နာဂစ်၊ ဂီရိတို့ထက် အင်အားပိုပြင်းသည့် မိုခါ

နာဂစ်၊ ဂီရိတို့ထက် အင်အားပိုပြင်းသည့် မိုခါ
Published 21 May 2023
ဇော်မင်းနိုင်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သည်  မုန်တိုင်းဒဏ်များကို အဆိုးရွားဆုံး ခံစားရသည့် ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်သည်။

မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အင် အားအပြင်းထန်ဆုံးဖြစ်သည့် မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပျက်စီးမှုအများဆုံး နှင့် လေတိုက်နှုန်းအပြင်းထန်ဆုံးဟုဆိုရ မည့် မုန်တိုင်းမှာ နာဂစ်မုန်တိုင်းဖြစ်သည်။

နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က မြစ်ဝ ကျွန်းပေါ်ဒေသ၏ ဆားလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများမှာ အချိန်ကာလအတန်ကြာအ ထိ နာလန်ထူနိုင်ခြင်းမရှိခဲ့ပေ။ ရခိုင်ပြည်နယ် သည် မုန်တိုင်းနှင့် မစိမ်းသည့် ဒေသတစ်ခုဖြစ် သည်ဟု ဆိုသော်လည်း မိုခါမုန်တိုင်းက တစ် နာရီလျှင် မိုင် ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက် ခတ်ခဲ့သည်။

နာဂစ်မုန်တိုင်းသည် မူလက ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် လမ်းကြောင်းပြောင်းကာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ အစရှိသည့် နိုင်ငံ များမှာ မုန်တိုင်းသက်ရောက်မှုဒဏ်ကို ခံစား ခဲ့ရပြီး မြန်မာနိုင်ငံသည် အဆိုးရွားဆုံးအခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်း စတင်ဖြစ်ပေါ်စေမည့် လေဖိအားနည်းရပ်ဝန်းမှာ ၂၀၀၈ ခုနှစ် ဧပြီ ၂၇ ရက်တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး မေ ၁ ရက်မှ စတင်ကာ မုန်တိုင်းအဖြစ် အသွင်ပြောင်းခဲ့ သည်။ မုန်တိုင်းသည် မြန်မာနိုင်ငံ ကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေ ၂ ရက်တွင် စတင်ဝင်ရောက် လာခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ကာ ကြီး မားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူဦးရေသိန်းနှင့်ချီသေဆုံးပြီး ပျက်စီးဆုံးရှုံး မှု တန်ဖိုး ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ) ကျော်ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့ သော မုန်တိုင်းများအနက်ပျက်စီးဆုံးရှုံးမှု   အများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်ကို ၂၀၁၀ ပြည့်နှစ်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်းထက်လည်း မိုခါမုန်တိုင်းက ပြင်း ထန်ခဲ့သည်။

ဂီရိမုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ပင်လယ်ကမ်းရိုးတန်း တစ် လျှောက်သို့ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းမှ စတင်ဝင်ရောက် တိုက် ခတ်ခဲ့သည်။ ဂီရိ အပူပိုင်းဆိုင်ကလုန်းမုန် တိုင်းကြီးသည် လေဖိအားနည်းရပ်ဝန်းအဖြစ် အောက်တိုဘာ ၁၉ ရက်တွင် စတင်ဖြစ်ပေါ် ခဲ့ပြီး စတင်ဖြစ်ပေါ်ရာနေရာမှာ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းဖြစ်သည်။

လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ် အဖြစ်သို့ အောက်တိုဘာ ၂၀ ရက်တွင် ရောက်ရှိခဲ့သည့် ဂီရိမုန်တိုင်းမှာ  အားပိုမို ကောင်းလာခဲ့ပြီး ယင်းအဆင့်တွင် တစ်နာရီ လေတိုက်နှုန်း ၄၅ မိုင် ဝန်းကျင်သာရှိခဲ့ သော် လည်း အောက်တိုဘာ ၂၂ ရက်တွင်မူ လိမ္မော် ရောင်အဆင့်သတ်မှတ်သည့် မုန်တိုင်း ငယ်မှ အနီရောင်အဆင့်ရှိသည့် အားကောင်း သော မုန်တိုင်းအဖြစ်သို့ ပြောင်းလဲခဲ့သည်။

