လျှပ်စစ်မီးပြတ်တောက်မှုဒဏ် ဒုတိယအကြိမ်ခံစားနေရတဲ့ မြဝတီဒေသခံတွေရဲ့ သောက

လျှပ်စစ်မီးပြတ်တောက်မှုဒဏ် ဒုတိယအကြိမ်ခံစားနေရတဲ့ မြဝတီဒေသခံတွေရဲ့ သောက
Photo: Ko Win Zaw
Photo: Ko Win Zaw
Published 19 March 2023
မြတ်သူကျော်

မြန်မာ-ထိုင်း နယ်စပ်စည်းခြား သောင် ရင်းမြစ် နှုတ်ခမ်းပေါ် မေးတင်တည်ရှိနေတဲ့ မြဝတီမြို့ဟာ အနယ်နယ်အရပ်ရပ်က ရွှေ့ ပြောင်းသွားလာနေထိုင်သူတွေ၊ စီးပွားရေး လာရောက်လုပ်ကိုင်စားသောက်သူတွေရဲ့ ဘဝများစွာကို ထမ်းပိုးတဲ့နယ်စပ်မြို့လေး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ စီးပွားရေးမြို့၊ သောင်ရင်းမြစ်ကမ်းစပ်တစ် လျှောက် တရုတ်လူမျိုးတွေရဲ့ ကာစီနိုလောင်း ကစား၊ Online လောင်းကစားရုံတွေ၊ လမ်း ကြိုလမ်းကြားမှာ ဖွင့်လှစ်နေတဲ့ ဂိမ်းရုံတွေ၊ အာဝါဒေးလောင်းကစားပွဲတွေနဲ့ ဝေစည်နေ တဲ့မြို့ဆိုပေမဲ့ ဒုတိယမြောက် လျှပ်စစ်မီးပြတ် တောက်မှုဒဏ်ကို ပြည်သူတွေခံစားနေရတာ သုံးလကျော်လာပြီ ဖြစ်ပါတယ်။

ယခုဆိုရင် ကိုဗစ်လှိုင်းဂယက်ကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ အမှတ် (၁) ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့် လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်သို့ ကူးလူးသွားလာစီးပွားရှာသူတွေ၊ အလည် အပတ်သွားသူတွေ၊ မြဝတီမြို့မှာ လာရောက် အခြေချ စီးပွားရှာစားသူတွေနဲ့ လူစည်ကား

လောက် လျှပ်စစ်ဓာတ်အားလိုင်းပြတ်တောက်မှုဒဏ်ကို ဒုတိယအကြိမ် နဖူးတွေ့ဒူးတွေ့ ကြုံဆုံနေရတာ ဖြစ်ပါတယ်။

မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေး ရွာအနီး ဒေါနတောင်ခြေမှာရှိတဲ့ လျှပ်စစ် ဓာတ်အားခွဲရုံဟာ ဒီဇင်ဘာ ၁၆ ရက် နံနက် ၁ နာရီခန့်က ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ထရန်စဖော်မာ မီးလောင်မှုကြောင့် မြဝတီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ ဓာတ်အားပြတ် တောက်မှု ဖြစ်ပွားနေတာပါ။

လျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်မှုဖြစ်စဉ်မှာ ထရန်စဖော်မာအကြီးတစ်လုံး မီး လောင်ကျွမ်းခဲ့ပြီး နောက်ထပ် ထရန်စဖော်မာ အကြီးနှစ်လုံး ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။ မြဝတီမြို့မှာ ကြုံတွေ့ နေရတဲ့ ယခုလျှပ်စစ်မီးပြတ်တောက်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင် ကော့ကရိတ် မြို့နယ် ကော့နွဲကျေးရွာအနီးမှာ၂၀၂၂ ခုနှစ် သြဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ကြောင့် လျှပ်စစ်မီးတိုင် ကျိုးပြတ်စဉ်ကလည်း လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို လနှင့်ချီ ကြုံခဲ့ရပြီဖြစ်ပါတယ်။

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသူတွေ က ရှိစုမဲ့စုလေးနဲ့ ဆိုလာမီး တပ်ဆင်သုံးစွဲ လာကြပေမဲ့ အခြေခံလက်လုပ်လက်စား ပြည် သူအများစုကတော့ ဖုန်းအားသွင်းရဖို့ ပါ၀ါ ဘန့်၊ မီးအိမ်လေးတွေ အားသွင်းဖို့အတွက် ဌာနဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူတွေ စီစဉ် ပေးတဲ့ စုရပ်တွေမှာ အချိန်ကုန်လူပန်း စုရုံး ကာ အားဖြည့်နေရပါတယ်။

ဓာတ်အားပြတ်တောက်မှု ဖြစ်နေတဲ့ မြ ဝတီမြို့ပေါ်က အသေးစား စက်မှုလုပ်ငန်း လုပ်ကိုင်သူတွေ၊ အထည်ချုပ်နှင့် လျှပ်စစ်သုံး အလုပ်ရုံတွေများစွာ ထိခိုက်လျက်ရှိတယ် လို့လည်း သိရပါတယ်။

အထည်ချုပ်စက်ရုံလုပ်ငန်း လုပ်ဆောင် နေသူတစ်ဦးက “လျှပ်စစ်မီးပြတ်တောက်နေ တာ သုံးလအတွင်းမှာ စက်ရုံလည်ပတ်ဖို့ အတော်လေးရုန်းကန်ရပါတယ်။ မီးစက်နဲ့ဆို တော့ ဆီဖိုးကမနည်းပါဘူး။ ကိုယ့်အလုပ် သမားတွေကိုလည်း အလုပ်လက်မဲ့မဖြစ် ချင်ဘူး။ တချို့ စက်ရုံလေးတွေကတော့ ပိတ် ထားတာတွေရှိပါတယ်။ မီးပြန်ရဖို့ကို မျှော် လင့်နေပါတယ်”လို့ ဆိုပါတယ်။

မြဝတီဒေသခံတစ်ဦးကလည်း “ယခင် လျှပ်စစ်မီးပြတ်တုန်းက အထည်ချုပ်စက်ရုံ အချို့လည်း ပိတ်သိမ်းခဲ့ရပါတယ်။ ငွေကြေး တတ်နိုင်သူတွေက မီးလင်းဖို့၊ ဖုန်းအားသွင်း ဖို့  ဆိုလာတွေတပ်ဆင်ကြပေမဲ့ ထမင်းချက် ဟင်းချက်ဖို့ ခက်ခဲခဲ့ကြတယ်။ မီးသွေးမီးဖို တွေကို အားကိုးခဲ့ရတယ်။ အခြေခံ လက် လုပ်လက်စားတွေကတော့ ဖုန်းအားသွင်းဖို့၊ ပါ၀ါဘန့်အားသွင်းဖို့အတွက် ရပ်ကွက်က စီစဉ်ထားတဲ့ စုရပ်တွေမှာ သွားပြီးသွင်းခဲ့ရ ပါတယ်”လို့ ဆိုပါတယ်။

တရုတ်လူမျိုးတွေရဲ့ တရားမဝင်လောင်း ကစား ဂိမ်းရုံတွေဝါးမျိုထားတဲ့ နယ်စပ်သောင် ရင်းကမ်းစပ်တစ်လျှောက်ရှိ အလုပ်ရုံ (လောင်းကစားဂိမ်းရုံ၊ နိုင်ငံတကာနဲ့ ချိတ် ဆက်လုပ်ကိုင်နေတဲ့ သညူငညန ါောန ရုံးတွေ ကတော့ ထိုင်းနိုင်ငံမှ သွယ်တန်းထားတဲ့ လျှပ် စစ်မီးကို အသုံးပြုတဲ့အတွက် မြဝတီမြို့ဟာ အလင်းတစ်ဝက် အမှောင်တစ်ဝက်ဖြစ်နေ တာပါ။

မြဝတီမြို့ဟာ ယခင်ဆယ်စုနှစ်ပေါင်း များစွာကပင် ထိုင်းလျှပ်စစ်မီးကို ဝယ်ယူသုံးစွဲ လာခဲ့တာပါ။ ယခင်အစိုးရလက်ထက်မှာ မြန်မာလျှပ်စစ်မီးကို မဝရေစာ ရရှိအောင် ဆောင်ရွက်ခဲ့တဲ့အတွက် ထိုင်းလျှပ်စစ်မီးလုပ် ငန်းက နောက်လှည့်ပြန်သွားခဲ့ရပါတယ်။ သို့ သော်လည်း လောင်းကစားဂိမ်းရုံတွေကတစ် ဆင့် စီးဝင်လာတဲ့ ထိုင်းလျှပ်စစ်မီးကို သက် ဆိုင်ရာဌာန အကြီးအကဲရုံးတွေမှာ သုံးစွဲနေ ကြပေမဲ့ ပြည်သူအများကတော့ မြန်မာလျှပ် စစ်မီးကို မျှော်လင့်နေကြရဆဲပါ။

