နာလန်ထူရေး လမ်းကြောင်းပေါ် ရောက်နေပုံရသည့် မြန်မာ့စက်မှုကဏ္ဍနှင့် လုပ်ငန်းရှင်များ၏ တောင်းဆိုချက်များ

နာလန်ထူရေး လမ်းကြောင်းပေါ် ရောက်နေပုံရသည့် မြန်မာ့စက်မှုကဏ္ဍနှင့် လုပ်ငန်းရှင်များ၏ တောင်းဆိုချက်များ
Published 14 May 2023

၂၀၂၃ ခုနှစ် ဧပြီလအတွက် ထုတ်ပြန်သည့်  S&P Global အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်းများ စစ်တမ်းအရ အာဆီယံကုမ္ပဏီများတစ်ဝန်းတွင် ကုန်ထုတ်လုပ်မှု တစ်ဟုန်ထိုး တိုးလာကြောင်းဖော်ပြထား သည်။

စစ်တမ်းတွင် အဓိကတွေ့ရှိချက်များအရ အဓိကအကျဆုံး PMI အညွှန်းကိန်းသည် ခုနစ်လအတွင်း အမြင့်ဆုံးသို့ တိုးတက်သွား ပြီး ၁၈ လအတွင်း ထုတ်လုပ်မှုတွင် အဆ မတန် တိုးတက်လာကြောင်း တွေ့ရှိရသည်။

S&P Global အာဆီယံကုန်ထုတ်လုပ် မှု PMI ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ထိုင်း၊ဗီယက်နမ်နိုင်ငံ များမှ ထုတ်လုပ်သူ ၂၁၀၀ ခန့်ပါဝင်သည့်အဖွဲ့ များမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိ သည့်ဖြေကြားချက်များအပေါ်အခြေခံပြီး S&P Global က တွက်ချက်ထားခြင်းဖြစ် သည်။ 

နောက်ဆုံးစစ်တမ်းဒေတာအရ ထုတ် လုပ်သူတို့သည် ၂၉ လအတွင်းမှာ လုပ်ကိုင် မှုစရိတ်စကများ အားအပျော့ဆုံးဦးမော့မှုကို  မှတ်တမ်းတင်ခဲ့ကြသည်။ 

အဓိကအကျဆုံး S&P Global အာ ဆီယံထုတ်လုပ်မှု ဝယ်ယူရေးမန်နေဂျာများ ၏အညွှန်းကိန်း - PMI ကို ကြားနေအမှတ် ၅၀ ဒသမ ၀ အထက်တွင်  ၁၉ လဆက်တိုက် မှတ်တမ်းတင်လိုက်ပြီး မတ်လ၏ ၅၁ ဒသမ ၀ မှဧပြီတွင် ၅၂ ဒသမ ၇ သို့ တက်လှမ်းလိုက် သည်။ ထိုအညွှန်းကိန်းက ၂၀၂၂ ခုနှစ် စက် တင်ဘာမှစပြီး လုပ်ငန်းအခြေအနေများ အားအကောင်းဆုံး တိုးတက်လာမှုကိုအချက် ပြနေသည်။

နိုင်ငံအလိုက် PMI ဒေတာက အာဆီ ယံထဲ အကျုံးဝင်ကြသည့် ခုနစ်နိုင်ငံအနက်  ငါးနိုင်ငံမှာ ဧပြီလတွင် တိုးတက်ထုတ်လုပ်မှု ကို မြင်ခဲ့ရပြီး ထိုင်းနိုင်ငံ၏ဦးမော့မှုမှာ အမြန် ဆုံးဖြစ်သည်။ စင်စစ်တွင် ထိုင်းနိုင်ငံသည် နောက်ဆုံးစစ်တမ်းကာလလေးခုအနက်  သုံး ခုအတွင်း စွမ်းဆောင်ရည်အကောင်းဆုံးနိုင် ငံဖြစ်ခဲ့လျက် တိုးတက်ထုတ်လုပ်မှုနှုန်း ၆၀ ဒသမ ၄  သည် ယခုလတွင် စစ်တမ်းသမိုင်း အတွက် မှတ်တမ်းတင်ထားသည့် အမြန်ဆုံး နှုန်း ဖြစ်လာသည်။

