ထိုင်းရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်း

ထိုင်းရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်း
Published 18 May 2023
ဖြိုးဟိန်းကျော်

ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲ တွင် Move Forward (ရှေ့သို့ချီ) ပါတီ ထိပ်ဆုံးမှ ပြတ်ပြတ်သားသား အနိုင်ရစေရန် ထိုင်းပြည်သူများက မဲရုံများတွင် ၎င်းတို့၏ဆန္ဒများကို ထုတ်ဖော်ပြသခဲ့သည်မှာ ပေါ်လွင် ထင်ရှားနေသည်ဟု ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်းဖြစ်သူ ပီတာ လင်ဂျာရွန်ရတ်က ပြောကြားခဲ့သည်။

Move Forward ပါတီဟာ ထိုင်းအစိုး ရသစ်ကိုဖွဲ့စည်းရာမှာဦးဆောင်ဖို့ အဆင်သင့်ရှိနေပြီဆိုတာကို ဒီနေရာကနေ အတိ အလင်းပြောကြားလိုပါတယ်”ဟုလည်း ၎င်းင်း ကပြောကြားသည်။

မေ ၁၄ ရက်တွင် ကျင်းပခဲ့သည့် ထိုင်း အထွေထွေရွေးကောက်ပွဲ၏ ကနဦး မဲရလဒ် များအရ အတိုက်အခံပါတီများဖြစ်သည့် Move Forward နှင့် ဖျူထိုင်းပါတီတို့သည် ယခင်အစိုးရနှင့် ဆက်နွှယ်နေသည့်ပါတီများ ကို ပြတ်ပြတ်သားသားအနိုင်ရခဲ့သည်။

အောက်လွှတ်တော်အမတ်ဦးရေ ၅၀၀ ကို ရွေးကောက်တင်မြှောက်ရန် ယခုရွေး ကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ Move Forward ပါတီအနေဖြင့် အောက်လွှတ်တော် တွင် အမတ်နေရာအများစုကို ရရှိထားသော် လည်း နောက်တက်မည့်အစိုးရကိုဖွဲ့နိုင်ရန် နှင့် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးနှင့် လက်ရှိဝန် ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ကိုးနှစ်နီးပါး အုပ်စိုးမှုကို အဆုံးသတ်နိုင်ရန် အာမခံချက် မရှိသေးပေ။

အမတ်နေရာအများစုကို မည်သည့်ပါတီရရှိထားသနည်း

မေ ၁၄ ရက် ရွေးကောက်ပွဲတွင် မဲပေး ခွင့်ရှိသည့် ပြည်သူ ၅၂ သန်းအနက် ၇၅ ရာ ခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့သည်ဟု ထိုင်းရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။ ယင်းသည် ထိုင်းတွင် မဲပေးသူဦး ရေ စံချိန်တင် လာရောက်ခဲ့ခြင်းလည်းဖြစ် သည်။ ရွေးကောက်ပွဲကော်မရှင်သည် ဆန္ဒမဲ ၉၉ ရာခိုင်နှုန်းခန့်ကို ရေတွက်ပြီးဖြစ်သည်။

ကနဦးမဲရလဒ်များအရ Move Forward  ပါတီသည် အမတ်နေရာ ၁၅၁ နေရာဖြင့် အများ ဆုံးအနိုင်ရရှိထားပြီး ၎င်း၏နောက်တွင် ဖျူ ထိုင်းပါတီက အမတ်နေရာ ၁၄၁ နေရာဖြင့် ဒုတိယအများဆုံးဖြစ်ကာ bhumjaithai(ဖူမ်ဂျိုင်ထိုင်း) ပါတီက အမတ်နေရာ ၇၀ ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ် ၏ ပါလန်ပရာချရတ်ပါတီမှာမူ အမတ်နေ ရာ ၄၀ ရရှိထားပြီး ဝန်ကြီးချုပ် ပရာယွတ်၏ ညီညွတ်သောထိုင်းနိုင်ငံပါတီက အမတ်နေ ရာ ၃၆ နေရာသာ ရရှိထားသည်။ ထိုင်းနိုင်ငံ ၏ သက်တမ်းအကြာဆုံးပါတီဖြစ်သည့် ဒီမို ကရက်ပါတီက အမတ်နေရာ ၂၅ နေရာ၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပရာချာချက်ပါ တီက အမတ်နေရာ ၉ နေရာ အသီးသီးရရှိ ထားသည်။

မည်သို့ဆက်ဖြစ်နိုင်သနည်း

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တ ရားဝင်မဲရလဒ်များကိုကြေညာရန် အချိန်ယူရ မည်ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း ရွေးကောက်ပွဲကျင်းပပြီး သီတင်းပတ်များနှင့် ချီကြာပြီးမှသာ တရားဝင်မဲရလဒ်များကို ကြေ ညာခဲ့သည်။ ထိုအချိန်အတောအတွင်း နိုင်ငံ ရေးပါတီများသည် ညွန့်ပေါင်းအစိုးရဖွဲ့ရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ဖွယ်ရှိ သည်။

Move Forward  ပါတီခေါင်းဆောင် ပီတာက ၎င်းအနေဖြင့် ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ် ဖြစ်လာရန် အသင့်ဖြစ်နေပြီဟု မေ ၁၅ ရက် က အတိအလင်းပြောကြားခဲ့ပြီး ၎င်းပါတီ သည် လူများစုအစိုးရတစ်ရပ်ဖွဲ့နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

ဖျူထိုင်းအပါအဝင် အခြားပါတီ ငါးပါတီ နှင့် ခြောက်ပါတီညွန့်ပေါင်းဖွဲ့နိုင်ရန် ကြိုးပမ်း သွားမည်ဟု ပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပီတာက ပြော ကြားခဲ့ပြီး ဖျူထိုင်းပါတီကလည်း Move Forward  ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ရန် ဆန္ဒရှိကြောင်း အရိပ်အမြွက်ပြော ဆိုထားသည်။

ကျန်ပါတီများမှာ ပရာချာချက်၊ thai sang thai နှင့် ထိုင်းလစ်ဘရယ်ပါတီတို့ဖြစ် ကြပြီး ခြောက်ပါတီ စုစုပေါင်း ရရှိထားသော အမတ်နေရာ ၃၀၈ နေရာ ရှိသည့်အတွက် အမတ်နေရာ ၅၀၀ ရှိ အောက်လွှတ်တော်တွင် လူများစုအစိုးရဖွဲ့နိုင်ရန် လုံလောက်သော အရေအတွက်ကို ပိုင်ဆိုင်သွားမည်ဖြစ်သည်။

၎င်း၏ပါတီသည် fair ပါတီနှင့်လည်း ဆွေး နွေးလျက်ရှိကြောင်း ပီတာက ပြောကြားထား ပြီး ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်မည်ဆို လျှင် အဆိုပါညွန့်ပေါင်းအဖွဲ့သည် အမတ် နေရာ ၃၀၉ နေရာအထိ ရှိလာမည်ဖြစ်သည်။

အထက်လွှတ်တော်၏ အခန်းကဏ္ဍ

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဝန်ကြီးချုပ်ကို အမတ်ဦးရေ ၅၀၀ ရှိ အောက်လွှတ်တော်နှင့် အမတ်ဦးရေ ၂၅၀ ရှိ အထက်လွှတ်တော်တို့က ရွေးကောက်တင် မြှောက်မည်ဖြစ်သည်။

ထိုင်းစစ်တပ်အကြီးအကဲဟောင်း ပရာ ယွတ်သည် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်း မှုကိုဦးဆောင်ကာ ဒီမိုကရေစီနည်းလမ်းတ ကျရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီးက တည်းက တိုင်းပြည်အာဏာကို ဆုပ်ကိုင်ထား ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ပရာယွတ်ဦးဆောင် သော စစ်တပ်အစိုးရဖြစ်သည့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေး ကောင်စီ (NCPO) သည် လက်ရှိအထက်လွှတ် တော်အမတ် ၂၅၀ ကို ရွေးချယ်တင်မြှောက်ခဲ့ သည်။

ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရမည့် သူသည် လွှတ်တော်နှစ်ရပ်ပေါင်းမှ အမတ်ဦး ရေထက်ဝက်ကျော်၏ ထောက်ခံမှုကိုရရှိရန် လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ စစ်တပ် ကျောထောက်နောက်ခံပြု အထက်လွှတ် တော်သည် ဝန်ကြီးချုပ်ကို ရွေးချယ်တင် မြှောက်ရာတွင် အဆုံးအဖြတ်ပေးခွင့်ရှိသည့် အတွက် သြဇာကြီးမားသည်။

ထို့အတွက်ကြောင့် အာဏာရညွန့်ပေါင်း အဖွဲ့သည် ဝန်ကြီးချုပ်ကို တင်မြှောက်နိုင်ရန် အတွက် အောက်လွှတ်တော်နှင့် အထက် လွှတ်တော်နှစ်ရပ်ပေါင်းမှ သို့မဟုတ် အောက် လွှတ်တော်တစ်ရပ်တည်းမှ ထောက်ခံမဲ ၃၇၆ မဲ အနည်းဆုံးရရှိရန် လိုအပ်မည်ဖြစ်သည်။

