■ လူမျိုးရေးခွဲခြားမှုမှာ လာလီဂါပြိုင်ပွဲတွင် အသားကျနေပြီဟု ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဝေဖန်

■ လူမျိုးရေးခွဲခြားမှုမှာ လာလီဂါပြိုင်ပွဲတွင် အသားကျနေပြီဟု ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဝေဖန်
Photo: Gettyimages
Photo: Gettyimages
Published 23 May 2023

ရီးယဲလ်မက်ဒရစ်အသင်း၏တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က လူမျိုးရေးခွဲခြားမှုမှာ လာလီဂါပြိုင်ပွဲတွင် အသားကျနေပြီဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမားဖြစ်သူ ဗင်နီစီယပ်စ်သည် တနင်္ဂနွေနေ့က ဗလင်စီယာအသင်းနှင့်ပွဲ၌ ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၇ မိနစ်တွင် ပြိုင်ဘက်ကစားသမား ဟူဂိုဒူရိုနှင့် အချင်းများခဲ့သောကြောင့် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး အစောပိုင်းတွင်လည်း လူမျိုးခွဲခြားမှုပြုလုပ်သည့် ဗလင်စီယာပရိသတ်တစ်ဦးကို ဒိုင်ဖြစ်သူထံ ခေါ်ဆောင် သွားရန် ကြိုးပမ်းခဲ့သည်။

ဗင်နီစီယပ်စ်သည် ယခုရာသီတွင် ပြိုင်ဘက်အသင်းပရိသတ်များ၏ ပစ်မှတ်ထားခံနေရပြီး လူမျိုးရေးခွဲခြားမှု အကြိမ်ကြိမ်ခံနေရသောကြောင့် ယင်းကဲ့သို့ ဝေဖန်ပြစ်တင်ခဲ့ခြင်း ဖြစ်သည်။

'' ဒီပြိုင်ပွဲမှာ အရင်တုန်းက ရော်နယ်လ်ဒင်ဟို၊ ရော်နယ်လ်ဒို၊ ခရစ္စတီယာနိုနဲ့ မက်ဆီ တို့ ရှိခဲ့တယ်။ ဒီနေ့မှာတော့ လူမျိုးရေးခွဲခြားမှု ရှိနေပါပြီ။ အဲဒါက ပထမဆုံးအကြိမ် မဟုတ်သ လို ဒုတိယအကြိမ်၊ တတိယအကြိမ်လည်း မဟုတ်ပါဘူး။ လာလီဂါမှာ လူမျိုးရေးခွဲခြားမှုက သာမန်ဖြစ်နေပါပြီ။ ဒီပြိုင်ပွဲကလည်း အဲဒီလုပ်ရပ်ကို သာမန်လို့ပဲ ထင်နေတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး''ဟု ဗင်နီစီယပ်စ်က ပြောကြားခဲ့သည်။

Most Read

Most Recent