■ လာလီဂါ ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

■ လာလီဂါ ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 6 April 2023

 

ဗီလာရီးယဲလ် - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ညနေ ၆:၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဗီလာရီးယဲလ်တို့ အားကုန်ထုတ်နေပြီး ရလဒ်ရော၊ ခြေစွမ်းပါ ကောင်းမွန်နေတာတွေ့ရတယ်။ ဒါ့ပြင် အိမ်ကွင်းဆိုရင် တိုက်စစ်ကစားပုံပိုကောင်းတတ်လို့ အဝေးကွင်းခံစစ်အားနည်းတဲ့ ဗယ်လာဒိုလစ်ကို ဖိအားပေးနိုင်မှာပါ။ ဗီလာရီးယဲလ်ပဲနိုင်ပွဲယူပါလိမ့်မယ်။ 

ဘီလ်ဘာအို - ဆိုစီဒက် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၈:၄၅ နာရီ)

ဒီပွဲကလည်း ဥရောပဝင်ခွင့်တိုက်ပွဲအတွက်အရေးပါတဲ့ ပွဲစဉ်ပါပဲ။ ဆိုစီဒက်က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို သေချာပေါက်ဖမ်းဆုပ်ထားနိုင်ဖို့ကြိုးစားမှာဖြစ်သလို၊ ဘီလ်ဘာအိုကလည်း ဥရောပဝင်ခွင့်တစ်နေရာအတွက် အိမ်ကွင်းမှာ ရုန်းကန်လာမှာပါ။ လက်ရှိခြေအရ ဘီလ်ဘာအိုကပ်နိုင်ဖို့ရှိနေတယ်။ 

ဘက်တစ် - အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် ည ၁၁:၀၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နေတဲ့ ဘက်တစ်တို့ အိမ်ကွင်းမှာ အမှတ်ပြည့်ယူထားနို်င်ဖို့လိုအပ်ပါတယ်။ အက်စ်ပန်ညိုကလည်း တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ကြိုးစားနေပေမယ့် ခြေစွမ်းအရ အားနည်းချက်များနေတယ်။ ဘက်တစ်ပဲရွေးထားမယ်။

ကာဒစ်ဇ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၆ ရက် နံနက် ၁:၃၀ နာရီ)

ချန်ပီယံလိဂ်တစ်ဖက်နဲ့ ဗျာများနေနိုင်တဲ့ ရီးယဲလ်မက်ဒရစ်အတွက် ခက်ခဲနိုင်တဲ့ပွဲစဉ်ပါ။ ကာဒစ်ဇ်က တန်းဆင်းဇုန်နဲ့ ဝေးရာကို ပြေးထွက်နိုင်ဖို့ ပွဲတိုင်းအားကုန်ရုန်းနေပြီး ခံစစ်ပိတ်ဆို့ကစားတတ်တဲ့အသင်းပါ။ အခုလည်း အိမ်ကွင်းမှာ ရီးယဲလ်ဆီက သရေတစ်မှတ်တော့ မျှော်လင့်နိုင်ပါတယ်။ ဂိုးနည်းမယ်။

Most Read

Most Recent