နိုင်ငံကျော်ခရစ်ကက်စတားဘဝနှင့် ပလေးဘွိုင်းဘဝကို ဖြတ်သန်းခဲ့သူ (သို့မဟုတ်) အီမရန်ခန်း

နိုင်ငံကျော်ခရစ်ကက်စတားဘဝနှင့် ပလေးဘွိုင်းဘဝကို ဖြတ်သန်းခဲ့သူ (သို့မဟုတ်) အီမရန်ခန်း
Published 13 May 2023
ခက်ဝေ

အဂတိလိုက်စားမှု စွဲချက်များဖြင့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ဖမ်းဆီးလိုက်ခြင်းက တရားမဝင်ဟု ပါကစ္စတန်တရားရုံး ချုပ်၏ အမိန့်စီရင်ချက်ထွက်လာပြီး အာမခံ ဖြင့် ပြန်လွတ်လာသည့် ဝန်ကြီးချုပ်ဟောင်း ကို အလားတူစွဲချက်များအတွက် နှစ်ပတ်ကြာ အထိ ပြန်လည်ဖမ်းဆီးခွင့်မရှိတော့ပေ။ သို့ သော်လည်း အဂတိလိုက်စားမှုစွဲချက် များက ရှိမြဲဆက်ရှိနေမည်ဖြစ်သည်။

ခရစ်ကက်လောကမှ နိုင်ငံရေးလောကသို့ 

အီမရန်ခန်းသည် နိုင်ငံ့ဂုဏ်ကိုမြှင့်တင် ပေးခဲ့သည့် ခရစ်ကက်စတားတစ်ဦးအဖြစ် မှ နိုင်ငံရေးသမားဖြစ်လာခဲ့ပြီး ပါကစ္စတန် သမိုင်းတွင် အယုံအကြည်မရှိအဆို မဲခွဲမှုဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ပထမဆုံးဝန်ကြီး ချုပ်ဖြစ်သည်။

သူသည် အဂတိလိုက်စားမှုကို တိုက် ဖျက်ပြီး နိုင်ငံစီးပွားရေးကို တည့်မတ်ပေးမည် ဆိုသည့် ကတိကို လက်ကိုင်ထားကာ ၂၀၁၈ ခုနှစ်၊   ဇူလိုင်တွင် ရွေးကောက်တင်‌မြှောက်ခံရ သည်။သို့သော်သူ့ကတိများက အမှန်တကယ် ဖြစ်မလာခဲ့ဘဲ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် ပါကစ္စတန် က ဘဏ္ဍာရေးအကျပ်အတည်းပင် ဆိုက်သွား ခဲ့သည်။

ရွေးကောက်ခံရပြီး လေးနှစ်အတွင်း ခန်းကို  ပါလီမန်၌ အတိုက်အခံများက ဖြုတ်ချ လိုက်သည်။ နိုင်ငံစီးပွားရေးကျဆင်းလာ သည့်အပြင် ခန်းသည် အရေးပါသည့် (နျူက လီးယားလက်နက်ပိုင်ဆိုင်သည့် ပါကစ္စတန် ၏ အဓိက လျှို့ဝှက်ပလေယာ) စစ်တပ်၏ ထောက်ခံမှုကိုလည်း ဆုံးရှုံးလိုက်ရသည်။

သို့သော် သူသည် နိုင်ငံရေးကို စွန့်လွှတ် ချင်ပုံ မပြဘဲ သူ့ကိုထောက်ခံအားပေးသူများ ကို စုဝေးဟောပြောခြင်းများဖြင့် အချိန်ကုန် စေခဲ့သည်။သူ ဖြုတ်ချခံရသည့်ညက ပါကစ္စ တန်တစ်ဝန်း မြို့ကြီးများတွင် ဆန္ဒပြမှုများ ဖြစ်ခဲ့သည်။ 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာတွင် ခန်းသည် သူဦးဆောင်သည့် ဆန္ဒပြပွဲတစ်ခုတွင် သေ နတ်ထိမှန်ခဲ့သည်။သူ့အသက်ကို ပစ်မှတ် ထား တိုက်ခိုက်ခြင်းဟု အီမရန်ခန်းတို့ဘက် က ယူဆသော်လည်း ရဲတပ်ဖွဲ့က အတည်မပြု ခဲ့ပေ။

