မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုအဖြေရှာရန် အားလုံးပါဝင်နိုင်သော အမျိုးသားဆွေးနွေးပွဲအတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခြင်းကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်လိမ့် မည်ဟုု အာဆီယံဥက္ကဋ္ဌ ပြောကြား

၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံအစည်းအဝေး၌ အင်ဒိုနီးရှားသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်(Photo: Setkab.go.id)
၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံအစည်းအဝေး၌ အင်ဒိုနီးရှားသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်(Photo: Setkab.go.id)
Published 18 April 2023

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုအဖြေရှာရန် အားလုံးပါဝင်နိုင်သော အမျိုးသားဆွေးနွေးပွဲအတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခြင်းကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်လိမ့်မည်ဟု အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုကို အာဆီယံက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် အရပ်သားများအပေါ် အင်အားသုံး၍ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းသောအဖြေကိုရှာဖွေရန် အားလုံးပါဝင်နိုင်သော အမျိုးသားဆွေးနွေးပွဲအတွက် အဆင်ပြေသောပတ်ဝန်းကျင်ကို ဖန်တီးခြင်းကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်လိမ့်မည်ဟု အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအတွက် အလုပ်ဖြစ်နိုင်ပြီး တာရှည်ခံသော အဖြေကိုရှာဖွေရာတွင် မြန်မာနိုင်ငံကို ဆက်လက်ကူညီရန် အာဆီယံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent