ဗယ်လာဒိုလစ် - မာယော့ကာ (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၆:၃၀ နာရီ)
တန်းဆင်းဇုန်နဲ့နီးလာတဲ့ ဗယ်လာဒိုလစ် အိမ်ကွင်းမှာအတိမ်းအစောင်းမရှိအောင် ပိုပြီးဂရုတစိုက်ကစားလာဖို့ရှိနေတယ်။ မာယော့ကာကလည်း နဂိုကတည်းက အဝေးကွင်းမှာ ခံစစ်ကစားတဲ့အသင်းပါ။ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပါပဲ။
ဘက်တစ် - ကာဒစ်ဇ် (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၈:၄၅ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်နေရတဲ့ ဘက်တစ်အိမ်ကွင်းမှာ အမှားခံမယ်မထင်ဘူး။ ဘက်တစ်ရဲ့ လက်ရှိဂိုးသွင်းနှုန်းက အနည်းငယ်ကျလာသလိုတွေ့နေရပေမယ့် ကာဒစ်ဇ်ကို အစဉ်အလာမှာ အသာရနေတာက အားသာမှုလို ဖြစ်နေတယ်။ ဘက်တစ်ပဲကြိုက်တယ်။ ဂိုးနည်းမယ်။
အယ်မယ်ရီယာ - ဗလင်စီယာ (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၁၁:၀၀ နာရီ)
ဗလင်စီယာစိတ်ပိုင်းဆိုင်ရာအားကောင်းလာပေမယ့် ခြေစွမ်းပိုင်းက သိပ်မတက်လာသေးဘူး။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဂိုးသွင်းနိုင်မယ့်သူအားနည်းနေပြီး အဝေးကွင်းဆိုဂိုးရဖို့ခက်လေ့ရှိတယ်။ သရေကျရင်ဗလင်စီယာအတွက်ကျေနပ်စရာပါ။
ဗယ်လက်ကာနို - အက်သလက်တီကို (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် နံနက် ၁:၃၀ နာရီ)
လာလီဂါတစ်ခုတည်းကို အာရုံအပြည့်စိုက်ခွင့်ရထားတဲ့ အက်သလက်တီကိုတို့ ကစားပုံအတော်လေးငြိမ်လာတယ်။ တိုက်စစ်၊ ခံစစ် ပြောစရာလည်း သိပ်မရှိတော့ဘူး။ နိုင်ပွဲတွေဆက်တိုက်ယူပြီး အဆင့် (၂)နေရာကိုပါ မျှော်လင့်နိုင်ပြီဖြစ်လို့ အက်သလက်တီကိုအတွက်အားရစရာအချိန်ပါပဲ။ ဗယ်လက်ကာနိုကတော့ ခုတလောကစားပုံပြန်ကျသွားသလိုတွေ့နေရတယ်။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။