ခန်းသည် ပြီးခဲ့သည့်လက နောက်ထပ် ပြဿနာတစ်ခု ကြုံရပြန်သည်။ ရွေးကောက်ပွဲ ကော်မရှင်က သူ့ကို အစိုးရတာဝန် ထမ်း ဆောင်ခွင့်မရှိသူအဖြစ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ပြည်ပရှိ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ထံမှ ရရှိသည့် လက်ဆောင်ပဏ္ဍာများနှင့် ထို လက်ဆောင်များကို ရောင်းရာမှရသည့် အ မြတ်အစွန်းများကို ခန်းက မှန်မှန်ကန်ကန် တင်ပြခဲ့ခြင်း မရှိဟု စွပ်စွဲခံရသည်။

မေ ၉ ရက်တွင်မူ အဂတိလိုက်စားမှု စွဲချက်များဖြင့် အီမရန်ခန်းကို ဖမ်းဆီးလိုက် သည့်အတွက် နိုင်ငံအနှံ့ ဆန္ဒပြဆူပူမှုများ ပေါ်ပေါက်လာတော့သည်။ ခန်းကို ဖမ်းဆီး လိုက်မှုက ဝန်ကြီးချုပ်ဟောင်းနှင့် အစိုးရ (သို့မဟုတ်) စစ်တပ်အဖွဲ့အစည်းတို့အကြား ပြေလည်စေမည့်အလားအလာကို မှေးမှိန် သွားစေသည်။ 

အီမရန်ခန်းသည် သက်တမ်းပြည့် (ငါး နှစ်)တာဝန်ထမ်းဆောင်ရန် မျှော်လင့်ခဲ့သည်။သို့သော် အာဏာသိမ်းမှုနှင့် စစ်အုပ်ချုပ်ရေး သမိုင်းကြောင်းရှိသည့် ပါကစ္စတန်တွင် အခြား မည်သည့်ဝန်ကြီးချုပ်တစ်ဦးကမှ ထိုသို့ မ လုပ်ဆောင်နိုင်ခဲ့ပေ။

၂၀၂၂ ခုနှစ်၊ မတ်နှောင်းပိုင်းတွင်  ပါတီ ဘက်ပြောင်းရပ်တည်မှုများကြောင့် ပါလီမန် တွင်ခန်းဘက်က နေရာအများစု လက်လွှတ် လိုက်ရကာ အယုံအကြည်မရှိမဲခွဲရေး အဆိုပြု ချက် ထွက်လာခဲ့သည်။

ခန်းက ယင်းအခြေအနေအထိ မဆိုက် အောင် ပါလီမန်ကိုဖျက်သိမ်းပြီး လျှပ်တစ်ပြက် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းခဲ့သေး သည်။ သို့သော် တရားရုံးချုပ်က ယင်းသို့ လုပ်ဆောင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျသည်ဟု ကြေညာခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင်  အယုံအကြည် မရှိကြောင်း မဲခွဲဆုံးဖြတ်မှုကို လုပ်ဆောင်ကြ ရာ အီမရန်ခန်း ရှုံးခဲ့သည်။

ခန်းကမူ အာဖဂန်နစ္စတန်၊ ရုရှား၊ တရုတ်အရေးတို့နှင့်ပတ်သက်သည့် သူ့ပေါ် လစီများကြောင့် အစိုးရအပြောင်းအလဲ ဖြစ် အောင် အတိုက်အခံများက  အမေရိကန်နှင့် ပူးပေါင်းကြံစည်သည်ဟု ဆိုသည်။ သို့ သော် မည်သည့်အထောက်အထားမှ မပြနိုင်ခဲ့၊ အ မေရိကန်ကလည်း ပြည်ပနှောင့်ယှက်မှုပါ နေသည်ဆိုခြင်းကို လုံးဝ ငြင်းခဲ့သည်။

