အဆိုတော် ဒေါ်လီလီနိုင်ကျော် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ

အဆိုတော် ဒေါ်လီလီနိုင်ကျော် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ
Published 30 May 2023

 အဆိုတော် ဒေါ်လီလီနိုင်ကျော်သည် ယနေ့ (မေ ၃၀ ရက်) ည ၇ နာရီကျော်က ရန်ကင်းမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

အဆိုတော် ဒေါ်လီလီနိုင်ကျော်သည် ပြင်ပမှ ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်၊ ရန်အောင်လမ်းရှိနေအိမ်သို့ ကိုယ်ပိုင်ယာဉ်ဖြင့် မောင်းနှင်ပြန်လာစဉ် ၎င်းနေထိုင်သည့် တိုက်ရှေ့အရောက်တွင် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။

ထိုသို့သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်လီလီနိုင်ကျော်တွင် ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိသဖြင့် ဆေးရုံသို့ပို့ဆောင်ထားရှိပြီး အသက်အန္တရာယ်ထိခိုက်မှုရှိ မရှိ မသိရှိရသေးပေ။

ဒေါ်လီလီနိုင်ကျော်သည် တပ်မတော်အား ထောက်ခံသူနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။

လတ်တလောတွင် ဒေါ်လီလီနိုင်ကျော်သည် ကလေးငယ်များအား ယဥ်ကျေးလိမ္မာသင်တန်းများပို့ချခြင်း၊ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအား ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် မေ ၂၆ ရက်ကလည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးတင့်လွင်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗိုလ်မှူးဗထူးလမ်းနှင့် ဇေယျသိဒ္ဓိလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အတွင်း ထမင်းကြော်စားနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

Most Read

Most Recent