နွေရာသီတွင် ရီးယဲလ်အသင်းမှ အဆန်စီယို ထွက်ခွာမည်

နွေရာသီတွင် ရီးယဲလ်အသင်းမှ အဆန်စီယို ထွက်ခွာမည်
Photo: Getty Images
Photo: Getty Images
Published 29 May 2023

ရီးယဲလ်မက်ဒရစ်အသင်း၏ စပိန်လက်ရွေးစင်တောင်ပံကစားသမား အဆန်စီယိုသည် အသင်း၏ နောက်ဆုံးအကြိမ်စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် လာမည့် ၂၀၂၃ နွေရာသီတွင် အသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

အသက် (၂၇)နှစ်အရွယ်ရှိ အဆန်စီယိုသည် ရီးယဲလ်အသင်းအတွက် (၇)ရာသီတွင်း ပြိုင်ပွဲစုံ (၂၈၅)ပွဲကစားခဲ့ရာတွင် (၆၁)ဂိုးသွင်းယူကာ အသင်းနှင့်အတူ ဆုဖလား (၁၆)လုံးအထိ ရယူနိုင်ခဲ့သူဖြစ်သည်။

သို့သော် အဆန်စီယိုသည် ယခုနောက်ပိုင်းရာသီများတွင် ကြံ့ခိုင်မှုပြဿနာများနှင့်အတူ ရီးယဲလ်အသင်းတွင် ပုံမှန်ပွဲကစားခွင့်ပျောက်ဆုံးလာပြီး ယင်းအခြေအနေအပေါ် ကျေနပ်မှုမရှိသည့်အတွက် အသင်းမှထွက် ခွာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရီးယဲလ်နည်းပြအန်ဆယ်လော့တီကလည်း အဆန်စီယိုနှင့်ပတ်သက်၍ မိမိအနေဖြင့် တစ်စုံတစ်ရာသိရှိထားခြင်းမရှိကြောင်းနှင့် ကစားသမား၏ဆုံးဖြတ်ချက်သာအဓိကဖြစ်ကြောင်းပြောကြားခဲ့သည်။

လက်ရှိတွင် အဆန်စီယိုအားခေါ်ယူရန်အတွက် PSG နှင့် အေစီမီလန်တို့က စိတ်ဝင်စားနေသည်။

Most Read

Most Recent