မော်ရင်ဟို၏ ရိုးမားအသင်းသည် ဗိုလ်လုပွဲတွင် မည့်သို့ကစားရမည်ကို သိရှိသည့်အသင်းဖြစ်ကြောင်း ဆီဗီလာကွင်းလယ်ကစားသမား ဆူဆို ပြောကြား

မော်ရင်ဟို၏ ရိုးမားအသင်းသည် ဗိုလ်လုပွဲတွင် မည့်သို့ကစားရမည်ကို သိရှိသည့်အသင်းဖြစ်ကြောင်း ဆီဗီလာကွင်းလယ်ကစားသမား ဆူဆို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 20 May 2023

 

ဆီဗီလာကွင်းလယ်ကစားသမား ဆူဆိုက ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် ကမ္ဘာကျော်နည်းပြ မော်ရင်ဟို၏ ရိုးမားအသင်းသည် ဗိုလ်လုပွဲများတွင် မည့်သို့အနိုင်ကစားရမည်ကို သိရှိသည့်အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဆီဗီလာအသင်းသည် မေလ ၁၈ ရက်က ကစားခဲ့သည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းကို အချိန်ပိုတွင် သွင်းယူခဲ့သည့် ဆူဆို၏သွင်းဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ဆီဗီလာအသင်းအနေ သည် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အီတလီကလပ် ရိုးမာအသင်းနှင့် ကစားရမည်ဖြစ်သည်။ 

ဆီဗီလာအသင်းသည် ယူရိုပါလိဂ်ဖလားကို ခြောက်ကြိမ်အထိ ရယူထားပြီး ပြိုင်ပွဲသမိုင်းတွင် အအောင်မြင်ဆုံးအသင်းအဖြစ် စံချိန်တင်ထားပြီး ရိုးမားအသင်းမှာမူ အသင်းသမိုင်းတစ်လျှောက် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဆူဆိုက ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် တွေ့ဆုံမည့် ရိုးမားအသင်းကို လျှော့မတွက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆူဆိုက "ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ မန်ယူအသင်းကို အနိုင်ရခဲ့တာပါ။ ပြီးတော့ အင်အားတောင့်တင်းတဲ့ အသင်းတွေကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ဗိုလ်လုပွဲမှာတော့ မော်ရင်ဟိုရဲ့အသင်းနဲ့ ကျွန်တော်တို့ ကစားရမှာပါ။ ရိုးမားအသင်းဟာ မော်ရင်ဟို လိုချင်တဲ့ပုံစံအတိုင်း တည်ဆောက်ထားတဲ့အသင်းဖြစ်ပြီး သူတို့ဟာ ဗိုလ်လုပွဲတွေမှာ ဘယ်လိုကစားရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent