အာဆင်နယ်အသင်းနည်းပြ အာတီတာက နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ကာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အဖြေထွက်ပေါ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းအတွက် အမှန်တကယ်ဝမ်းနည်းဖွယ်နေ့ရက်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
"တကယ့်ကို ဝမ်းနည်းဖွယ်နေ့ရက်ဖြစ်ပြီး ခက်ခဲတဲ့ခံစားချက်တွေလည်း အများကြီးဖြစ်ပေါ်နေပါတယ်။ (၁၀)လခွဲလောက် တိုက်ပွဲဝင်ခဲ့တဲ့နောက်မှာ ကျွန်တော်တို့ အရှုံးပေးခဲ့ရပါပြီ။ ကျွန်တော်တို့ ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေအပေါ် အခြေပြုတည်ဆောက်ပြီး အနိုင်ရဖို့ နည်းလမ်းမျိုးစုံနဲ့ လျှောက်လှမ်းခဲ့ပေမဲ့ ချန်ပီယံဆုကို လက်လှမ်းမမီခဲ့ပါဘူး။ မန်စီးတီးအသင်းကို ဂုဏ်ပြုပါတယ်။ သူတို့က ချန်ပီယံဆုနဲ့ ထိုက်တန်ပါတယ်။ သူတို့က ပွဲပေါင်း(၃၈)ပွဲအတွက် လုပ်နိုင်ခဲ့ပေမဲ့ ကျွန်တော်တို့က မလုပ်နိုင်ခဲ့ပါဘူး"ဟု အာတီတာက ပြောကြားခဲ့သည်။