အစိုးရဖွဲ့ရာတွင် စစ်တပ်ပါဝင်လာဦးမည်လော

သမိုင်းကြောင်းအရ ထိုင်းနိုင်ငံရေးတွင် စစ်တပ်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဘုရင်သည် ထိုင်းဘုရင့်တပ်မတော် ၏ ဦးသျှောင်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ရွေးကောက်ပွဲတွင် ဖျူထိုင်းပါတီက အမတ်နေရာအများစုကို အနိုင်ရခဲ့ပြီးနောက် Move Forward  ပါတီ အပါအဝင် ခုနစ်ပါတီညွန့်ပေါင်းဖွဲ့မည်ဟု ကြေညာခဲ့သည်။

သို့သော် ဖျူထိုင်းပါတီသည် အစိုးရဖွဲ့ နိုင်ခဲ့ခြင်းမရှိဘဲ အထက်လွှတ်တော်ဥက္ကဋ္ဌ ပွန်ပက်ချ် ဝီချစ်ချွန်ချိုင်းမှအပ အထက်လွှတ် တော် အမတ်အားလုံးက ပရာယွတ်ကို ဝန် ကြီးချုပ်အဖြစ် တစ်ခဲနက် မဲပေးရွေးချယ်ခဲ့ သည်။ ယခုရွေးကောက်ပွဲတွင် အမတ်နေရာ အများစု အနိုင်ရရှိထားသည့် သြလန င်္သမတမေိ ပါတီသည် ဖျက်သိမ်းခံခဲ့ရသည့် future forward ကို ဆက်ခံခဲ့သည့်ပါတီဖြစ်သည်။

ယခုတစ်ကြိမ်တွင် အထက်လွှတ်တော်အနေ ဖြင့် ရလဒ်အပေါ် လွှမ်းမိုးမှုရှိလာမည်လော ဆိုသည်ကို ပြောရန်စောလွန်းနေသော်လည်း Move Forward  ပါတီက စစ်တပ်ကျော ထောက်နောက်ခံပြုထားသည့် မည်သည့်နိုင် ငံရေးပါတီနှင့်မျှ ညွန့်ပေါင်းဖွဲ့မည်မဟုတ်ဟု အတိအလင်း ကြေညာထားသည်ကို ထမ်မာ ဆက်တက္ကသိုလ်မှ နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကထိကဖြစ်သူ ဗီရော့ အလီက ထောက်ပြခဲ့သည်။

ရွေးကောက်ပွဲမဲဆွယ်မှု ကတိကဝတ် များကိုထောက်ရှုမည်ဆိုလျှင် Move Forward  နှင့် စစ်တပ်ကျောထောက်နောက်ခံပြု ပါတီများအကြား လုံးလုံးလျားလျား ကွဲလွဲ ဆန့်ကျင်နေသည်။

Move Forward  ပါတီသည် ထိုင်းနိုင်ငံ ၏ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ဆန္ဒရှိနေသည်။ တော်ဝင်အသ ရေဖျက်မှုဟုလည်း လူသိများသည့် အဆိုပါ ဥပဒေအရ ဘုရင်၊ မိဖုရား၊ ထီးမွေနန်းလျာ ဆက်ခံသူ သို့မဟုတ် ရင်ခွင်ပိုက်အုပ်စိုးသူကို အသရေဖျက်၊ စော်ကားသူအား ထောင်ဒဏ် သုံးနှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

သို့သော် ပရာယွတ်က ပုဒ်မ ၁၁၂ ကို ဆက်လက်ပြဋ္ဌာန်းသင့်ကြောင်း ပြောဆိုထား သည်။ ထို့အတွက်ကြောင့် စစ်တပ်ကျော ထောက်နောက်ခံပြု အထက်လွှတ်တော်အ နေဖြင့် Move Forward  ပါတီ ကိုယ်စားလှယ် လောင်းကို ဝန်ကြီးချုပ်နေရာအတွက် မဲပေး ဖွယ်မရှိဘဲ မတိုးသာမဆုတ်သာအခြေအနေ ဖြစ်လာနိုင်သည်ဟု အလီက ခန့်မှန်းသုံးသပ် သည်။အထက်လွှတ်တော်အမတ်များအနေ ဖြင့် လူထု၏ဆန္ဒကို လေးစားသင့်သည်ဟု ပီတာက မေ ၁၅ ရက် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ “အထက်လွှတ်တော် အမတ် ၂၅၀ က လူထုဆန္ဒကို နားထောင်မ လားဆိုတာနဲ့ သူတို့ရဲ့ရပ်တည်ချက်ကို စဉ်း စားဆုံးဖြတ်ဖို့ အချိန်ရောက်ပါပြီ။ သူတို့က လူထုကို အလေးအနက်ထားမယ်ဆိုရင် ဘာ ပြဿနာမှရှိလာမှာ မဟုတ်ပါဘူး”ဟုလည်း ၎င်းင်းက ပြောကြားခဲ့သည်။       

Photo: AFP

  Ref: CNA

Most Read

Most Recent