နံနက်မိုးသောက် အလင်းမရောက်ခင် ဝေလီဝေလင်းအချိန်ကပင် အထုပ်ကလေးတွေ ကိုယ်စီပိုက်ပြီး ခြေကျင်လျှောက်လာသူတွေ၊ ဆိုင်ကယ်နဲ့လာသူတွေဟာ မီးအားသွင်း တဲ့စုရပ်တွေဆီ  တစ်စတစ်စ စုဝေးလို့ရောက် ရှိလာကြတယ်။ သူတို့လက်မှာ တယုတယ ထွေးပိုက်ယူဆောင်လာကြတာက အားသွင်း မယ့် ပါ၀ါဘန့်တွေ၊ အလင်းမီးသီးတွေ၊ ဖုန်းတွေပဲဖြစ်ပါတယ်။ သူတို့ လက်ထဲမှာကိုင်လာ တဲ့ မီးလုံးကလေးနဲ့ ပါ၀ါဘန့်ကို အားသွင်းမယ့် ပလပ်ပေါက်မှာ ထိုးပြီမှသာ သူတို့ရဲ့မျက်နှာ တွေက ပြုံးနိုင်တော့တယ်။

 “မီးပြတ်နေတာ သုံးလကျော်ပြီ။ အခြေ ခံလူတန်းစားတွေ၊ လက်လုပ်လက်စားတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေက ဒီနေ ရာလေးကိုပဲ အားထားနေရပါတယ်။ အများ စုက မီးအတွက် ဆိုလာလည်း မဝယ်နိုင်၊ မီး စက်ဆိုတာ ဝေလာဝေး၊ ဖုန်းလေးပြောရဖို့၊ ညဘက်မှာ အလင်းရောင်လေးရဖို့ မနက်က တည်းက အားသွင်းမယ့်နေရာကိုလာရတာ၊ ကိုယ့်ပစ္စည်းတွေ သူများနဲ့မမှားဖို့၊ မပျောက်ဖို့ အနည်းဆုံး သုံးနာရီလောက်ထိုင်စောင့်ကြ ရတာပါ။ မိသားစုဝင်ငွေမရှိရတဲ့အထဲ အလုပ် ပျက် အကိုင်ပျက်ပေါ့ဗျာ။ လျှပ်စစ်မီးတစ်ခု ပြတ်တောက်သွားတာ အခြေခံလူတန်းစား လည်း သူ့အလျောက်အခက်အခဲဖြစ်သလို လျှပ်စစ်အသုံးပြုရတဲ့ လုပ်ငန်းတွေလည်း အ တော်ထိခိုက်နေတာပဲလေ၊၊ တချို့ဆို စက်ရုံတွေ ရပ်ပစ်လိုက်ရတယ်”လို့ မြဝတီမြို့ခံတစ် ဦးက ပြောပါတယ်။

မြဝတီမြို့ပေါ်က  အခြေခံလူတန်းစား လက်လုပ်လက်စားတွေအနေနဲ့  ဖုန်းအား သွင်းရန်နဲ့ အလင်းရရှိရေးအတွက် သက်ဆိုင် ရာ ရပ်ကွက်အလိုက်စီစဉ်ထားတဲ့ နေရာတွေ မှာ လျှပ်စစ်အားသွင်းနေကြရပါတယ်။

ဖုန်း၊ ပါ၀ါဘန့်၊ အိမ်သုံးမီးအိမ်များကို  မည်သူမဆို (အခမဲ့) အားသွင်းနိုင်ဖို့အတွက်  မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ဖားခြောက်ကောင်ဘုန်းကြီးကျောင်းအနောက် ၀ါးတော လမ်းဆုံ၊ အမှတ် (၄) ရပ်ကွက် ရွှေမြင်းဝန် ဘုရားကြီးအရှေ့ဘက်လမ်းဆုံ၊ အမှတ် (၄) ရပ်ကွက် အထက (၁) ကျောင်းရှေ့​​ထောင့် လမ်းဘေး၊ အမှတ်(၃) ရပ်ကွက် ကြံခင်းဘုန်း ကြီးကျောင်းရှေ့၊ အမှတ် (၄) ရပ်ကွက် မြို့ နယ်လျှပ်စစ်ရုံးရှေ့၊ အမှတ် ၂ ရပ်ကွက် ယုဇန လမ်းတွေမှာ အခမဲ့ မီးအားလာသွင်းသူတွေနဲ့ ဝေစည်လို့နေပါတယ်။

