ကမ္ဘာတစ်ဝန်းရှိ သေဒဏ်ချမှတ်သောနိုင်ငံများ

ကမ္ဘာတစ်ဝန်းရှိ သေဒဏ်ချမှတ်သောနိုင်ငံများ
Photo - AFP
Photo - AFP
Published 30 April 2023
Ref: AFP

စင်ကာပူတွင် အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခဲ့ပြီးနောက် ဧပြီ ၂၆ ရက်က သေဒဏ်ချမှတ်ခဲ့ပြီး ယင်းသည် လွန်ခဲ့သည့်နှစ်ကတည်းက စင်ကာပူတွင် ၁၂ ဦးမြောက် သေဒဏ်ချမှတ်မှုဖြစ်လာခဲ့သည်။

အာရှဘဏ္ဍာရေးဆိုင်ရာအချက်အချာဖြစ်သည့် စင်ကာပူသည် ကမ္ဘာ့အပြင်းထန်ဆုံးမူးယစ်ဆန့်ကျင်ရေးဥပဒေအချို့ကို ပြဋ္ဌာန်းထားပြီး သေဒဏ်သည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများကိုထိရောက်စွာ တားမြစ်နိုင်သည်ဟု ခုခံပြောကြားခဲ့သည်။

ယင်းသည် အကျဉ်းသားများကို သေဒဏ်ဆက်လက်ချမှတ်သည့် အမေရိကန်၊ တရုတ်၊ အီရန်၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျအပါအဝင် ဒါဇင်နှင့်ချီသောနိုင်ငံများတွင်စင်ကာပူလည်း အပါအဝင်ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ လူ ၅၇၉ ဦးထက်မနည်း သေဒဏ်ချခံရပြီး လွန်ခဲ့သည့်နှစ်က ၉၆ ဦးကျော် သေဒဏ်ချခံရသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောကြားခဲ့သည်။

ခြောက်နှစ်ကြာ ကွပ်မျက်မှုများ ကျဆင်းလာခဲ့ပြီးနောက် သေဒဏ်ချမှတ်မှု မြင့်တက်လာခြင်းဖြစ်သည်။

“ကမ္ဘာလုံးဆိုင်ရာ လမ်း ကြောင်းကတော့ သေဒဏ်ဖျက်သိမ်းရေးကို ထောက်ခံနေပေမယ့်လည်း ၂၀၂၁ ခုနှစ်မှာ စံချိန်တင်တိုးလာမှုတွေဟာ  ဖိအားတွေကို လျှော့ချဖို့အချိန်မကျသေးကြောင်း သတိပေးချက်အဖြစ် လုပ်ဆောင်သင့်ပါတယ်”ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ၂၀၂၂ခုနှစ် မေလတွင် ထုတ်ပြန်သည့်အစီရင်ခံ စာတွင်ရေးသားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကွပ်မျက်မှုများအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့်သက်ဆိုင်သော နိုင်ငံသုံးနိုင်ငံမှာ ကွပ်မျက်ခံရသူ ၃၁၄ ဦးဖြင့်အီရန် (၂၈ ရာခိုင်နှုန်း)၊ ၈၃ ဦးဖြင့် အီဂျစ်နှင့် ၆၅ ဦးဖြင့်ဆော်ဒီအာရေဗျ (၂၄၀ ရာခိုင်နှုန်းတိုးမြှင့်)တို့ဖြစ်သည်။ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အရေအတွက်များတွင် တရုတ်နိုင်ငံ၏ ကွပ်မျက်မှုများမပါဝင်ဘဲတရုတ်သည် မြောက်ကိုရီးယားနှင့်ဗီယက်နမ်တို့ကဲ့သို့ ကမ္ဘာ့အကြီးဆုံးကွပ်မျက်သူဖြစ်မည်ဟုယူဆထားကြသည်။ ယင်းသုံးနိုင်ငံသည်၎င်းတို့၏ အချက်အလက်များကို လျှို့ဝှက်ထားကြသည်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံပေါင်း ၁၀၈ နိုင်ငံသည် ရာဇဝတ်မှုများအားလုံးအတွက် သေဒဏ်ချမှတ်မှုကိုတရားဝင် ဖျက်သိမ်းခဲ့သည်ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကထုတ်ပြန်ထားပြီး ၁၉၇၇ ခုနှစ်တွင် သေဒဏ်ချမှတ်မှုကို တရားဝင်ဖျက်သိမ်းသည့် နိုင်ငံ ၁၆ နိုင်ငံအထိသာရှိသည်။

