မန်စီးတီး ဖလား(၃)လုံးအောင်ပွဲ ရယူနိုင်မည်ဟု ကာရေဂါ ယုံကြည်

မန်စီးတီး ဖလား(၃)လုံးအောင်ပွဲ ရယူနိုင်မည်ဟု ကာရေဂါ ယုံကြည်
Photo: AFP
Photo: AFP
Published 22 May 2023

Sky Sports ၏ ဘောလုံးသုံးသပ်သူ ဂျေမီကာရေဂါက မန်စီးတီးအသင်း ဖလား(၃)လုံးအောင်ပွဲ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

''သူတို့ ဖလား(၃)လုံးအောင်ပွဲရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့က အပြတ်အသတ် ရေပန်းစားနေတဲ့အသင်းအဖြစ် အင်တာမီလန်ကို ရင်ဆိုင်ရမှာပါ။ မန်ယူနဲ့ ရင်ဆိုင်ရမယ့် FA ဖလား ဗိုလ်လုပွဲမှာလည်း အတူတူပါပဲ။ သူတို့ လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပေမဲ့ အတော်လေးနီးစပ်နေပါပြီ''ဟု ကာရေဂါက ပြောကြားခဲ့သည်။

ထို့ပြင် မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုလည်း ထာဝရအကောင်းဆုံးနည်းပြများထဲမှ တစ်ဦးအဖြစ် မြင်တွေ့နေရကြောင်း၊ ၎င်းသည် မန်စီးတီးအသင်းကို ကြီးကြီးမားမားပြောင်းလဲသွားအောင် ဖန်တီးပေးနိုုင်ခဲ့သူဖြစ်ကြောင်း ချီးကျူးခဲ့သည်။

Most Read

Most Recent