ခရစ်ကတ်ကပ္ပတိန်ဟောင်း ခန်းက လူ မှုဘဝဖူလုံရေးကို တာဝန်ယူနိုင်သည့် အစ္စ လာမ္မစ်နိုင်ငံတော်တည်ဆောက်ရန် အိပ် မက်ကိုထုတ်ပြောထားပြီး  နိုင်ငံ၏အခွန် စနစ်နှင့် ဗျူရိုကရေစီစနစ်ကို ပြုပြင်ပြောင်း လဲမည့် ကတိများလည်း ပေးခဲ့သည်။ သို့သော် ငွေကြေးဖောင်းပွမှုသာ မြင့်တက်လာပြီး ရူပီး တန်ဖိုး ထိုးကျကာ နိုင်ငံက အကြွေးနွံထဲ ကျ သွားသည့်အတွက် အီမခန်ခန်း၏ စီးပွားရေး အစီအမံ ညံ့ဖျင်းမှုကို ဝေဖန်လာကြသည်။

ကျော်ကြားမှုကို အသုံးချ

ပါကစ္စတန်နိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်ဟူ သည့် ကျော်ကြားမှုအရှိန်ကို အီမရန်ခန်းက ရွေးကောက်ပွဲတွင် အထောက်အကူဖြစ်စေ ရန် နှစ်ချီကြိုးစားလာခဲ့သည်။ ၁၉၉၆ ခုနှစ် တွင် PTI နိုင်ငံရေးပါတီကို ခန်းက တည် ထောင်လိုက်ပြီး ယင်းပါတီက ၂၀၁၃ အထွေ ထွေရွေးကောက်ပွဲကျမှသာ အရေးကြီး ပလေ ယာတစ်ခုအဖြစ် ပါဝင်လာခဲ့သည်။

ငါးနှစ် ကြာပြီးသည့်နောက် ၂၀၁၈ ရွေး ကောက်ပွဲတွင် PTI က လွှတ်တော်တွင် အင်အားအကြီးဆုံးပါတီ ဖြစ်လာပြီး ခန်းက ဝန်ကြီးချုပ်ဖြစ်လာသည်။ PTI သည်  ခန်း၏ပြိုင်ဖက်များဖြစ်သည့် နာဝပ်ရှရစ်ဖ်နှင့် ရှာ ဘတ်ရှရစ်ဖ်တို့၏ အမာခံမြေ ပန်ဂျပ်ပြည်နယ် ၌ပါ အောင်မြင်မှုရခဲ့သည်။ 

စစ်တပ်ထောက်ခံမှု မရတော့

အီမရန်ခန်းသည် စစ်တပ်က သဘော ကျရသူအဖြစ် အများက သတ်မှတ်ခဲ့သူဖြစ် သည်။ သို့သော်  လေ့လာစောင့်ကြည့်သူများက ခန်း၏အကြီးဆုံးပြဿနာက (၁၉၄၇ ခုနှစ် တွင် နိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ပါကစ္စတန်ကိုအုပ်စိုးလာသည့်) စစ်ဗိုလ်ချုပ် ကြီးများ၏ ထောက်ခံအားပေးမှုကို မရတော့ ခြင်းဟု ယူဆကြသည်။

ခန်းသည် နိုင်ငံရေးမိတ်ဆွေ နည်းပါးခဲ့ ပြီး သူ အုပ်ချုပ်စဉ်အတွင်း အတိုက်အခံအ များစုမှာ အဂတိလိုက်စားမှုစွဲချက်များဖြင့် ထောင်ထဲ ရောက်သွားခဲ့သည်။ သူ့ကို ဖယ်ရှား မည့်အရေးတွင်လည်း သူ့ရန်သူများ စည်းလုံး သွားကြသည်။

ပလေးဘွိုင်းဘဝကို ဖြတ်သန်းခဲ့ 

အီမရန်ခန်းကို ၁၉၅၂ ခုနှစ်တွင် မွေးဖွား ခဲ့သည်။ မြို့ပြအင်ဂျင်နီယာတစ်ဦး၏သား ဖြစ်ကာ သူနှင့် မွေးချင်းမိန်းကလေး လေးဦး တို့သည် လာဟိုးမြို့တွင် အခွင့်ထူးခံလူတန်း စားအဖြစ်နှင့် ကြီးပြင်းလာကြသည်။ ခန်းက အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ကြား ခဲ့သည်။ 

