြစ်ပါတယ်။ အူမကြီးကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီးရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ကုထုံး၊ ကိုယ်ခံအားလှုံ့ဆော်ပေးတဲ့ကုထုံးဆိုပြီး အမျိုးမျိုးရှိပါတယ်။

အူမကြီးကင်ဆာကို(Ca. Colon)လို့ခေါ်သလို အူမကြီးနဲ့ အစာဟောင်းအိမ်ကို ပေါင်းပြီးတော့လည်း Colo rectal Cancer လို့ခေါ်ပါတယ်။အစာဟောင်းအိမ်ကနေစဖြစ်တဲ့ ကင်ဆာပဲဖြစ်ပါတယ်။ အူမကြီးကင်ဆာ ခံစားရချိန် တွေ့ရှိနိုင်တဲ့လက္ခဏာများ ရှိပါတယ်။

ဝမ်းသွားတဲ့ အလေ့အထေ ပြာင်းသွားတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာ၊ အမြဲလိုလိုဝမ်းသွားချင်တာ၊ ဝမ်းသွားရင်သွေးပါတာ၊ စအိုကသွေးကျတာ၊အမြဲလိုလိုဗိုက်အောင့်တာ၊ ဗိုက်ရစ်တာ၊ လေပွတာ၊ လေထိုးလေအောင့်ဖြစ်တာ၊ ဝမ်းကျန်နေသလိုခံစားရတာ၊ အားနည်းလာတာ၊ အော့အန်တာ၊ မအီမသာဖြစ်တာ၊ခြေကုန်လက်ပန်းကျတာ၊ အကြောင်းရေးမရှိဘဲ ဝိတ်ကျတာတွေ ခံစားရနိုင်ပါတယ်။ အဆိုပါလက္ခဏာတွေထဲက တစ်ခုခုခံစားရပြီဆိုရင် မြန်နိုင်သမျှမြန်မြန်ကုသမှုခံယူဖို့လိုပါတယ်။ အများစုက အူမကြီးကင်ဆာ အစောပိုင်းအဆင့်မှာ ဘာလက္ခဏာမှ မခံစားရတာမျိုး ရှိနိုင်ပါတယ်။ လက္ခဏာပေါ်လာချိန်က ကင်ဆာအကျိတ်အရွယ်အစား၊ ကင်ဆာကျိတ်ဖြစ်တဲ့နေရာတွေပေါ်မှာလည်း မူတည်ပါတယ်။

 အူမကြီးကင်ဆာဖြစ်ရတဲ့အကြောင်းရင်းက ဆဲလ်တစ်ခုရဲ့ ဒီအင်အေ မျိုးဗီဇပြောင်းလဲမှုကနေ စတင်ဖြစ်ပွားပါတယ်။ ဆဲလ်ရဲ့ ဒီအင်အေထဲမှာ ဆဲလ်ကိုဘယ်လိုလုပ်ဆောင်ရမယ်ဆိုပြီး ညွှန်ကြားတဲ့လုပ်ငန်းစဉ်ပါဝင်ပါတယ်။ ထိုပြောင်းလဲမှုက ဆဲလ်ကိုမြန်မြန်ကြီးထွားဖို့နဲ့ ကျန်းမာတဲ့ဆဲလ်တွေေ သဆုံးသွားချိန်မှာ ဆက်လက်ရှင်သန်နေဖို့ သတင်းပေးတာဖြစ်ပါတယ်။

သည်လိုနဲ့ကင်ဆာဆဲလ်တွေပွားလာပြီး အကျိတ်ဖြစ်လာမယ်။ အကျိတ်က ကျန်းမာတဲ့တစ်ရှူးတွေဆီ ဝင်ရောက်ပျံ့နှံ့ကာ ကျန်းမာတဲ့တစ်ရှူးတွေဖျက်ဆီးပစ်လိုက်ပါတယ်။ သည်လိုလုပ်ဆောင်တာနဲ့တစ်ချိန်တည်းမှာ ကင်ဆာဆဲလ်တွေက ကွဲပွားပြီး ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားပါတယ်။    အူမကြီးကင်ဆာဖြစ်နိုင်ခြေများတဲ့သူတွေက အသက်အရွယ်ကြီးရင့်တာ၊ အူမကြီးမှာ အသားပို၊ အကျိတ်၊ အပိုဖြစ်ဖူးတာ၊ အူရောင်ရမ်းတဲ့ပြဿနာခံစားနေရတာ၊မျိုးရိုးရှိတာ၊ အူမကြီးကင်ဆာခံစားရနိုင်ခြေရှိတဲ့ မျိုးဗီဇလက်ခံရရှိထားကာ အမျှင်ဓာတ်စားသုံးမှုနည်းတာ၊ အဆီစားသုံးမှုများကာ အထိုင်များတာ၊ ဆီးချိုရှိတာ၊အဝလွန်တာ၊ ဆေးလိပ်သောက်တာ၊ ရက်သောက်တာ၊ ကင်ဆာအတွက်ဓာတ်ရောင်ခြည်ကုထုံးခံယူနေရတာတွေက အူမကြီးကင်ဆာခံစားရနိုင်ခြေ တိုးစေပါတယ်။   