ယခင် ၂၀၂၂ ခုနှစ်  သြဂုတ် ၂၀ ရက်က ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးမှာ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လျှပ်စစ်တာဝါ တိုင်နှစ်ခု ကျိုးခဲ့ပါတယ်။ မော်လမြိုင်ဓာတ် အားခွဲစက်ရုံက သွယ်တန်းထားတဲ့ လျှပ်စစ် ဓာတ်အားလိုင်း တာဝါတိုင် ကျိုးသွားတဲ့ အတွက် မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ လျှပ်စစ် ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။

ပျက်စီးသွားတဲ့ လျှပ်စစ်တာဝါတိုင်တွေ ကို မော်လမြိုင်မြို့က ကျွမ်းကျင်လျှပ်စစ်လုပ် သားတွေနဲ့ ပြုပြင်ကြပေမဲ့ လက်နက်ကိုင်​​တွေရဲ့ ပစ်ခတ်မှုတွေကြောင့် လျှပ်စစ်လုပ် သားနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ လေး ဦးအထိရှိခဲ့ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့မှာ ယခု တစ်ဖန် ဒုတိယမြောက် လျှပ်စစ်မီးပြတ် တောက်မှုမှာ သုံးလကျော်လာတဲ့အတွက် တစ်နိုင်တစ်ပိုင်ထုတ်လုပ်နေတဲ့ အထည်ချုပ် လုပ်ငန်းစက်ရုံငယ် (အိမ်ရုံ) အများအပြား ပိတ်လိုက်ရပြီလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ယခင်က ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာ ဖွင့်လှစ်ခဲ့ကြတဲ့ အထည်ချုပ်စက်ရုံ (အိမ်ရုံ) အချို့ဟာ မြဝတီမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ် လာခဲ့ကြတာလည်းဖြစ်ပါတယ်။ အလုပ်ရုံ စက်ရုံငယ်ပေါင်း ရာနှင့်ချီရှိပြီး ဒေသခံပြည် သူ ၅၀၀၀ ခန့်ကိုလည်း အလုပ်အကိုင်အခွင့် အလမ်း ရရှိစေခဲ့ပါတယ်။

ပြည်ပနိုင်ငံများသို့ သဘာဝဓာတ်ငွေ့ ရောင်းချနိုင်ပေမဲ့ ပြည်တွင်းမှာ လျှပ်စစ်ဓာတ် အား မလုံလောက်ခြင်းကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သုံးနာရီခြား လျှပ်စစ်မီးရရှိ စဉ်က မီးစက်နဲ့  စက်ရုံတွေ လည်ပတ်ခဲ့ကြ ပေမဲ့  ယခုအခါ လျှပ်စစ်မီး လုံးဝပြတ်တောက် သွားတဲ့အတွက်  အချို့သော အလုပ်ရုံ စက်ရုံတွေ ပိတ်လိုက်ရပြီလို့ ဆိုပါတယ်။

 “လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ဆုံးရှုံးမှုထိခိုက်မှုတွေ အများကြီးဖြစ်ပါတယ်။ အလုပ်လာအပ်ထားတာတွေကို သတ်မှတ် ရက်အတွင်း မပေးနိုင်လို့ ကတိပျက်တာတွေ လည်းရှိတယ်။ ပြန်​​အလျော်ပေးရတာတွေ လည်းရှိတယ်။ ဘယ်သူ့ကြောင့်ဖြစ်ဖြစ် ဒီလို မျိုးတော့မကြိုက်ဘူး။ အကုန်ဒုက္ခရောက်ရ တယ်” လို့ ကွန်ပျူတာဆိုင်လုပ်ငန်းလုပ်သူ တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ အချို့သောသူတွေက လျှပ်စစ်မီးအလင်းရရှိဖို့အရေး ငွေကြေးအမြောက်အမြား အကုန်ကျခံပြီး ဆိုလာပြား တွေ တပ်ဆင်အသုံးပြုနေကြသလို တချို့သော ဆိုင်ရာပိုင်ရာတွေကလည်း ထိုင်းနိုင်ငံ ဘက်ကလာတဲ့ လျှပ်စစ်မီးနဲ့ အိုကေမှာ စို​ပြည်နေပါတယ်။ ဒေသခံပြည်သူအများစုမှာ တော့ လျှပ်စစ်မီးကပေးတဲ့ သောကတွေနဲ့ မြန်မာ့လျှပ်စစ်မီး ဘယ်တော့ပြန်လာမလဲ မျှော်လင့်ရင်းနဲ့ပေါ့။

Most Read

Most Recent