ခရစ်ကက်အားကစားတွင် ခန်း၏ပါ ရမီရှိမှုကြောင့် သူ့ဦးဆောင်မှုဖြင့် ၁၉၉၂ ခုနှစ် ကမ္ဘာ့ဖလားခရစ်ကက်ပြိုင်ပွဲတွင် ပါ ကစ္စတန်က အနိုင်ရခဲ့သည်။  ငယ်ရွယ်စဉ်အ ခါက လန်ဒန်နိုက်ကလပ်အသိုင်းအဝိုင်းတွင်  ပလေးဘွိုင်းဆိုသည့် ဂုဏ်ကို ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့ဖလားခရစ်ကက်ပြိုင်ပွဲတွင်  ပါကစ္စ တန်နိုင်ပြီးနောက် ခရစ်ကက်လောကမှ အ နားယူလိုက်သည်။ နောက်ပိုင်း မိခင်ဖြစ်သူ အတွက် အမှတ်တရအနေအဖြစ် ကင်ဆာ ဆေးရုံတစ်ရုံကို ဒေါ်လာသန်းချီ ရန်ပုံငွေရှာ ထောက်ပံ့ပေးခဲ့သည်။ 

ဆွဲဆောင်မှုရှိသည့် ရုပ်ရည်နှင့် ခန်း၏အတွင်းရေးတို့က သူ့ကို ကမ္ဘာ့မီဒီယာထက် တွင် ဆယ်စုနှစ်များစွာ ရေပန်းစားစေခဲ့ သည်။ ၁၉၉၅ ခုနှစ်၊ အသက် ၄၃ နှစ်အရွယ် တွင် အီမရန်ခန်းသည် အသက် ၂၁ နှစ် အ ရွယ်ရှိ ဗြိတိန်သူဌေးသမီး ဂျမိုင်မာဂိုးစမစ် (ထိုစဉ်က ကမ္ဘာ့အချမ်းသာဆုံး အမျိုးသား များအနက် တစ်ဦးဖြစ်သည့် ဆာဂျိမ်းစ်ဂိုး စမစ်၏ သမီး) နှင့် အိမ်ထောင်ကျကာ သား နှစ်ဦး ထွန်းကားပြီး ၂၀၀၄ ခုနှစ်တွင် အိမ် ထောင်ကွဲသွားသည်။

၂၀၁၅ ခုနှစ်တွင် ခန်းက ဂျာနယ်လစ် ရီဟမ်ခန်းဆိုသူနှင့် ဒုတိယအိမ်ထောင်ထူခဲ့ပြီး ထိုအိမ်ထောင်ကလည်း တစ်နှစ်ပင် မမြဲခဲ့ပေ။ဘီဘီစီမိုးလေဝသအစီအစဉ် တင်ဆက်သူ ဟောင်းဖြစ်သည့် ရီဟမ်ခန်းက သူ့ကို အီမရန် ခန်းထောက်ခံသူများက နိုင်စားကြသည်ဟု ဖွင့်ဟပြောခဲ့ပြီး ကိုယ်တွေ့ဘဝမှတ်တမ်း လည်း ရေးသားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အီမရန်ခန်းက ကလေးငါးဦးမိခင် ဘုရှ်ရာဝါ တို  ဆိုသူနှင့် အိမ်ထောင်ထပ်ပြုလိုက်သည်။ ထိုတတိယဇနီးက ခန်းအတွက် စိတ်ပိုင်းဆိုင် ရာအကြံပေးသူဟုလည်း ဆိုကြသည်။

နောက်ပိုင်းတွင်  ဘုရှ်ရာဝါတို တည် ထောင်ထားသည့် အဖွဲ့အစည်းတစ်ခုက ပါကစ္စတန်နိုင်ငံ၏ ထိပ်တန်းအိမ်ခြံမြေလုပ် ငန်းတစ်ခုထံမှ လာဘ်ထိုးသည့် မြေကို လက်ခံ ခဲ့သည်။ အီမရန်ခန်းကို အဖမ်းအဆီးဖြစ်စေ သည်အထိ တွန်းပို့ခဲ့သည့် အဂတိလိုက်စားမှု ကိစ္စတွင် ထိုကိစ္စလည်း ပါနေသည်။