 အူမကြီးကင်ဆာစစ်ဆေးဖို့ မှန်ပြောင်းကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။ ရှည်လျားပြီး ပျော့ပျောင်းတဲ့ပြွန်သေးသေးလို ကင်မရာလိုအသုံးပြုပြီး အူမကြီးနဲ့အစာဟောင်းအိမ်ကပုံရိပ်တွေကိုရယူပြီး ကွန်ပျူတာမျက်နှာပြင်မှတစ်ဆင့် ကင်ဆာဆဲလ်တွေရှိနေနိုင်တဲ့ အစိတ်အပိုင်းကိုရှာဖွေတဲ့နည်းနဲ့စစ်ဆေးပါတယ်။ သည်လိုစစ်ဆေးမှုကတစ်ဆင့်အထူးပြုလုပ်ထားတဲ့ကိရိယာကိုယူပြီး အသားစရယူစစ်ဆေးတာ အူမကြီးကင်ဆာသိရရ င်ကင်ဆာကုသမှုခံယူသင့်ပါတယ်။သွေးစစ်ဆေးခြင်းကသွေးထဲမှာအူမကြီးကင်ဆာဖြစ်ရင်တွေ့ရတဲ့ဓာတ်ပစ္စည်းပမာဏစစ်ဆေးတာဖြစ်ပါတယ်။

 အူမကြီးကင်ဆာဖြစ်နိုင်ခြေလျှော့ချဖို့ကြိုတင်ကာကွယ်နည်းနဲ့ကာကွယ်နိုင်ပါတယ်။ ကြိုတင်ကာကွယ်နည်းမှာ အူမကြီးကင်ဆာက အစာခြေလမ်းကြောင်းအဆုံးနေရာက အူမမှာ ကင်ဆာအကျိတ်ဖြစ်တဲ့ရောဂါပါပဲ။ အူမကြီးကင်ဆာက အများအားဖြင့်အသက်ကြီးသူတွေဖြစ်တတ်ကြပေမဲ့ အသက်အရွယ်မရွေးလည်းဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ သေးငယ်တဲ့ဆဲလ်တွေစုစည်းပြီး အူမကြီးနံရံမှာ အတက်ထွက်ဖြစ်လာရာကနေ အချိန်ကြာလာရင်အူမကြီး

ကင်ဆာဖြစ်လာနိုင်ပါတယ်။

အူမကြီးကင်ဆာက ကာကွယ်လို့ရပါတယ်။ ရောဂါဖြစ်နိုင်ခြေများတဲ့အသက်အရွယ်နဲ့မိသားစုရာဇဝင်လိုမျိုးအကြောင်းအရာတွေကရှောင်လွှဲလို့မရနိုင်ပေမဲ့ရောဂါကိုစောစောစစ်ဆေးတာနဲ့ကျန်းမာရေးညီညွတ်တဲ့အစားအစာစားသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဝိတ်ထိန်းတာမျိုးဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပြုပြင်နိုင်တာကြောင့်အူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့ကျအောင်ကူညီနိုင်ပါတယ်။

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုပြုသင့်ပါတယ်။ အူမကြီးကင်ဆာကာကွယ်နိုင်ဖို့အကောင်းဆုံးနည်းလမ်းကအသက် ၄၅ နှစ်ကျော်လာရင်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်လို့ရတယ်။ ကင်ဆာရှိမှန်းစောစောသိလို့ ကုသမှုပိုင်းမှာ ပိုပြီးလွယ်ကူနိုင်ပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့အူမကြီးထဲက အဆီးကိုတွေ့ရှိတာကလည်း ကင်ဆာကိုကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ အူမကြီးအတွင်းမှန်ပြောင်းနဲ့ကြည့်တာ၊ သွေးစစ်တာ၊ဝမ်းစစ်တာတွေပြုလုပ်ပြီး အူမကြီးအတွင်းကင်ဆာရှိ၊ မရှိကိုစစ်ဆေးရပါမယ်။လူနာရဲ့နောက်ခံမိသားစုရာဇဝင်နဲ့ရောဂါဖြစ်နိုင်ခြေအပေါ်အခြေခံပြီး ခြောက်လတစ်ကြိမ်နှစ်စဉ်နှစ်နှစ်တစ်ကြိမ်အစရှိတဲ့စစ်ဆေးရမယ့်ကာလ ကွာခြားနိုင်ပါတယ်။    ဆေးလိပ်၊ ကွမ်းဖြတ်သင့်ပါတယ်။ ဆေးလိပ်ကိုပုံမှန်သောက်သူတွေကဆေးလိပ်မသောက်သူထက်အူမကြီးကင်ဆာ (သို့မဟုတ်) စအိုကင်ဆာဖြစ်နိုင်ခြေများတဲ့အပြင် အဆိုပါကင်ဆာကြောင့်သေဆုံးနှုန်းလည်းပိုပြီးများပြားပါတယ်။ ကွမ်းနဲ့ဆေးလိပ်မှာ ဆေးရွက်ကြီးအခြေခံနီကိုတင်းက လူကိုစွဲလမ်းစေပြီးကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်း ၄၀ ကျော်နဲ့အခြားဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်နေလို့ဖြတ်သင့်ပါတယ်။

