ချယ်လ်ဆီးအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ပရီးမီးယားလိဂ်(၃)ရာသီဆက်ချန်ပီယံ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် အသင်း၏ အမှတ်အနည်းဆုံးရာသီဖြစ်ရန် သေချာသွားခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် (၃၆)ပွဲယှဉ်ပြိုင်ကစားအပြီးတွင် (၄၃)မှတ်သာရရှိခဲ့ပြီး လက်ကျန်နှစ်ပွဲစလုံး အနိုင်ရရှိလျှင်ပင် အများဆုံး(၄၉)သာရရှိမည်ဖြစ်သည်။
ထို့ကြောင့် ပရီးမီးယားလိဂ်ခေတ်၌ အမှတ်အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ထားသော ၁၉၉၅-၉၆ နှင့် ၂၀၁၅-၁၆ ရာသီတို့၌ ရရှိခဲ့သည့် (၅၀)မှတ်ထက် ပိုမိုလျော့နည်းကာ အမှတ်အနည်းဆုံးရာသီဖြစ်ရန် သေချာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