မြန်မာနိုင်ငံတစ်ဝန်းက ကုန်စည်ထုတ် လုပ်သူတို့သည်လည်း အလားတူစွာ ဧပြီလ တွင် လုပ်ငန်းအခြေအနေများ အရှိန်အဟုန် ဖြင့် တိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့ကြ သည်။ 

အင်ဒိုနီးရှားနိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍအခြေအနေအနေဖြင့် ဧပြီတွင် အနည်း ငယ်တိုးတက်လာခြင်းကို တွေ့မြင်ရသည်။ နောက်ဆုံးဖြစ်သော PMI အညွှန်းကိန်း ၅၂ ဒသမ ၇ မှာ လက်ရှိအစဉ်ကို လ ၂၀ ဆက် တိုက်ဆီသို့ ဆွဲဆန့်ပေးလိုက်ပြီးနောက်ဆုံး အညွှန်းကိန်း၏တန်ဖိုးမှာ ၂၀၂၂ ခုနှစ် စက် တင်ဘာမှစပြီး မှတ်တမ်းတင်ခဲ့သည့်အထဲ တွင် အမြင့်ဆုံးဖြစ်လာသည်။

စင်ကာပူနိုင်ငံတွင် အဓိကအကျဆုံး PMI အညွှန်းကိန်းသည် သုံးလအတွင်း ပထမ ဦးဆုံးအကြိမ် ကြားနေအမှတ် ၅၀ ဒသမ  ၀ ၏ အထက်တွင် မှတ်တမ်းတင်ဖြစ်သည်။ ၅၁ ဒသမ ၉ တွင်ရှိနေသော အညွှန်းကိန်းက နှစ်လကြာ ကျဆင်းမှု၏နောက်တွင် ထုတ် လုပ်ရေးကဏ္ဍတစ်ဝန်းက အခြေအနေတိုး တက်လာမှုကို အချက်ပြခဲ့သည်။

ဖိလစ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီများ သည် ဧပြီတွင် တိုးတက်ထုတ်လုပ်မှုကို အစီ ရင်ခံခဲ့ကြသည်။ သို့သော်လည်း တိုးချဲ့ ထုတ် လုပ်နိုင်ခဲ့သည့်နှုန်း ၅၁ ဒသမ  ၄ မှာမူ ဇန်နဝါ ရီမှစပြီး ရှစ်လအတွင်း အနည်းဆုံးသို့ အား ပျော့သွားခဲ့သည်။

အခြေအနေ ဆိုးရွားလာနေကြောင်း  မှတ်တမ်းတင်ခဲ့ကြသည့်နိုင်ငံများမှာ မလေး ရှားနှင့် ဗီယက်နမ် နှစ်နိုင်ငံဖြစ်သည်။ မလေး ရှားနိုင်ငံ၏ ကျဆင်းမှုနှုန်းမှာ မတ်လ၏  PMI ၄၈ ဒသမ ၈အတိုင်း မပြောင်းမလဲ ရှိနေခဲ့သည်။ ယင်းအတောအတွင်း ဗီယက် နမ် ထုတ်လုပ်သူတို့သည် စက်မှုကဏ္ဍထဲတွင် အခြေအနေများ ပိုမိုလျင်မြန်စွာ ဆုတ်ယုတ် လာနေကြောင်း မှတ်တမ်းတင်ခဲ့ကြပြီး အဓိ က အကျဆုံးအညွှန်းကိန်း၏တန်ဖိုး ၄၆ ဒသမ ၇ မှာ လေးလအတွင်း အနိမ့်ဆုံးဖြစ် လာသည်။

