၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် ​အကယ်ဒမီဆုများ ပေးအပ်ချီးမြှင့် အမျိုးသားဇာတ်ဆောင်ဆုများကို မြင့်မြတ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ပြေတီဦးတို့ကလည်းကောင်း၊ အမျိုးသမီးဇာတ်ဆောင်ဆုကို  အိန္ဒြာကျော်ဇင်၊ စိုးပြည့်သဇင်နှင့် ရွှေမှုန်ရတီတို့က ရရှိပြီး အကယ်ဒမီဆုပေါင်း ၂၂ ဆု ပေးအပ်ချီးမြှင့်ခဲ့

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် ​အကယ်ဒမီဆုများ ပေးအပ်ချီးမြှင့် အမျိုးသားဇာတ်ဆောင်ဆုများကို မြင့်မြတ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ပြေတီဦးတို့ကလည်းကောင်း၊ အမျိုးသမီးဇာတ်ဆောင်ဆုကို  အိန္ဒြာကျော်ဇင်၊ စိုးပြည့်သဇင်နှင့် ရွှေမှုန်ရတီတို့က ရရှိပြီး အကယ်ဒမီဆုပေါင်း ၂၂ ဆု ပေးအပ်ချီးမြှင့်ခဲ့
Published 7 May 2023

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့်၂၀၂၂ ခုနှစ်တို့အတွက် အကယ်ဒမီဆုများ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို မေ ၆ ရက်က နေပြည်တော် မြို့တော်ခန်းမအနီးရှိ လေဟာ ပြင် ကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ် ပွဲသည်  ၆၂ ကြိမ်မြောက် ပေးအပ်သည့် ဆုပေး ပွဲဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုများကို ၁၉၅၂ ခုနှစ်မှစတင်ကာ ပေး အပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

၆၂ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့နှင့် အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတအစည်းအရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် အကယ်ဒမီဆုပေးပွဲ အခမ်း အနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ် ဒမီများရှင် စည်သူကြည်စိုးထွန်းတို့က အကယ် ဒမီ ဆုပေးပွဲအခမ်းအနားကို အကယ်ဒမီ ရွှေ စင်ရုပ် စက်ခလုတ်ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲအပြီးတွင် မြန်မာ့ရုပ်ရှင် သမိုင်း ကြောင်းနှင့် အကယ်ဒမီ သမိုင်းကြောင်းများ ရှင်းလင်းတင်ပြခြင်းနှင့်အတူ နိုင်ငံတော်က ရုပ်ရှင်လောကသားများအတွက် စီစဉ်ဆောင် ရွက်နေမှုများကို ဗီဒီယိုဖြင့် ရှင်းလင်းမိတ် ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းနောက် မြန် မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီ များရှင် စည်သူကြည်စိုးထွန်းက ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကား ၉၇ ကား ရုံတင်ပြသခဲ့ပြီး ယင်းဇာတ်ကားများ အနက် အကယ်ဒမီဆန်ခါတင်ဇာတ်ကား ၂၉ ကားအထိ ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း၌ ရုပ်ရှင်ဇာတ်ကားသစ် ၂၁ ကားနှင့် ၂၀၂၂ ခုနှစ်တွင် ဇာတ်ကားသစ် ၂၀ တို့ကို အကယ် ဒမီ စိစစ်အကဲဖြတ်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အကယ်ဒမီဆုများပေးအပ်ချီးမြှင့်ရာ တွင်  ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံဆုကို  အာကာတိုးက ‘ဒဏ္ဍာရီမိုး’ ဇာတ်ကားဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် ရုပ်ရှင် ဓာတ်ပုံဆုကို  ဖြိုးကျော် က ‘ပိတောက်ကတဲ့ ဂီတ’ ဇာတ်ကားဖြင့်လည်းကောင်း ရရှိ ခဲ့သည်။ ၂၀၂၂ ခုနှစ်အတွက်မူ ရုပ်ရှင်ဓာတ်ပုံဆု ပေး အပ်ခြင်း မရှိခဲ့ချေ။

