ဘာစီလိုနာ - ဟီရိုနာ (မြန်မာစံတော်ချိန် ဧပြီလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)
ပထမအကျော့ဟီရိုနာကွင်းမှာ ကစားခဲ့တုန်းကတော့ ဘာစီလိုနာ (၁-၀)ဂိုးနဲ့နိုင်အောင် ခက်ခက်ခဲခဲကစားယူခဲ့ရတယ်။ ဟီရိုနာရဲ့ ခံစစ်အားပြုထားတဲ့ ကစားပုံကို ဘာစီလိုနာကျော်ဖြတ်ဖို့မလွယ်ခဲ့ဘူး။ အခု နူးကမ့်မှာလည်း ဟီရိုနာ ပထမအကျော့ကလို ဘာစီလိုနာကို ရင်ဆိုင်လာဖို့များလိမ့်မယ်။ ဒါပေမဲ့ ဘာစီလိုနာရဲ့ အဖက်ဖက်က အသာရနေမှုကို ဟီရိုနာယှဉ်ကစားနိုင်ဖို့က မဖြစ်နိုင်သလောက်ဖြစ်နေတယ်။ ဘာစီလိုနာက ဒီပွဲမတိုင်မီ ကြားရက်မှာ ရီးယဲလ်မက်ဒရစ်နဲ့ ဘုရင့်ဖလားအဆုံးအဖြတ်ပွဲကစားထားရလို့ ပွဲပန်းနေနိုင်တာတော့ရှိတယ်။ ဘာစီလိုနာနဲ့ ဂိုးအနည်းကိုပဲရွေးထားချင်တယ်။
■ ဘာစီလိုနာအသင်းသည် လာလီဂါအိမ်ကွင်းနောက်ဆုံး (၁၃)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၁၁)ပွဲနိုင်၊ (၂)ပွဲသရေရလဒ်ကို ရရှိခဲ့ကာ အဆိုပါ (၁၃)ပွဲ တွင် ဂိုးမပေးရသည့်ပွဲ (၁၁)ပွဲအထိရှိခဲ့သည်ပြီး (၂)ဂိုးသာခွင့်ပြုထားရသည်။