ခန်းသည် ပလေးဘွိုင်းဆိုသည့်ပုံရိပ်ကို ပြောင်းလဲအောင် ကြိုးပမ်းခဲ့သည်။ ၂၀၁၈ မဲဆွယ်စည်းရုံးရေးကာလအတွင်း ခန်းသည် သူ့ဂျက်လေယာဉ်ပေါ်တွင် ပါကစ္စတန်အမျိုး သမီးဂျာနယ်လစ်တစ်ဦးနှင့် အင်တာဗျူးကို ဖျက်ခဲ့သည်။ လေယာဉ်မှ ဆင်းသည့်အခါ ယင်းအမျိုးသမီးနှင့် တွဲအမြင်ခံရမည်ကို မလို လားသောကြောင့်ဖြစ်သည်။

တာလီဘန်ခန်း

နိုင်ငံရေးသမားတစ်ဦးအဖြစ်နှင့် အီမရန်ခန်းသည် အစွန်းမရောက်သည့်နိုင်ငံရေး ၀ါဒကို ကိုင်စွဲထားသော်လည်း အစ္စလာမ်ကျင့် ဝတ်များ၊ အနောက်တိုင်းဆန့်ကျင်ရေးအ တွေးအမြင်များကို ပစ်ပယ်ထားသူတော့ မ ဟုတ်ပေ။ သူ အုပ်ချုပ်စဉ်အတွင်း ပါကစ္စ တန်တွင် အစ္စလာမ္မစ်ထကြွမှုများ သိသိသာ သာ မြင့်တက်ခဲ့ပြီး ဘာသာရေးအစွန်း ရောက် သမားများ ပိုမိုအားကောင်းလာခဲ့သည်။

တာလီဘန်အဖွဲ့ကို လိုလားသည့် သ ဘောထားကြောင့် အီမရန်ခန်းကို အတိုက် အခံများက  တာလီဘန်ခန်းဟုပင် အမည်ပေး ဝေဖန်ခဲ့ကြသည်။ ၂၀၂၀ ခုနှစ်တွင် အိုစမာ ဘင်လာဒင်ကို အာဇာနည်ဟု ခန်းကခေါ်ဝေါ် သုံးနှုန်းလိုက်သဖြင့် အုတ်အော်သောင်းတင်း ကန့်ကွက်မှုများ ဖြစ်လိုက်သေးသည်။

ပါကစ္စတန်သည် အနောက်ကမ္ဘာနှင့် မဟာမိတ်ဖြစ်သော်လည်း အီမရန်ခန်းလက် ထက်တွင် တရုတ်နှင့်ဆက်ဆံရေး အားကောင်း မြဲ အားကောင်းခဲ့ပြီး သမိုင်းဝင်ပြိုင်ဘက် လည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်သည့် အိန္ဒိယ နိုင်ငံနှင့် ဆက်ဆံရေး တင်းမာနေမှုကမူ တိုး တက်ကောင်းမွန်လာခြင်း မရှိပေ။ ၂၀၂၂ ခု နှစ်အစောပိုင်းက ယူကရိန်းကို ရုရှားက ကျူး ကျော်စစ် ဆင်နွှဲလိုက်မှုနှင့်ပတ်သက်ပြီး ကုလ သမဂ္ဂမဲခွဲမှုတွင်လည်း ကြားနေခဲ့သည့် နိုင်ငံ များထဲ ပါကစ္စတန်ပါခဲ့သည်။

သို့သော် ခန်းလက်ထက် တိုးတက်ဖြစ် ထွန်းမှုအချို့လည်း မြင်ခဲ့ရသည်။ ပါကစ္စတန် နိုင်ငံ၏ ကိုဗစ်ထိန်းချုပ်နိုင်မှုသည် တောင် အာရှတွင် အကောင်းဆုံးဖြစ်ခဲ့ပြီး ဆင်းရဲ မွဲ တေမှုလျော့ပါးစေရေး အစီအစဉ်တစ်ရပ် လည်း အောင်မြင်ခဲ့သည်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ပါကစ္စတန် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိပြီး အားလုံးက အီမရန်ခန်း ရင်ဆိုင်နေရသည့် အဂတိလိုက်စားမှုစွဲချက်များအပေါ် အာရုံ ရောက်နေကြသည်။ ပြစ်မှုထင်ရှား စီရင်ခံ ရပါက ခန်းသည် အစိုးရရာထူးနေရာတစ်ခု အတွက် ဝင်ပြိုင်ခွင့်ကို တစ်သက်တာ အပိတ် ခံရသည်အထိ ကြုံရနိုင်သည်။

 

Ref: BBC