“အနာဂတ်ကို လှမ်းမျှော်ကြည့်ရာမှာ ဒေသတစ်ဝန်းရှိ ထုတ်လုပ်သူများက အများ အားဖြင့် အကောင်းမြင်နေကြပြီး ၎င်းင်းတို့ရဲ့ အကောင်းမြင်မှုအဆင့်အတန်းမှာ ဧပြီလမှာ ခြောက်လအတွင်း အမြင့်ဆုံးဖြစ်လာခဲ့ပါ တယ်။ ထုတ်လုပ်သူတို့ကတော့ နိုင်ငံတကာ စီးပွားရေးအခြေအနေများ ရှေ့ဆက်ကောင်း မွန်လာမယ်လို့ မျှော်လင့်မြဲမျှော်လင့်နေကြ ပါတယ်”ဟု အာဆီယံကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေး ပါရဂူ  Maryam Baluch က ပြောကြားခဲ့သည်။

S&P Global က မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ် ဧပြီလ S&P Global မြန်မာထုတ်လုပ်မှု PMI အ ညွှန်းကိန်းများ အစီရင်ခံစာအရ မြန်မာနိုင်ငံ အနေဖြင့်မူ ပြီးခဲ့သည့် ဧပြီလအတွင်း မြန်မာ့ စက်မှုကဏ္ဍသည် စံချိန်တင်အမြန်ဆုံးနှုန်း ဖြင့် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ဆုံးသုံးနှစ်အတွင်း အများဆုံး မြင့်တွေ့ခဲ့ရသည့် ဆက်တိုက်ကျဆင်းလာမှု အစဉ်ကို စွန့်ခွာလျက် ဖေဖော်ဝါရီလမှစပြီး ကိန်းဂဏန်းများက မြန်မာစက်မှုကဏ္ဍဟာ ဦးမော့လာနေတာကို အချက်ပြလိုက်ပြီး လုပ် ကိုင်မှုအခြေအနေများ တိုးတက်လာနေတာ ကို လစဉ်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဓိက အကျဆုံး PMI အညွှန်းကိန်းဟာ ဧပြီလမှာ စံချိန်တင်အမြင့်ဆုံးအဖြစ် နှစ်လဆက်တိုက်  မှတ်တမ်းတင်ခဲ့ကာ သုံးနှစ်ကျော်အတွင်း အ မှတ် ၅၀ ဒသမ ၀ အထက်မှာ သုံးလဆက်တိုက် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်ဖြစ်ပါ တယ်။ စစ်တမ်းထဲ ပါဝင်ဖြေဆိုကြသူတို့ရဲ့အ ဆိုအရ အော်ဒါအသစ်များရရှိမှုတစ်ဟုန်ထိုး မြင့်မားလာမှုကြောင့် ကုမ္ပဏီများအနေနဲ့ ၎င်းင်းတို့ရဲ့ ထုတ်လုပ်မှုများကို တိုးမြှင့်စေခဲ့ပါ တယ်။ ဒါ့အပြင် အလုပ်နေရာများမှာ ၁၀ လ အတွင်း ပထမအကြိမ် မြင့်တက်လာခဲ့ပါ တယ်” ဟု S&P Global Market Intelligence မှ စီးပွားရေး ပညာရှင်  Maryam Baluch က ပြောကြားခဲ့သည်။

အဓိကအကျဆုံး S&P Global မြန်မာထုတ်လုပ်မှုအညွှန်းကိန်း PMI ထုတ်လုပ် ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသောအညွှန်းကိန်း မှာ ဖေဖော်ဝါရီမှစပြီး ကြားနေအမှတ် ၅၀ ဒသမ ၀ အထက်မှာ နှစ်လဆက်တိုက် မှတ် တမ်းတင်လိုက်ပြီး မတ်လ၏ ၅၅ ဒသမ ၅ မှ ၅၇ ဒသမ ၄ သို့ တက်လှမ်းလိုက်သည်။ ထုတ် လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ စျေးဝယ် များဘက်မှ ဝယ်လိုအားကို ဗဟိုပြုခဲ့ရာ ထုတ် လုပ်မှု၊ ဝယ်ယူမှုနှင့် အလုပ်နေရာအရေ အတွက်ကို မြှင့်တင်ပေးခဲ့သည်။

