တောင်ငူမြို့တွင် ညအချိန်မတော် ဆောင်းဘောက် ဖွင့်သည်ကို သွားရောက် တားမြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တုတ်ဖြင့်အရိုက်ခံရ

တောင်ငူမြို့တွင် ညအချိန်မတော် ဆောင်းဘောက် ဖွင့်သည်ကို သွားရောက် တားမြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တုတ်ဖြင့်အရိုက်ခံရ
တုတ်ဖြင့်ရိုက်ခဲ့သည့် လူငယ်သုံးဦးကို ဖမ်းဆီးထားစဉ်
တုတ်ဖြင့်ရိုက်ခဲ့သည့် လူငယ်သုံးဦးကို ဖမ်းဆီးထားစဉ်
Published 7 April 2023

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဧပြီ ၄ ရက် ညပိုင်းက ညအချိန်မတော် ဆောင်းဘောက်ဖွင့်သည်ဟုဆိုကာ သွားရောက်တားမြစ်သော တောင်ငူမြို့ အမှတ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး တုတ်ဖြင့်အရိုက်ခံရပြီး လူငယ်သုံးဦးကိုအမှုဖွင့်ဖမ်းဆီးထားကြောင်း တောင်ငူမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၄ ရက် ည ၁၀ နာရီခွဲခန့်က တောင်ငူမြို့ အမှတ် ၂၂ ရပ်ကွက် ပေါက် လှငယ်လမ်းနေ ဦးဝင်းထိန် (၇၃ နှစ်) (၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး) သည် နေအိမ်တွင် ရှိနေစဉ် ခပေါင်းလမ်းမတော်တွင် ညအချိန်မတော် Sound Box အသံများ ဆူညံနေပြီး ပတ်ဝန်းကျင် စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သတင်းအရ သွားရောက်တားမြစ်ပေးရန် ညွှန်ကြားသဖြင့် ဦးဝင်းထိန်သည် Sound Box ဖွင့်သံကြားသည့်နေရာသို့ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေခဲ့ရာ ခပေါင်းဆားကျင်း ကျေးရွာ ရွာဦး (၂) လမ်းနေ ဦးမျုးနိုင် (၄၈ နှစ်) ခပေါင်းရွာလယ် ဇီးဒိုင်းအုပ်စု တောင်ငူမြို့နယ်နေသူ၏ နေအိမ်တွင် မင်္ဂလာဆောင်ရှိပြီး sound box အား အချိန်မတော်ဆူညံစွာ ဖွင့်လှစ်နေသည်ကို တွေ့ရှိရကြောင်း၊ ဦးဝင်း ထိန်က ညဥ့်နက်နေပြီဖြစ်၍ sound box ဖွင့်လှစ်ခြင်းအား ရပ်တန့်ရန်အတွက် ပြောကြားရာ ခဏအကြာတွင် sound box ပိတ်လိုက်သဖြင့် ဦးဝင်းထိန်သည် နေအိမ်သို့ တစ်ဦးတည်း ပြန်လာခဲ့ကြောင်း၊ ထိုသို့ ပြန်လာစဉ် တောင်ငူမြို့ ၂၂ ရပ်ကွက် မင်းကြီးညို အင်းဝ လမ်းသို့အရောက်တွင် ဆိုင်ကယ်ဖြင့် လူငယ် သုံးဦးရောက်ရှိလာပြီး နောက်ဆုံးမှ ထိုင်စီးသူတစ်ဦးက ဆိုင်ကယ်ပေါ်မှနေ၍ ဦးဝင်းထိန်၏ ဦးခေါင်းကို တုတ်ဖြင့်တစ်ချက်ရိုက်ခဲ့ကာ ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးခဲ့ကြောင်း မြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရသိရသည်။

တုတ်ဖြင့်အရိုက်ခံရသဖြင့် ဦးဝင်းထိန် ၏ ဦးခေါင်းအုတ်ဆက်တွင် ဖူးယာင်ဒဏ်ရာ (ပြင်ပလူနာ၊ မစိုးရိမ်ရ) ရရှိခဲ့သဖြင့် တုတ်ဖြင့် ရိုက်နက်ခဲ့သူများအား စုံစမ်းခဲ့ရာ အောင်ထက်မြတ် (၂၅ နှစ်) ခပေါင်းရွာဦး (၃)လမ်း၊ (၂၂) ရပ်ကွက်၊ တောင်ငူမြို့ ၊ ညီပြည့်စုံ (၂၀ နှစ်) ခပေါင်းဆားကျင်းကျေးရွာ၊ သံလမ်းအ နီး၊ ဇီးဒိုင်းအုပ်စု၊ တောင်ငူမြို့နယ်နေသူနှင့် ကိုလွင် (၂၅ နှစ်) ၊ မင်းလမ်းကူးကျေးရွာ၊ တောင်ငူမြို့နယ်နေသူတို့ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့သုံးဦးကို အရေးယူပေးပါရန် မြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်းထိန်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေစဉ် တာဝန်ဝတ္တရားကို နှောင့်ယှက်ပြီး ဒဏ်ရာရရှိအောင် တုတ်ဖြင့်ရိုက်သူ အောင်ထက်မြတ်၊ ညီပြည့်စုံနှင့် ကိုလွင်တို့ သုံးဦးအား တောင်ငူမြို့အမှတ်(၁) ရဲစခန်းက (ပ) ၇၄/၂၀၂၃၊ ရာဇ သတ်ကြီးပုဒ်မ ၃၃၃/၃၅၃ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ရာ ဧပြီ ၅ ရက် နေ့လယ်ပိုင်းတွင် ၎င်းတို့သုံးဦးအား ဖမ်းဆီးရမိ၍ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်ထားကြောင်း သိရသည်။ ဇော်ဝင်းချစ် (တောင်ငူ)

Most Read

Most Recent