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ရုပ် ရှင်နောက်ခံတေးဂီတဆုကို ကျော်ကျော်ထွန်း က ‘နို့ဘီလူး’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွက် ရုပ်ရှင်နောက်ခံ တေးဂီတဆုကို  ဦးအောင်ကိုလတ်က ‘ဂန္ဓဗ္ဗ’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ၂၀၂၂  ခုနှစ်အတွက် များကိုလည်း အကောင်းဆုံး ရုပ်ရှင်နောက်ခံ တေးဂီတဆုကို ပေးအပ်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ရုပ် ရှင်အသံဆုကို ဦးကြည်မင်းသိန်းက ‘၁၀၁၄ ‘  ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက်မူ အကောင်းဆုံး ရုပ်ရှင်အသံဆုများကို ပေးအပ်ချီးမြှင့်နိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံ ဆု၊ အကောင်းဆုံး ရုပ်ရှင်နောက်ခံတေးဂီတ ဆုနှင့် အကောင်းဆုံးရုပ်ရှင်အသံဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး၏ ဖျော်ဖြေတင်ဆက်မှုများကို တင်ဆက်ခဲ့သည်။ ယင်းဖျော်ဖြေမှုတွင် အဆို တော် မေသက်ထားဆွေက သီဆိုဖျော်ဖြေခဲ့ သည်။

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ဂျီသရီးနှင့် ကျော်ခိုင် တို့က  ‘၁၀၁၄ ‘ ဇာတ်ကားဖြင့်လည်းကောင်း၊  ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် တည်းဖြတ်ဆုကို ကြည်သာက ‘လိပ်ပြာထောင် ချောက်’ ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကိုမူ ပေးအပ်ခြင်းမရှိခဲ့ သည်ကို တွေ့ရသည်။

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ရုပ ရှင်ဇာတ်ညွှန်းဆုကို မောင်မြတ်ဆွေက ‘နိုင်ငံ ကြီးသား’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်အတွက်မူ အကောင်း ဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို ပေးအပ်ချီးမြှင့် နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

ထို့နောက်တွင် Myanmar Academy Award များကို ကြေညာပေးအပ်ခဲ့သည်။ ယင်း ဖက်ရှင်ဆုများပေးအပ်ရာတွင် အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆု ကို  ထပ်ဆင့်အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံး အမျိုးသမီးဝတ်စားဆင်ယင် မှုအကြီးတန်းဆုကို အကယ်ဒမီ စိုးမြတ်သူဇာ၊ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှု ဆုကို အောင်ရဲလင်း၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို မိုးဟေကိုတို့က ရရှိ ခဲ့ကြသည်။ ယင်းဆုများကို ယခုနှစ်တွင်မှ ပေး အပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အကယ်ဒမီဆုများ ထပ်မံပေး အပ်ရာတွင် ၂၀၂၀ ပြည့်နှစ်အတွက် အကောင်း ဆုံး ရုပ်ရှင်ဇာတ်ကားဆုကို Frenzo  ရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူး ထုတ်လုပ်ခဲ့သည့်                 ‘ပိတောက်ကတဲ့ ဂီတ’ ဇာတ်ကားက ရရှိခဲ့ သည်။ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို Triple Six  ရုပ်ရှင် ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးသည့် ‘ဝေးမနေ ချင်ဘူး’ ဇာတ်ကားက ရရှိခဲ့သည်။ ဇာတ်ကား ကောင်းများစွာ ဆန်ခါတင်စာရင်း၌ပါဝင်ခဲ့ သည့် ၂၀၁၉ ခုနှစ်အတွက်မူ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရွေးချယ်ပေးအပ်နိုင် ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ ယင်းနောက် တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက စီစဉ် တင်ဆက်သည့် ဖျော်ဖြေရေးအစီအစဉ်ကို တင်ဆက်ခဲ့သည်။

ထို့နောက်တွင် ၂၀၂၀ ပြည့်နှစ်အတွက် ရုပ်ရှင်အထူးဆုကို ရွေးချယ်ပေးအပ်ရာတွင်   အကောင်းဆုံး ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဆုကို ဒီဇိုင်နာ ဌေးဌေးတင်နှင့်အဖွဲ့က ‘ကမ္မဖလ’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ယခင်က ကလေး သရုပ်ဆောင်ဆုအတွက် ပေးအပ်ခဲ့ပြီး နောက် ပိုင်းတွင် မိတ်ကပ်အထူးပြုလုပ်ချက်နှင့် ကွန် ပျူတာအထူးပြုလုပ်ချက်များအတွက် ပေးအပ် ခဲ့ပြီး ယခုနှစ်တွင် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၀ ခုနှစ်အတွက် အ ကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ပေးအပ် ရာတွင် ဒါရိုက်တာ မီးပွားက ‘ ပိတောက် ကတဲ့ ဂီတ’ ဇာတ်ကားဖြင့်ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်များအတွက်မူ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု မပေးအပ်ခဲ့ချေ။          