စက်မှုထုတ်လုပ်မှုနှင့်လုပ်ငန်းအသစ် ပမာဏများ တိုးလာသည့်နှုန်းမှာ ဧပြီတွင် ပိုမြန်လာခဲ့သည်။ စင်စစ်တွင် နောက်ဆုံးဦးမော့မှုများမှာ စစ်တမ်းတွင် စတင်ခဲ့သည့် ၂၀၁၅ ဒီဇင်ဘာမှစပြီး မှတ်တမ်းတင်ခဲ့သည့် အမြန်ဆုံးနှုန်းများဖြစ်ကြောင်း ဖော်ပြထား သည်။

အနာဂတ်ကို မျှော်ကြည့်ပါက ထုတ်လုပ်သူတို့အကြားရှိ အကောင်းမြင်စိတ်မှာ သမိုင်းစဉ်အရ အားပျော့နေခဲ့သော်လည်း တစ်နှစ်အတွင်း မှတ်တမ်းတင်နိုင်ခဲ့သည့် အကောင်းဆုံးတစ်ခုဖြစ်သည်။ အော်ဒါများ နှင့် ထုတ်လုပ်မှု တိုးလာမည့်မျှော်လင့်ချက် များက ယုံကြည်မှုကို ပံ့ပိုးပေးခဲ့ကြောင်း၊ သို့ သော်လည်း ပါဝင်ဖြေခဲ့ကြသူ အများစု (၉၆ ရာခိုင်နှုန်း) တို့က လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှု ပြောင်းလဲမည်မဟုတ်ဟု မျှော် လင့်ထားကြကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

“မြန်မာ့စက်မှုကဏ္ဍဟာ တိုးတက်ထုတ် လုပ်မှုဆီ ပြန်လည်ဦးမော့လာမှုအားကောင်း နေချိန်မှာ စက်မှုကဏ္ဍဟာ အနှောင့်အယှက် တွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ထုတ်လုပ် သူတို့က လျှပ်စစ်မီးပြတ်တောက်မှုတွေ၊ ကုန် ကြမ်းပစ္စည်းရှားပါးမှုနဲ့ လောင်စာဆီစျေးမြင့် တက်လာမှုကို ဆက်လက်အစီရင်ခံကြပါ တယ်။ ဒီအချက်တွေရဲ့ သက်ရောက်မှုတွေ ကို ပစ္စည်းပေးသွင်းသူတို့ရဲ့ စွမ်းဆောင်မှုတွေ ဆုတ်ယုတ်လာမှု၊ လက်ကျန်စာရင်းတွေ သိ သိသာသာမြင့်တက်လာမှုနဲ့ ငွေကြေးဖောင်း ပွမှုနှုန်း   အဆမတန်    မြင့်မားနေမှုတွေထဲမှာ တွေ့မြင်နိုင်ပါတယ်”ဟု စီးပွားရေးပညာရှင်  Maryam Baluchက ဆိုသည်။

လျှပ်စစ်မီးပြတ်တောက်မှုများ၊ ကုန်ကြမ်းရှားပါးမှုများနှင့် ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ ပိုတိုးလာမှုက ထုတ်လုပ် ရေးကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှု တိုးတက် လာရေးကို ဆွဲချနေသကဲ့သို့ ရှိနေကြောင်း လုပ်ငန်းရှင်များက ထောက်ပြခဲ့ကြသည်။

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင်  ကုန်ထုတ်လုပ်မှုတိုးတက်ရန် ကုန်ကြမ်းရရှိ ရေးသည် အရေးပါပြီး ယင်းစက်မှုကဏ္ဍအ တွက်  မဖြစ်မနေလိုအပ်သည့် လျှပ်စစ်စွမ်း အားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်းက ကုန်ကျစရိတ်များ များပြားလွန်းသည့်အ တွက် နည်းလမ်းရှာဖွေရန် လုပ်ငန်းရှင်များက တင်ပြခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်း ချုပ်မှ သိရသည်။

