ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ အမေရိကန်နှင့်ဘရာဇီးတို့ စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ် လင်ဒါသောမက်စ်ဂရင်းဖီးလ် ဘရာဇီးနိုင်ငံကို သွားရောက်

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ အမေရိကန်နှင့်ဘရာဇီးတို့ စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ် လင်ဒါသောမက်စ်ဂရင်းဖီးလ် ဘရာဇီးနိုင်ငံကို သွားရောက်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို လင်ဒါသောမက်စ်ဂရင်းဖီးလ် တက်ရောက်နေပုံကို ဧပြီ ၂၅ ရက်က တွေ့ရစဉ်(Photo: AFP)
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို လင်ဒါသောမက်စ်ဂရင်းဖီးလ် တက်ရောက်နေပုံကို ဧပြီ ၂၅ ရက်က တွေ့ရစဉ်(Photo: AFP)
Published 2 May 2023
Ref: AFP

ယူကရိန်းစစ်ပွဲနှင့်စပ်လျဉ်း၍ တစ်စိတ်တစ်ဒေသအားဖြင့် အမေရိကန်ကို အပြစ်တင်လိုပုံရခြင်းဖြင့် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သော သမ္မတလူးဝစ်အင်နာဆီယိုလူလာ ဒါဆေးလ်ဗားနှင့်အစပျိုးစဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန် မျှော်လင့်ချက်များဖြင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအ မတ် လင်ဒါသောမက်စ်ဂရင်းဖီးလ်သည် မေလ ၁ ရက်တွင် ဘရာဇီးနိုင်ငံသို့ ဦးတည်ထွက်ခွာသွားသည်။

သောမက်စ်ဂရင်းဖီးလ်သည် မေလ ၂ ရက်တွင် ဘရီဇီးလီးယားမြို့တွင် အကြီးတန်းတာဝန်ရှိသူများကို တွေ့ဆုံမည်ဖြစ်သည်။ ဂရင်းဖီးလ်သည် လူလာ၏မှတ်ချက်စကားများကို ပြောဆိုခြင်းဆိုသည်ထက် အနောက် ကမ္ဘာခြမ်း၏ လူဦးရေအထူထပ်ဆုံး နှစ်နိုင်ငံ၏ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးသွားမည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။

သောမက်စ်ဂရင်းဖီးလ်သည် တိုင်းရင်းသားမျိုးစုံနေထိုင်သော နိုင်ငံနှစ်နိုင်ငံတွင် လူမျိုးရေးဆိုင်ရာသာတူညီမျှမှုတည် ဆောက်ရေးလုပ်ငန်းစဉ်ကို အလေးပေးရန် အာဖရိက-ဘရာဇီးအသိုင်းအဝိုင်း၏ အဓိကနေရာဖြစ်သည့် ဆယ်လ်ဗာဒိုမြို့ကို မေလ ၃ ရက်တွင်သွားမည်ဖြစ်သည်။

ဘရာဇီးသမ္မတလူလာသည် ဇန်နဝါရီတွင် သမ္မတတာဝန်ထမ်းဆောင်သည့်အခါ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် နှိုင်းယှဉ်ခံရသည်။ လူလာသည် ဖေဖော်ဝါရီတွင် အိမ်ဖြူတော်ကို မထင်မရှားသွားရောက်ခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင်ကို တွေ့ဆုံခဲ့သည်ဆိုသော်လည်း လွန်ခဲ့သောလက တရုတ်ပြည်ကိုသွားရာတွင် အမေရိကန်ကို ဝေဖန်ခဲ့သည်။ အမေရိကန်သည် ယူကရိန်းကို ဒေါ်လာဘီလျံချီတန် ဖိုးရှိသော လက်နက်များပေးပို့ခြင်းဖြင့် စစ်ပွဲကို အားပေးနေသည်ဟု လူလာက ပြောကြားခဲ့သည်။

ထို့အပြင် လူလာသည် တရုတ်နှင့်ယူ အေအီးခရီးစဉ်တို့မှ ပြန်လည်ရောက်ရှိလာသည့်အခါယူကရိန်းစစ်ပွဲတွင် အမေရိကန်က အားပေးအားမြှောက်လုပ်နေသည်ဟု ယင်းခရီးစဉ်များတွင် ပြောကြားခဲ့ခြင်းဖြင့် ၎င်း သည်အနောက်အုပ်စုကို အံ့အားသင့်စေခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့သည် ငြိမ်းချမ်းရေးအကြောင်းစတင်ပြောရန် လိုအပ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားတပ်များ ယူကရိန်းထဲဝင်ရောက် ကျူးကျော်ခဲ့ရာမှ စတင်ခဲ့သော ပဋိပက္ခအတွက်ယူကရိန်းလည်း တာဝန်ရှိသည်ဟု ဆိုသည်။ လူလာ၏ပြောဆိုမှုများက စစ်ပွဲအတွက် အနောက်ကိုအပြစ်တင်ခဲ့သော ရုရှားနှင့် တရုတ်တို့၏ လေသံကို သံယောင်လိုက် ခြင်းဖြစ်သည်ဟု အမေရိကန်ကပြောသည်။

သို့ရာတွင် နောက်ပိုင်းတွင် လူလာသည် ရုရှားကျူးကျော်မှုကို ရှုတ်ချခဲ့သည်။ မကြာသေးမီက ဘရီဇီးလီးယားမြို့ကိုလာရောက်ခဲ့သော ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေး လာဗရို့ဗ်က လူလာကို ချီးကျူးခဲ့သည်။

သောမက်စ်ဂရင်းဖီးလ်သည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ဘရာဇီးနှင့်အတူဆွေး နွေးလိမ့်မည်ဟု အမေရိကန်တာဝန်ရှိသူက ပြောကြားသည်။

“ ဘရာဇီးအပါအဝင် ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားဟာ ဒီပဋိပက္ခပြီးဆုံးဖို့ ကြိုးစားရာမှာ အပြုသဘောဆောင်တဲ့ကဏ္ဍကနေ ပါဝင်လုပ်ဆောင်နိုင်ပါတယ်”ဟု အမေရိကန်တာဝန်ရှိသူက ပြောသည်။

Most Read

Most Recent