■ လာလီဂါပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 7 April 2023

အိုဆာဆူနာ - အယ်လ်ချီ (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၆:၃၀ နာရီ)

ဒီနှစ်သင်းဆုံတိုင်း သရေပွဲတွေများနေတယ်။ ဒါပေမဲ့ အိုဆာဆူနာ (၄)ပွဲဆက်တိုက်နိုင်ပွဲပျောက်နေတာကို အိမ်ကွင်းမှာ ရပ်တန့်နိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်။ အိုဆာဆူနာကိုပဲ ရွေးထားလိုက်မယ်။ ဂိုးနည်းမယ်။



အက်စ်ပန်ညို - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၈:၄၅ နာရီ)

ဘီလ်ဘာအိုက စပိန်ဘုရင့်ဖလားဘက်ကို အာရုံကျနေနိုင်တယ်။ အခုလည်း အိုဆာဆူနာနဲ့ စပိန်ဘုရင့်ဖလားနွှဲပြီး အက်စ်ပန်ညိုကွင်းကို လာကစားရမှာဆိုတော့ ဘီလ်ဘာအိုအတွက် သတိထားစရာပါပဲ။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားမယ်။



ဆိုစီဒက် - ဂီတာဖေး (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၁၁:၀၀ နာရီ)

အဆင့် (၄)နေရာအတွက် ဖိအားများလာပြီဖြစ်လို့ ဆိုစီဒက် ဂရုတစိုက်နဲ့ ပြန်ကစားရမယ့်အချိန်မျိုးဖြစ်လာပါပြီ။ ဂီတာဖေးကလည်း တန်းဆင်းအန္တရာယ်နဲ့နီးနေလို့ အမှတ်ရအောင်ရှာနေပေမယ့် အဝေးကွင်းကစားပုံလျော့နေပြီး နိုင်ပွဲရဖို့ရုန်းကန်နေရတုန်းပါပဲ။ ဆိုစီဒက်နဲ့ ဂိုးအနည်းကိုပဲ ရွေးချင်တယ်။



ရီးယဲလ်မက်ဒရစ် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် နံနက် ၁:၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ အဆင့် (၂)နေရာအတွက် အက်သလက်တီကိုရဲ့ ဖိအားပေးတာကိုခံနေရတယ်။ ဒါကြောင့် ချန်ပီယံလိဂ်မဝင်ခင် ပြည်တွင်းမှာ အတိမ်းအစောင်းမရှိအောင် အာရုံပိုစိုက်ထားနိုင်တယ်။ ဗီလာရီးယဲလ်ကလည်း အဆင့် (၄) နေရာမျှော်လင့်ချက်ကြောင့် ရီးယဲလ်ဆီကအမှတ်ရနိုင်သမျှရအောင်ရှာလိမ့်မယ်။ ဒီရာသီ ရီးယဲလ်နဲ့ (၂) ပွဲရင်ဆိုင်ခဲ့ရာမှာလည်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ထွက်ထားလို့ ဗီလာရီးယဲလ်ရဲ့တုံ့ပြန်မှုကို လျှော့တွက်လို့မရဘူး။ ဂိုးနည်းသရေပွဲလောက် မှန်းထားချင်တယ်။

 

Most Read

Most Recent