မြန်မာနိုင်ငံသည် စားသောက်ကုန် ထုတ်လုပ်မှုပိုလျှံသည့်နိုင်ငံဖြစ်သည့်အတွက် ပြည်ပမှ စားသောက်ကုန် သွင်းကုန်လျှော့ချ ၍  ပြည်တွင်းစားသောက်ကုန်များကို  စျေး ကွက်များတွင် ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရေးကို အားပေးကူညီခြင်းဖြင့် MSMEs ကဏ္ဍဖွံ့ ဖြိုး တိုးတက်ရေးကိုပါ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ရန်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် တိရစ္ဆာန်အစားအစာသည် အ ခက်အခဲရှိကြောင်း၊ မွေးမြူရေးအစာဖြစ် သည့် ဆန်ကွဲ၊ ပြောင်း စသည့် ကုန်ကြမ်းများ အတွက် စျေးနှုန်းတည်ငြိမ်အောင်ဆောင် ရွက်ပေးရန် လုပ်ငန်းရှင်များက တောင်းဆို ခဲ့ကြသည်။

ထို့ပြင် လယ်ယာကဏ္ဍတွင်လည်း စိတ် ဝင်စားသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများရှိ ကြောင်း၊  ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် insurance sector မှာ စျေးနှုန်းကြီးမြင့်နေ သည့်အတွက်  နိုင်ငံတော်က ခိုင်ခိုင်မာမာ သတ်မှတ်ပေးစေလိုကြောင်း၊ export promotion လုပ်သည့်အခါ အလားအလာရှိ သည့်မွေးမြူရေးကဏ္ဍရှိကြောင်း၊ နိုင်ငံ၏ ဝင် ငွေရရှိစေရေးအတွက် မွေးမြူရေးကဏ္ဍကို ပို့ ကုန် ပိုမိုတင်ပို့နိုင်ရေးအတွက် အားစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင်  ကုန်ထုတ်လုပ်မှု တိုး တက်ရန် ကုန်ကြမ်းရရှိရေးအတွက် အရေး ကြီးကြောင်း၊ စက်မှုကဏ္ဍအတွက် လျှပ်စစ် စွမ်းအားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်း သည် ကုန်ကျစရိတ် များပြားသည့်အတွက် နည်းလမ်းရှာဖွေရန်၊ made in myanmar product များကို တင်ပို့မှု ဦးစားပေးစေလို ကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။

ထို့ပြင် ဘဏ်ကိစ္စများ၊ မူဝါဒပြောင်း လဲမှုနှင့် လျှပ်စစ်မတည်ငြိမ်မှုများကြောင့် အခက်အခဲကြုံတွေ့လျက်ရှိကြောင်းနှင့် ဒေါ် လာငွေ လဲလှယ်မှုနှုန်း၊ စျေးကွက်အခက် အခဲမျ

းနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိခြင်း ကြောင့် ကူညီဖြေရှင်းပေးရန် နိုင်ငံတကာမှ လုပ်ငန်းရှင်များက  ကုန်သည်စက်မှု အသင်း ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့ကြသည်။

လက်ရှိ အခက်အခဲများကို အသင်းချုပ် တွင်  ဖွဲ့စည်းထားသည့် ကော်မတီများမှတစ် ဆင့် သက်ဆိုင်ရာ မူဝါဒချမှတ်သူများ၊ ဝန် ကြီးဌာနများသို့တင်ပြပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

သို့သော်လည်း ကုန်ထုတ်လုပ်မှုလုပ် ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး  စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေ ရေး အာမခံကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော် ၀ါရီ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ် ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံစဉ် ပြောကြားထား သည်။

“ခြုံပြောရရင် ဘယ်လိုပဲဖြစ်ဖြစ် စက်မှု ကဏ္ဍဟာ နာလန်ထူရေးလမ်းကြောင်းပေါ် ကို ရောက်နေပုံရပြီး ကုမ္ပဏီတွေဟာ တိုးရ လာနေတဲ့ အော်ဒါတွေကို အားကိုးရင်း အနာ ဂတ်မှာ ထုတ်လုပ်မှု တိုးချဲ့နိုင်ဖို့ကို ပံ့ပိုးပေးဖို့ ကြိုးစားနေကြပါတယ်”ဟု စီးပွားရေးပညာ ရှင်  Maryam Baluch က သုံးသပ်ပြော ကြားခဲ့သည်။

Most Read

Most Recent