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို  ခင်ဝင့်ဝါက ‘လှပ်၍ လွင့်သော’ ဇာတ်ကားဖြင့်ရရှိခဲ့သည်။ ယခု အကယ်ဒမီဆုသည် သရုပ်ဆောင် ခင်ဝင့်ဝါ  အတွက် ပထမဆုံး အကယ်ဒမီဆုဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးအမျိုး သမီး ဇာတ်ပို့ဆုကို  မေသÍ္ဇာဦးက ‘ရွှေမင်း သမီး’ ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်းရရှိခဲ့ ပြီး ယင်းဆုသည် မေသÍ္ဇာဦးအတွက် တတိယ မြောက် အကယ်ဒမီဆုဖြစ်သည်။

၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုး သမီး ဇာတ်ပို့ဆုကိုမူ ရွေးချယ်ချီးမြှင့်ခြင်း မရှိ ခဲ့သည်ကို တွေ့ရသည်။

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရွှေထူးက  ‘ဒဏ္ဍာရီမိုး’ ဇာတ်ကားဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့် နှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ် ပို့ဆုကို  အုန်းသီးက ‘သောင်းတိုက်ကကြား စေသား’ ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့ သည်။  ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကိုမူပေးအပ်နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

ယင်းဆုများပေးအပ် ချီးမြှင့်မှုအပြီးတွင် ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်တင် ဆက်ခဲ့သည်။

ထို့နောက် အကယ်ဒမီဆုများကို ဆက် လက်ရွေးချယ်ပေးအပ်ခဲ့ရာတွင် ၂၀၁၉ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသမီးဇာတ် ဆောင်ဆုကို အိန္ဒြာကျော်ဇင်က ‘ဟစ်တိုင်’ ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် အတွက် အကောင်းဆုံး အမျိုးသမီးဇာတ် ဆောင်ဆုကို သရုပ်ဆောင် စိုးပြည့်သဇင်က  ‘ရွှေမင်းသမီး’ ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုး သမီး ဇာတ်ဆောင်ဆုကို ရွှေမှုန်ရတီက ‘ဝေး မနေချင်ဘူး’ ဇာတ်ကားဖြင့်လည်းကောင်း ရရှိ ခဲ့ကြသည်။ ရွှေမှုန်ရတီသည် ယခုနှစ်တွင် ပထမဆုံးအဖြစ် အကယ်ဒမီရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို  မြင့်မြတ်က   ‘ရိုးမပေါ်ကျတဲ့ မျက်ရည်’ ဇာတ်ကားဖြင့် လည်း ကောင်း၊  ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို စိုင်းစိုင်းခမ်း လှိုင်က  ‘ပိတောက်ကတဲ့ ဂီတ’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ယင်းဆုသည် စိုင်းစိုင်းခမ်းလှိုင် အတွက် ပထမဆုံး အကယ်ဒမီဆုဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ပြေတီဦး က  ‘လိပ်ပြာထောင် ချောက် ‘ ဇာတ်ကားဖြင့် ရရှိခဲ့သည်။                

အကောင်းဆုံးအမျိုးသား ဇာတ်ဆောင် ဆုများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖွင့်ဖောက်ကြေညာပေးခဲ့ခြင်းဖြစ်ပြီး အကယ်ဒမီ ဆုများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် အကယ်ဒမီပွဲသို့တက်ရောက်လာ ကြသည့် အကယ်ဒမီဆု ရရှိထားပြီးဖြစ်သည့် အနုပညာရှင်တိုင်းကိုလည်း အကယ်ဒမီပွဲ၏ Red Carpet  ရွှေရင်ထိုးအခန်းတွင် အကယ် ဒမီရွှေစင်ရုပ်ပုံ ရင်ထိုးများကို ပေးအပ်ချီးမြှင့် ခဲ့သည်။

Most Read

Most Recent