ကုန်းတွွင်းပိုင်းသို့ စတင်ဝင်ရောက်ချိန် တွင် ဂီရိမုန်တိုင်း၏ လေတိုက်နှုန်းက တစ် နာရီလျှင် မိုင် ၁၀၀ ခန့်ရှိပြီး တစ်ခါတစ်ရံ မိုင် ၁၂၀ အထိရှိခဲ့သည်။ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီတွင် အားအလွန်ကောင်းလာ သည့် ဆိုင်ကလုန်းမုန်တိုင်းဂီရိသည် ရခိုင် ကမ်းရိုးတန်းကို ကျောက်ဖြူမြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ နောင်တော်ကျွန်း၊ အဇင် ကြီးကျွန်းနှင့် ကျွန်းသာယာကျွန်းများအနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ သည်။

ဂီရိမုန်တိုင်းမှာ အောက်တိုဘာ ၂၃ ရက် တွင် ရခိုင်ရိုးမကိုဖြတ်ကျော်ပြီး မကွေးတိုင်း ဒေသကြီးမှ မန္တလေးတိုင်းဒေသကြီးရှိ ညောင် ဦးမြို့ အနီးတစ်ဝိုက်တွင် မွှေနှောက်တိုက်ခတ် ခဲ့သည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၂၃ ရက် ညနေတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြောင်မြို့နယ် (မုံရွာမြို့ အရှေ့မြောက်ဘက်မိုင် ၃၀ ခန့်အ ကွာ) တွင် ရပ်၍မွှေနှောက်သည်။ ညနေ ၅ နာရီခွဲတွင် မုံရွာမြို့မြောက်ဘက် မိုင်၂၀ ကျော်ရှိ ဘုတလင်မြို့တွင် နောက်ဆုံးတိုက် ခတ်ခဲ့ပြီးမှ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲကာ အားပျော့ပျက်ပြယ်သွားခဲ့ သည်။

ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် မြို့နယ် ခုနစ်မြို့နယ် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့သည်။ မကွေးတိုင်းဒေသကြီးတွင် ခုနစ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လေးမြို့နယ် မုန်တိုင်းဒဏ်သင့်၍ ပျက်စီးဆုံး ရှုံးမှုများရှိခဲ့သည်။ ကျေးရွာပေါင်း ၇၁ ရွာမုန် တိုင်း ဒဏ်ခံခဲ့ရသည်။ အနည်းဆုံးလူဦးရေ ၂၆၀၀၀၀ မျှ မုန်တိုင်းဒဏ်ခံခဲ့ရပြီး လူပေါင်း ၁၀၀၀၀ တို့ ဆိုးရွားစွာခံစားခဲ့ရပြီး ၄၅ ဦး သေဆုံးခဲ့သည်။

မုန်တိုင်း၏ ဗဟိုချက်လမ်းကြောင်းတွင် ရှိသော မြေပုံမြို့တွင် ပျက်စီးမှုရာခိုင်နှုန်း ၉၀ ရှိသည်။ ကျောက်ဖြူမြိုတွင် ရာခိုင်နှုန်း ၇၀ ပျက်စီးသည်။ မင်းပြား၊ စစ်တွေ၊ အမ်း၊ ပေါက် တော၊ မာန်အောင်မြို့နယ်များနှင့် ထို မြို့နယ် များရှိကျေးရွာများစွာ အထိနာခဲ့သည်။

နာဂစ်၊ ဂီရိတို့ထက် အင်အားပိုပြင်းသည့် မိုခါ

မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်သို့ ဝင် ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းမှာ နာဂစ်မုန်တိုင်းထက် အင်အားပြင်းထန် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးလှထွန်းက သူ ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။

