ဂျပန်က အားလပ်ရက်သီတင်းပတ်မတိုင်မီ COVID-19 နယ်စပ်ထိန်းချုပ်မှုများ ရုပ်သိမ်း

ဂျပန်က အားလပ်ရက်သီတင်းပတ်မတိုင်မီ COVID-19 နယ်စပ်ထိန်းချုပ်မှုများ ရုပ်သိမ်း
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ ဟာနီဒါနိုင်ငံတကာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသော ခရီးသွားတစ်ဦးကို တွေ့ရစဉ် (Photo –AFP)
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ ဟာနီဒါနိုင်ငံတကာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသော ခရီးသွားတစ်ဦးကို တွေ့ရစဉ် (Photo –AFP)
Published 30 April 2023
Ref: AP

ဂျပန်နိုင်ငံ၏ ရွှေရောင်သီတင်းပတ်အား လပ်ရက်ရာသီစတင်ပြီး နိုင်ငံခြားခရီးသွားအများအပြား လာရောက်ရန် မျှော်လင့်ထားသောကြောင့် ဧပြီ ၂၉ ရက်မှစတင်၍ ကိုဗစ်ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးကြောင်း အထောက်အထား သို့မဟုတ် မထွက်ခွာမီကိုဗစ် ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးချက်ပြသရန် လိုအပ်မှုအပါအဝင် ၎င်း၏ကိုရိုနာဗိုင်းရပ်စ် နယ်စပ်ထိန်းချုပ်မှုအများဆုံးကို ရုပ်သိမ်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ရောဂါလက္ခဏာပြသည့် နိုင်ငံတွင်းဝင်ရောက်သူများအားလုံးသည် မေ ၈ ရက်မတိုင်မီ ရောက်ရှိလာပြီးနောက် COVID-19 စစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်လိမ့်မည်ဖြစ်ပြီး ကိုဗစ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူများကို သတ်မှတ်ထားသည့် ကွာရန်တင်းစင်တာများတွင် ထားရှိသွားမည်ဟု အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟီရိုကာဇူမက်ဆူနိုက ပြောကြားခဲ့သည်။ မေ ၉ ရက်နောက်ပိုင်းတွင် ရောဂါလက္ခဏာပြသည့် နိုင်ငံတွင်းဝင်ရောက်သူများသည် COVID-19 စစ်ဆေးမှုများကို မိမိသဘောဆန္ဒအလျောက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံသည် ဒီဇင်ဘာလကုန်ပိုင်း၌ ကူးစက်မှုများမြင့်တက်နေသည့် တရုတ်ပြည် မကြီးမှ ခရီးသွားများအပေါ် ချမှတ်ထားသည့် အထူးစီမံချက်များကိုလည်း ဖြေလျှော့ပေးသွားမည်ဟု ၎င်းကဆိုသည်။

အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကို ရာသီတုပ်ကွေးကဲ့သို့ ပုံမှန်ကူးစက်ရောဂါအဆင့်အဖြစ် လျှော့ချသွားမည့် မေ ၈ ရက်တွင် ယင်းပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန်အစောပိုင်းက စီစဉ်ထားခဲ့သော်လည်း ဧပြီ ၂၉ရက်တွင် စတင်သည့် အားလပ်ရက်ရာသီအတွက် ယင်းပြောင်းလဲမှုများကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဂျပန်အစိုးရက မတ်လတွင် နှာခေါင်းစည်းတပ်ဆင်ရန်အတွက် ၎င်း၏တောင်းဆိုချက်များကို ရုပ်သိမ်းခဲ့ပြီး လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အဖြစ် သတ်မှတ်ခဲ့သည်။

နှာခေါင်းစည်းများကို လူစည်ကားသည့် ရထားများ၊ ဆေးရုံများနှင့် အခြားအများပြည်သူနေရာများနှင့် သက်ကြီးရွယ်အိုများနှင့်အခြားကိုယ်ခံအားနည်းသူများအနီးတွင်သာတပ်ဆင်ရန် လက်ရှိတွင်အကြံပြုထားသော်လည်း ဂျပန်နိုင်ငံသားအများစုသည် နှာခေါင်းစည်းများကို ဆက်လက်တပ်ဆင်ထားကြသည်။ လက်ရှိတွင် COVID-19ကို အစိုးရက လူနာများနှင့် ၎င်းတို့နှင့်ထိတွေ့ခဲ့သူများ၏အသွားအလာ ကန့်သတ်ခြင်းနှင့်အရေးပေါ်စီမံချက်များ ထုတ်ပြန်ခွင့်ရရှိထားသည့် SARS နှင့် တီဘီရောဂါတို့နှင့်အတူ အဆင့်၂ရောဂါအဖြစ် သတ်မှတ်ထားသည်။

COVID-19 ကို အဆင့် ၅ အထိလျှော့ချခြင်းသည် အဆိုပါစည်းမျဉ်းများကို ပယ်ဖျက်သွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်နှစ်စပိုင်းမှစတင်ကာ COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေသည် ၉၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

COVID-19 ရောဂါသည် ဆက်လက်တည်ရှိနေသည့်အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့်  ရောဂါကူးစက်ခံရပြီး အခြေအနေ သို့မဟုတ် ကူးစက်မှုကြာမြင့်ခြင်း ကဲ့သို့သော အရေးပေါ်အခြေအနေ မဟုတ်သည့် ဆက်လက်တည်ရှိဆဲ သက်ရောက်မှုများအပေါ် ကိုင်တွယ်ပုံကို လေ့လာရမည်ဖြစ်ကြောင်း WHO ကဆိုသည်။

WHO အနေဖြင့် COVID-19 ရောဂါကို တစ်ကမ္ဘာလုံး၏ စိုးရိမ်ဖွယ် အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို အဆုံးသတ်ရန် မျှော်လင့်ထားဆဲဖြစ်ကြောင်း တက်ဒရိုက ထပ်လောင်းပြောဆိုခဲ့သည်။ ထို့အပြင် ယင်းအခြေအနေနှင့်စပ်လျဉ်း၍ ၎င်းကိုအကြံဉာဏ်ပေးနေသည့် အကြံပေးကော်မတီ၏ သုံးလ တစ်ကြိမ် ပုံမှန်အစည်းအဝေးကိုလည်း လာမည့် မေလထဲတွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

Most Read

Most Recent