နိုင်ငံသုံးပုံနှစ်ပုံကျော်သည် ယင်းဥပဒေ သို့မဟုတ် အစဉ်အလာကို ဖျက်သိမ်းခဲ့ပြီး ကာဇက်စတန်၊ မာလာဝီနှင့် ဆီရာလီယွန်တို့သည် သေဒဏ်ချမှတ်မှုကိုတားမြစ်ပိတ်ပင်သည့် ဥပဒေကို ပြဋ္ဌာန်းသော နောက်ဆုံးနိုင်ငံများဖြစ်သည်။

အမေရိကန်တွင် ၂၀၂၁ ခုနှစ်၌ ကွပ်မျက်မှုများ ၃၅ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး လွန်ခဲ့သည့်နှစ်က စီရင်မှုခြောက်ခုတွင် လူ ၁၁ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။

ယင်းသည် အမေရိကန်တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ကွပ်မျက်မှု အနည်းဆုံးအရေအတွက်ဖြစ်သည်။

သမ္မတဟောင်းဒေါ်နယ်ထရန့် လက်ထက်တွင် အငြင်းပွားဖွယ်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နောက်သမ္မတဂျိုးဘိုင်ဒင်၏အစိုးရသည် ဖက်ဒရယ်ကွပ်မျက်မှုများအားလုံးကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင်တရားဝင် ဆိုင်းငံ့ခဲ့သည်။

ဗာဂျီးနီးယားပြည်နယ်သည် ၂၀၂၁ ခုနှစ်တွင် သေဒဏ်ကိုဖျက်သိမ်းသည့် ၂၃ ခုမြောက်ပြည်နယ် ဖြစ်လာခဲ့သည်။ ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နှင့်ပင်ဆယ်ဗေးနီးယားတို့သည် သေဒဏ်ချမှတ်မှုကိုတရား ဝင်ဆိုင်းငံ့ထားခဲ့သည်။

ဆော်ဒီအာရေဗျတွင်လွန်ခဲ့သည့်မတ်လက တစ်ရက်အတွင်းလူ ၈၁ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး၂၀၂၁ ခုနှစ်တွင် လူ ၆၃ ဦးကိုကွပ်မျက်ခဲ့သည်။ အီရန်တွင် ၂၀၁၇ နောက်ပိုင်း အမြင့်ဆုံးကွပ်မျက်မှုအဖြစ် လွန်ခဲ့သည့်နှစ်က လူပေါင်း ၃၁၄ ဦးကို ကွပ်မျက်ခဲ့ပြီး ကွပ်မျက်ခံရသူအများစုသည် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် စွဲချက်များဖြင့်ဆက်နွှယ်ပုံရသည်ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။

အီဂျစ်သည် ၂၀၂ဝပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၁ ခုနှစ်တွင် လူအနည်းငယ်၏၂၂ ရာခိုင်နှုန်းကိုကွပ်မျက်ခဲ့ပြီး ကွပ်မျက်ခံရသူ ၈၃ ဦးတွင် အမျိုးသမီးရှစ်ဦးပါဝင်သည်။

၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ အနည်းဆုံးသေဒဏ် ၂၀၅၂ ဦးချမှတ်ခံခဲ့ရပြီး လွန်ခဲ့သည့်နှစ်ထက် ၃၉ ရာခိုင်နှုန်းပိုများခဲ့သည်ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက တရားရေးစနစ်ကို နှောင့်ယှက်ခဲ့သောကြောင့် ယင်းနှစ်တွင် ၃၉ ရာခိုင်နှုန်းနီးပါးခန့် လျော့ကျသွားသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောကြားခဲ့သည်။

Most Read

Most Recent