“ နှစ်ခုစလုံးကတော့ အလွန့်အလွန် အား ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (extremely severe cyclonic storm)  ချည်းပါပဲ။ ပြင်းအား (လေတိုက်နှုန်းနဲ့ လေဖိအားကျဆင်းမှု) ကတော့ ဆိုင်ကလုန်းနာဂစ်က ဘင်္ဂလားပင်လယ်အော်နဲ့ အာရေဗျပင်လယ်တို့အတွက် မုန်တိုင်းခန့် မှန်းရေးဗဟိုဌာနဖြစ်တဲ့ ဒေသဆိုင်ရာ မိုးလေဝသအထူးပြုဌာန (Regional specialized meteorological center-RSMC India) က မုန်တိုင်းဟာ တစ်နာရီ ၁၀၅ မိုင်ဖြစ်ပြီး လေထုဖိအားကျဆင်းမှုက ၉၆၂ ဟက်တိုပါစကယ်ဖြစ်ပါတယ်။ Joint Typhoon Warning Center က တစ်နာရီ မိုင် ၁၃၀ ဖြစ်ပြီး လေထုဖိအားကျဆင်းမှုက ၉၃၇ ဟက်တိုပါစကယ်ဖြစ်ပါတယ်။ ဆိုင်ကလုန်း မိုခါက ဘင်္ဂလားပင်လယ်အော်နဲ့ အာရေဗျ ပင်လယ်တို့အတွက် မုန်တိုင်းခန့်မှန်းရေးဗဟို ဌာနဖြစ်တဲ့ ဒေသဆိုင်ရာ မိုးလေဝသအထူးပြု ဌာန ((Regional specialized meteorological center - RSMC-India)

) က မုန်တိုင်းဟာ တစ်နာရီ မိုင် ၁၃၀ ဖြစ်ပြီး လေထုဖိအားကျ ဆင်းမှုက ၉၃၁ ဟက်တိုပါစကယ်ဖြစ်ပါတယ်။ဲ Joint Typhoon Warning Center က တစ်နာရီ ၁၇၅ မိုင်ဖြစ်ပြီး လေထုဖိအားကျဆင်းမှုက ၉၁၈ ဟက်တိုပါစကယ်ဖြစ်ပါတယ်။ ကျွန် တော်တို့ကတော့ RSMC India က အချက်အလက်ကိုပဲ လိုက်နာရမှာဖြစ်ပါတယ်။ ဒါကြောင့် နာဂစ်ထက် မိုခါက အင်အားပိုပြင်းပါ တယ်။ ဖျက်ဆီးနိုင်စွမ်းကတော့ အတူတူပါ ပဲ။ သို့သော်လည်း မုန်တိုင်းဖြတ်သန်းရာ နေရာပေါ်မူတည်ပြီး အပျက်အစီး (သက်ရှိသက်မဲ့) ကတော့ မတူနိုင်ပါဘူး။ ဒီအပြင် ပြည်သူ တို့ရဲ့အသိ၊ ကြိုတင်ပြင်ဆင်မှုအပေါ်မှာ မူတည်ပါတယ်”ဟု ဦးလှထွန်းက ရေးသားထားသည်။

ဂီရိမုန်တိုင်းမှာလည်း လေတိုက်နှုန်း တစ်နာရီမိုင် ၁၀၀ ကျော်သာရှိခဲ့ပြီး လေတိုက် နှုန်းအမြင့်ဆုံးမှာ ၁၂၀ မိုင်ခန့်သာရှိသဖြင့် မိုခါမုန်တိုင်းမှာ ယင်းမုန်တိုင်းနှစ်ခုထက် ပိုမို အားပြင်းခဲ့သည်ကို တွေ့့ရသည်။

မိုခါမုန်တိုင်း မတိုက်ခတ်မီကပင် UN နှင့် EU လက်အောက်ခံ မိုးလေဝသခန့်မှန်း သည့် ဌာနတစ်ခုဖြစ်သည့် ကမ္ဘာ့သဘာဝဘေး သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) က ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကုန်းတွင်းပိုင်း သို့ ဝင်ရောက်ချိန်တွင် Category 4 အဆင့်ရှိ အင်အားပြင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိ နိုင်ပြီး နာဂစ်မုန်တိုင်းကဲ့သို့ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ ကျော်အထိ တိုက်ခတ်နိုင် ကြောင်း ခန့်မှန်းခဲ့သည်။

ထိခိုက်ခံစားရမည့် လူဦးရေ စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးတွင်ရှိနေပြီး ရခိုင်ပြည် နယ်တွင် လူဦးရေ ၉၇၀ç၀၀၀ ကျော်၊ စစ်ကိုင်း တိုင်းတွင် လူဦးရေ ၆၀၀၀၀၀၊ မကွေးတိုင်းတွင် လူဦးရေ ၁၂၀၀၀၀၊ ချင်းပြည်နယ်တွင် လူဦး ရေ ၃၆၀၀၀၀ မုန်တိုင်းဒဏ်ကို ခံစားရမည်ဟု GDACS က ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတွင် လူဦးရေ နှစ်သိန်းခွဲကျော်၊ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်တွင် လူဦးရေ ၄၅၀၀၀ ခန့် မုန်တိုင်း ဒဏ်ကို ခံစားရမည်ဟု ယင်းဌာနက ခန့်မှန်းခဲ့ သည်။