အရက်လျှော့သောက်သင့်ပါတယ်။ အူမကြီးကင်ဆာဖြစ်နိုင်ခြေက အရက်သောက်တဲ့ပမာဏနဲ့ ဆက်စပ်မှုရှိတယ်။ အရက်လျော့သောက်(သို့မဟုတ်) ဖြတ်လိုက်ရုံနဲ့အူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့နည်းနိုင်ပါတယ်။ အရက်သောက်သင့်တဲ့ပမာဏက အမျိုးသားတွေ ညစာမစားမီ နှစ်ပက်နဲ့ အမျိုးသမီးတွေအတွက် တစ်ပက်ဖြစ်တယ်။ဒေသလုပ်ချက်အရပ်တွေမှာ ဆာလ်ဖြူရစ်အက်ဆစ်ပြင်း၊ ဓာတ်မြေဩဇာ၊ ပလတ်စတစ်၊အင်ဒရင်းတို့ပါဝင်ချက်လုပ်ထားလို့အူမကြီးကင်ဆာရောဂါဖြစ်နိုင်ခြေပိုပြီးစောလာနိုင်ပါတယ်။

စိတ်ထိန်းသင့်ပါတယ်။ အူမကြီးကင်ဆာကအဝလွန်သူ(သို့မဟုတ်) အလွန်ဝသူတွေမှာပိုပြီးအဖြစ်များပါတယ်။ အမျိုးသားတွေခန္ဓာကိုယ်အချိုးအဆဘီအမ်အိုင်(၁၈ ဒသမ ၉-၂၄ ဒသမ ၉)အတွင်းရှိသင့်ရာ အလွန်များနေရင်အမျိုးသမီးတွေထက်အူမကြီးနဲ့စအိုကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့အစားအစာကိုစားသုံးပြီးကာယလှုပ်ရှားမှုပိုမိုပြုလုပ်ကာစိတ်ထိန်းသင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့အစားအစာကိုစားသုံးပြီးကာယလှုပ်ရှားမှုပိုမိုပြုလုပ်ကာစိတ်ထိန်းသင့်ပါတယ်။ နေ့စဉ်နာရီဝက်မှတစ်နာရီကြာအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားသင့်ပါတယ်။အူမကြီး(သို့မဟုတ်) စအိုကင်ဆာဖြစ်နိုင်ခြေလျော့နည်းတာက ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနဲ့ကောက်နှံတစ်ခုလုံးပါဝင်စာမြင့်မားတဲ့အစားအစာစားသုံးတာနဲ့ဆက်စပ်မှုရှိပါတယ်။ အူမကြီးကင်ဆာဖြစ်နိုင်ခြေများတဲ့ပြုလုပ်ထားတဲ့အစာ၊ ဆိတ်သား၊ အမဲသားလို့အနီရောင်အစားအစာတွေ၊ စည်သွတ်ဘူးတွေ၊ အချိုရည်တွေရှောင်သင့်ပါတယ်။ ရေဆာရင်ရေသာသောက်ပြီး အရက်၊ ဘီယာ၊ အချိုရည် ရှောင်သင့်ပါတယ်။ အရက်နဲ့ဘီယာက ခန္ဓာကိုယ်တွင်းရေဓာတ်ကို အချိန်တိုအတွင်းညစ်နွမ်းစေလို ့ရေများများသောက်ဖို့လိုပါတယ်။ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း နာရီဝက်မှတစ်နာရီကြာပြုလုပ်ခြင်း၊အမျှင်ပါတဲ့ဟင်းသီးဟင်းရွက်နဲ့အသားမျှတစားသုံးခြင်းတို့က အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။