The Glory ဇာတ်လမ်းတွဲ အောင်မြင်ခဲ့ပြီးနောက် ကိုရီးယားတက္ကသိုလ်က ကျောင်းတွင်းအကြမ်းဖက်မှုရာဇဝင် ရှိသည့် လျှောက်ထားသူများကို လက်ခံမည်မဟုတ်ဟုဆို

The Glory ဇာတ်လမ်းတွဲ အောင်မြင်ခဲ့ပြီးနောက် ကိုရီးယားတက္ကသိုလ်က ကျောင်းတွင်းအကြမ်းဖက်မှုရာဇဝင် ရှိသည့် လျှောက်ထားသူများကို လက်ခံမည်မဟုတ်ဟုဆို
Published 26 March 2023

ကျောင်းတွင်းအကြမ်းဖက်မှု ဖြစ်စဉ်အကြောင်း မီးမောင်းထိုးရိုက်ကူးထားသည့် The Glory ဇာတ်လမ်းတွဲ အောင်မြင်ခဲ့ပြီးနောက် ကိုရီးယားတက္ကသိုလ်က ၎င်းတို့၏ပုံမှန်ကျောင်းဝင်ခွင့်လုပ်ငန်းစဉ်တွင် ကျောင်းတွင်းအကြမ်းဖက်မှုရာဇဝင်ရှိသည့် လျှောက်ထားသူများကိုလက်ခံတော့မည်မဟုတ်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

မူဝါဒအသစ်တစ်ရပ်အရ ကျောင်းတွင်းအကြမ်းဖက်မှုမှတ်တမ်းရှိသူများအနေဖြင့် ကောလိပ်ပညာရေးတက်ရောက်ခွင့်စစ်ဆေးမှု (CAST) တွင် ဝင်ခွင့်မှတ်ရရှိသည့်တိုင် ထည့်မတွက်ဘဲကျောင်းဝင်ခွင့်ပေးမည်မဟုတ်ကြောင်း ရည်ရွယ်ထားသည်ဟုဆိုသည်။

တက္ကသိုလ်အုပ်ချုပ်ရေးမှူး ကင်ဒေါင်ဝန်းက ကျောင်းတွင်းအကြမ်းဖက်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

CAST ရမှတ်သည် ဝင်ခွင့်အမှတ်ကျော်နေသည့်တိုင် ကျောင်းတွင်းအကြမ်းဖက်မှုမှတ်တမ်း ရှိနေသည့် ကျောင်းသားများကို ကျောင်းတက်ရောက်ရန် အရည်အချင်းမပြည့်မီဟု သတ်မှတ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းမူဝါဒသည် ကျောင်းတွင်းအကြမ်းဖက်မှုကျူးလွန်သူများအား ၎င်းတို့၏လုပ်ရပ်အတွက် အမှတ်အများဆုံးနုတ်ယူခြင်းခံရသော်လည်း ဂုဏ်သိက္ခာကြီးမားသောတက္ကသိုလ်များသို့ ဝင်ခွင့်လက်ခံသည့် မကြာသေးမီကဖြစ်စဉ်များကို တုံ့ပြန်သည့်အနေဖြင့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဥပမာအနေဖြင့်အစိုးရရှေ့နေ ဂျန်းဆုဆင်၏သားဖြစ်သူသည် ကျောင်းတွင်းအကြမ်းဖက်မှု ကျူးလွန်သည့်အတွက် အဆင့်၈ ပြစ်ဒဏ် ချမှတ်ခံရသော်လည်း တောင်ကိုရီးယား၏ ဂုဏ်သိက္ခာအကြီးမားဆုံး တက္ကသိုလ်များမှတစ်ခုဖြစ်သည့် ဆိုးလ်အမျိုးသားတက္ကသိုလ်က ၎င်း၏လျှောက်ထားခွင့်ကို လက်ခံခဲ့သည်။

Most Read

Most Recent