မုန်တိုင်းမတိုက်ခတ်မီ တစ်ရက်အလို တွင် မိုခါမုန်တိုင်းမှာ CAT-5  အဆင့်သို့ ရောက်ရှိလာပြီး ပင်လယ်ပြင်တွင် တိုက်ခတ် နေကြောင်း၊ ယင်းမုန်တိုင်းမှာ အလွန်အား ကောင်းသော မုန်တိုင်းအဖြစ်နှင့် ရခိုင်ပြည် နယ်သို့ဖြတ်ကျော်ဝင်ရောက်မည်ဟု ယင်း ဌာနက ပြောင်းလဲခန့်မှန်းခဲ့သည်။

မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများ

အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင် ပြည်နယ် မြောက်ပိုင်းမြို့များဖြစ်သည့် စစ် တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်၊ မြောက်ဦး အစရှိသည့် မြို့များတွင် အစိုးရဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများ၊ ကျောင်းများ၊ လူနေအိမ်ခြေများ ပျက်စီးခဲ့သည်။

မေ ၁၈ ရက် မွန်းလွဲပိုင်းအထိ စာရင်းအ ရ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေအိမ် ၁၈၃၀၂၄ လုံးပျက်စီးခဲ့ပြီး သေဆုံးသူစုစု ပေါင်း ၁၄၅ ဦး ရှိလာသည်ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ခဲ့ သည်။

မေ ၁၈ ရက် မွန်းလွဲပိုင်းအထိ ရရှိသော စာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုတွင် နေအိမ် ၁၈၃၀၂၄ လုံး၊ သာသ နိက အဆောက်အအုံ ၁၇၁၁ လုံး၊ ဘုန်းတော် ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီး တိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးခု၊ စျေး တစ်ခု၊ လေဆိပ်နှစ်ခု၊ ဌာနဆိုင်ရာ အဆောက် အအုံ ၃၄၀ လုံး ပျက်စီးခဲ့သည်။

ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့ နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် ဒေသခံပြည်သူ ခြောက် ဦးနှင့် IDP Camp မှ ၉၁ ဦး စုစုပေါင်း ၉၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ မေ ၁၇ ရက် မွန်း လွဲပိုင်းအထိ ရရှိသည့်စာရင်းများအရ သေ ဆုံးသူ ၄၈ ဦးရှိကြောင်း ထုတ်ပြန်ထားရာ အဆိုပါနှစ်ရက်ပေါင်း ရရှိသော စာရင်းများ အရ သေဆုံးသူ စုစုပေါင်း ၁၄၅ ဦး အထိရှိလာ ခဲ့သည်။

ရခိုင်ပြည်နယ်တွင်မြို့နယ် ၁၇ မြို့ နယ်မှ နေအိမ် ၁၈၂၅၉၈ လုံး၊ ရုံး ၃၀၀ လုံး၊ စာသင် ကျောင်း ၁၃၅၂ လုံး၊ ဆေးရုံ၊ ဆေးခန်း ၂၂၀ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇၀၁ လုံး၊ အခြားပျက်စီးမှု ၁၀၁၄ ခု၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၆၅ ရွာမှ နေအိမ် ၃၁ လုံး၊ သာသနိကအဆောက် အအုံ တစ်လုံး၊ ဘုန်းတော်ကြီးကျောင်းတစ် ကျောင်း၊ စာသင်ကျောင်း ခုနစ်ကျောင်း၊ ဆက်သွယ်ရေးတာဝါတိုင် နှစ်တိုင်၊ ဓာတ်မီး တိုင် ၆၀ တိုင်၊ ထရန်စဖော်မာ နှစ်လုံး၊ ဌာန ဆိုင်ရာ အဆောက်အအုံ ခြောက်လုံး၊ ဘော လုံးကွင်း နှစ်ကွင်း၊ အုတ်တံတိုင်း/နံရံ ၃၄ ခု၊ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ နေအိမ် နှစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ် ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက် /ကျေးရွာ ၁၁၄ ရွာမှ နေအိမ် ၁၃၁ လုံး၊ သာ သနိကအဆောက်အအုံ တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း ငါးကျောင်း၊ စာသင် ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ဆေးခန်း ငါး ခု၊ ဓာတ်မီးတိုင် ကိုးတိုင်၊ ဌာနဆိုင်ရာ အ ဆောက်အအုံ သုံးလုံး၊ အခြားပျက်စီးမှု လေး ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း မေ ၁၈ ရက် စာရင်း များအရ သိရသည်။

မုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းတွင် ပါဝင်ခဲ့သည့် ချင်းပြည်နယ်တွင်လည်း ရပ် ကွက်/ကျေးရွာ ၂၄ ရွာမှ နေအိမ် ၁၂၉ လုံး၊ သာသနိကအဆောက်အအုံ တစ်လုံး၊ ဘုန်း တော်ကြီး ကျောင်းနှစ်ကျောင်း၊ စာသင် ကျောင်းတစ်ကျောင်း၊ ဆေးရုံ/ဆေးခန်း နှစ်ခု၊ ဓာတ်မီးတိုင် လေးခု၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၀ ခု၊ ဘောလုံးကွင်း တစ် ကွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ် ကွက်/ကျေးရွာ ၂၃ ရွာ၊ နေအိမ်သုံးလုံး၊ ဆက်သွယ်ရေးတာဝါတိုင် ခြောက်တိုင်၊ ဓာတ် မီးတိုင် နှစ်တိုင်၊ ထရန် စဖော်မာတစ်လုံး၊ အုတ်တံတိုင်း/နံရံ ၂၆ ခု၊ တံတား သုံးစင်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု မေ ၁၈ ရက်တွင် နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန် ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၇၂ ရွာမှ နေအိမ် ၁၁၃ လုံး၊ ဆက် သွယ်ရေးတာဝါတိုင် နှစ်တိုင်၊ ဓာတ်မီးတိုင် တစ်တိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၄ ရွာမှ နေအိမ် လေး လုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ ၆၇ ခု၊ ရာသီသီးနှံစိုက်ခင်း ၁၅၆ ခင်း၊ တံတား တစ်စင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတစ်ရွာမှ သာသနိက အဆောက်အ အုံ  လေးခု၊ မွန် ပြည်နယ်အတွင်း ရှိ ရပ်ကွက်/ကျေးရွာ လေးရွာမှ နေအိမ် တစ် လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဓာတ်မီးတိုင် ၁၄ တိုင် ပျက်စီးဆုံးရှုံးခဲ့သည်ဟု မေ ၁၈ ရက် တွင် ထုတ်ပြန်သည့်စာရင်းများအရ သိရ သည်။

ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးမှု ပမာဏကို အတိအကျကောက်ယူရန် ခက်ခဲနေပြီး မျက်မြင်တွေ့ရှိချက်များအရ ပျက်စီးဆုံးရှုံးမှု များ ပြင်းထန်ကြောင်း UNDP Myanmar က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၏ လတ်တလော ဆက် သွယ်ရေးအခက်အခဲများနှင့် စိန်ခေါ်မှုများ ကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို အတိအ ကျ ကောက်ယူရရှိရန် ခက်ခဲနေကြောင်း၊ သို့ သော်လည်း ကျွန်ုပ်တို့မြင်တွေ့ကြားသိနေရသည့်အတိုင်း ဆိုင်ကလုန်းမိုခါကြောင့် ပျက် စီးဆုံးရှုံးမှု များပြားပြင်းထန်သည်ကို တွေ့ ရ ကြောင်း၊ နေအိမ်များ ပြိုလဲပျက်စီးခြင်း၊ တံ တားများ ပြိုကျခြင်းနှင့် နေရာအနှံ့ရေကြီးရေ လျှံခြင်းများစွာ ရှိနေသည်ဟု UNDP Myanmar က ထုတ်ပြန်ထားသည်။

မုန်တိုင်းတိုက်ခတ်အပြီး တစ်ပတ်နီးပါး ကြာသည်အထိ မြေပြင်တွင် ပျက်စီးဆုံးရှုံးမှု များကို အသေးစိတ်ကောက်ယူနိုင်ခြင်းမရှိ သေးဘဲ လမ်းများပိတ်ဆို့နေခြင်း၊ အချို့ သော ကျေးရွာများတွင် ဆက်သွယ်ရေးစနစ်  ပြတ်တောက်နေခြင်းများက အဓိက အခက် အခဲဖြစ်နေသည်ဟု မြေပြင်တွင်ကူညီကယ် ဆယ်ရေးလုပ်ဆောင်နေသူများက ပြော ကြားသည်။

မြေပြင်က အခက်အခဲများ

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင် ပြည်နယ် စစ်တွေ၊ ကျောက်တော်၊ ရသေ့ တောင် အစရှိသည့်မြို့များတွင်သာမက ယင်းမြို့နယ်များတွင် ပါဝင်သည့်ကျေးရွာ များမှာ ရွာလုံးကျွတ်ပျက်စီးဆုံးရှုံးခဲ့သည်။

“ရခိုင်ပြည်အနှံ့မှာ  INGO တွေ၊  NGO မှာ ဂိုဒေါင်တွေက အကြီးကြီးတွေနဲ့ အဲဒီဂိုဒေါင်တွေကို ဖွင့်ပြီးတော့ ကူညီစေချင်တယ်။  မြန်မာနိုင်ငံ၊ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ NGO, INGO တွေ ရုံးတွေ ရခိုင်ပြည်မှာ အများဆုံး။ ခင်ဗျားတို့ဆီမှာ ပစ္စည်းတွေ၊ ပိုက်ဆံတွေ၊ နည်းပညာတွေ၊ ရင်းမြစ်တွေက အများကြီး။ ခင်ဗျားတို့ ပါဝင်ဖို့ မေတ္တာရပ်ခံ ပါတယ်။ ကျွန်တော်တို့ ဒေသခံလူမှုအဖွဲ့ အစည်းလောက်နဲ့ မနိုင်တော့ဘူး။ ရခိုင် ပြည်သူကိုယ် စား ကူပေးဖို့ မေတ္တာရပ်ခံပါ တယ်”ဟု ရခိုင်ဒေသခံစာရေးဆရာ ဝေဟင် အောင်က ၎င်း၏  လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။

ကျေးရွာများတွင် အဓိက လိုအပ်ချက် မှာ သောက်သုံးရေအခက်အခဲဖြစ်နေပြီး ကျေးရွာများရှိ ရေတွင်းရေကန်များမှာ မုန် တိုင်းကြောင့် ဆားငန်ရေဝင်ရောက်ခဲ့သဖြင့် ပျက်စီးခဲ့သည်။

“ ပေါက်တောမြို့နယ်ငပြီကျွန်း သရက် တောရွာကန်ကို စုပ်ထုတ်တယ်။ ဒီရွာကို ကျွန်တော်ကိုယ်တိုင်သွားရောက်ခဲ့တယ်။ လူတွေကတောင် သောက်စရာ သုံးစရာ ရေ မရှိတော့ ကျွဲ နွား တိရစ္ဆာန်တွေ ရေမသောက် ရဘဲ တဖြုတ်ဖြုတ်သေတာကို မျက်မြင်ကိုယ် တွေ့ တွေ့ခဲ့ရတယ်”ဟု စာရေးဆရာဝေဟင် အောင်က ပြောကြားသည်။

ကန်များကို မိုးမကျမီ ရေစုပ်ထုတ်နိုင်မှ သာ ဒေသခံရွာသူရွာသားများအတွက် သောက်သုံးရေအခက်အခဲက ပြေလည်မည် ဖြစ်ကြောင်း၊ အချိန်မီ မလုပ်ဆောင်ပါက ရေ ရှားပါးသည့် ပြဿနာကို ရင်ဆိုင်ရမည်ဖြစ် ကြောင်း စာရေးဆရာဝေဟင်အောင်က သုံး သပ်သည်။

“မုန်တိုင်းဗဟိုချက်အဓိကဖြတ်တဲ့ နေ ရာဖြစ်တဲ့ ရသေ့တောင်မြို့နယ်နဲ့ မောင် တော မြို့နယ်အစပ်ကြား ဒီရွာတွေဟာ ထမင်းချက်စားဖို့ ဆန်မရှိတာထက် ချက်စား ဖို့ အိုးပင်မရှိဘူး။ ရေမရှိတာထက် ရေခပ်ဖို့ ခွပ်ပင်မရှိ။ မိုးရွာရင် မိုးရည်နဲ့ မျက်ရည်ကို ခွဲမကွဲဘူး။ ကျွန်တော့်အနေနဲ့ အခုမုန်တိုင်း မှာ အဆိုးဆုံးနေရာလို့ သတ်မှတ်တယ်။ အမှန်က ကျွန်တော် တောက်လျှောက်ကူနေ တယ်။ မနိုင်တော့ဘူး။ အပျက်အစီးက နေရာတိုင်းဆိုတော့ လက်မမီဘူး။ ဒီကြားထဲ ကိုဝေဠုကျော်နဲ့ တခြားစေတနာရှင်တို့ အုပ်စုတွေက ဝင်ရောက်ကူပေးလို့ ကျေးဇူး တင်နေရတယ်။ ဒီကြားထဲ ဖုန်းလိုင်းက မမိ တော့ ဖုန်းကသုံးလို့မရ။ အင်တာနက်က လည်း ဒီအတိုင်းပါ။ ရေကန်တွေအကုန်လုံး လည်း ဆားရေဝင်သွားတယ်။ ရေစုပ်ရမယ်။  အဲဒီရွာတွေက ပြည်ပရောက်လူငယ်တွေ ကိုယ်ကအိမ်ကို ကိုယ့်ပိုက်ဆံ ဖိဖိစီးစီးထည့် ပေးကြ။ မိုးမရွာမီ အမိုးအကာအောက်ကို မရောက်ရင် အစုလိုက်အပြုံလိုက်သေကြ လိမ့်မယ်။ အဲဒီပိုက်ဆံတွေဟာ မုန်တိုင်းထဲ အလှူ ပဲ” ဟု စာရေးဆရာ ဝေဟင်အောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် မောင်တော- အငူမော်ကား လမ်း (အင်းဒင်မှ အငူမော်ကားလမ်းဘေး တစ်လျှောက်) တွင် မုန်တိုင်းတိုက်ခတ်မှု ကြောင့် နွားကောင်ရေ ထောင်နှင့်ချီ သေဆုံး ခဲ့သည်။

“အခု အဲဒီလမ်းပိုင်းကိုသွားရင် နှာ ခေါင်းတွေ ပိတ်သွားရတယ်။ နောက်ရက် တွေဆို ပိုဆိုးလာလိမ့်မယ်။ ရှင်းလင်းရေးတွေ ဘာမှကို မလုပ်ရသေးဘူး။ ရှင်းလင်းဖို့ကို လည်း လိုအပ်ချက်တွေက ရှိနေတယ်။ အခု တော့ တတ်နိုင်သမျှတော့ လိုက်လံကူညီနေ တယ်။ အကူအညီပေးနိုင်တာနဲ့ လိုအပ်တာ ဆိုရင် လိုအပ်တာက ပိုများနေတယ်” ဟု မောင်တောမြို့နယ်ကရုဏာကွန်ရက်မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုခါမုန်တိုင်းမှာ နာဂစ်မုန်တိုင်းထက် ပိုမိုအားပြင်းခဲ့ပြီး ပျက်စီးမှုမှာလည်း နာဂစ် မုန်တိုင်းနီးပါးရှိခဲ့သည်။

သို့သော် မည်မျှပျက်စီးခဲ့သည်ကို မုန် တိုင်းတိုက်ခတ်အပြီး တစ်ပတ်နီးပါးကြာသည် အထိ အသေးစိတ်စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပေ။

နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့သည့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် အချိန်ယူခဲ့ရပြီး ရုပ် ဝတ္ထုပစ္စည်းများကို အတန်အသင့်ဖြည့်ဆည်း နိုင်ခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာကိုမူ ကုစား ပေးနိုင်ခြင်းမရှိသေးပေ။ လက်ရှိတွင်လည်း ရခိုင်ပြည်နယ် မိုခါမုန်တိုင်းတိုက်ခတ်မှု ကြောင့်ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့်အမျှ အာရုံစိုက်လုပ်ကိုင်မှသာ အလျင်အမြန်ဖြည့် ဆည်းနိုင်မည်ဖြစ်သည်။

မိုခါမှာ ပျက်စီးအားပြင်းထန်ခဲ့သည့် မုန်တိုင်းများတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ၎င်းင်းကပေးခဲ့သည့် ဒဏ်ရာဒဏ်ချက်များကို အချိန်ပေးကုစားရတော့မည်ဖြစ်သည်။ စစ် ဘေးရှောင်ရခိုင်ပြည်သူမှာ လက်ရှိတွင် မုန် တိုင်းရှောင်ပြည်သူများဖြစ်ပြီး မုန်တိုင်း၏ ဒဏ်ကို ခံစားနေရသည့်အချိန်လည်းဖြစ် သည်။