နမ့်နိမ့်ကျေးရွာ၌ သံဃာတော်နှင့် ဒေသခံ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်

နမ့်နိမ့်ကျေးရွာ၌ သံဃာတော်နှင့် ဒေသခံ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်
■ Photo - Pa-O History & Heritage
■ Photo - Pa-O History & Heritage
Published 15 March 2023

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နမ့်နိမ့်ကျေးရွာ၌ သံဃာတော်နှင့် ဒေသခံ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် မတ် ၁၅ ရက်တွင် ပအိုဝ်းပြည်သူများက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နမ့်နိမ့်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း သံဃာတော် သုံးပါးနှင့် ဒေသခံ ၃၀ ၏ အသတ်ခံထားရသည့် ရုပ်အလောင်းများကို မတ် ၁၂ ရက် တွေ့ရှိခဲ့သည့် ဖြစ်စဉ်အပေါ် ထိုသို့ ကန့်ကွက်ရှုတ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါဆန္ဒပြပွဲတွင် “ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ် အတင်းဖန်တီးမှု- အလိုမရှိ”၊ “အပြစ်မဲ့ ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများ သတ်ဖြတ်မှု- အလိုမရှိ”၊ “သတင်းမှန် ဖုံးကွယ်ရေးသားဖော်ပြသော မီဒီယာများ-အလိုမရှိ”၊ “လူမှုရေးမှိုင်းတိုက်နေသော ပြည်တွင်းပြည်ပ အဖျက်သမားများအား-အလိုမရှိ”၊ ပအိုဝ်းပြည်သူ လူထုပိုင် ပစ္စည်းဥစ္စာများ အတင်းအဓမ္မ ခိုးယူနေသော အကြမ်းဖက်သမားများအား- အလိုမရှိ”၊ “သာသနာ့အဆောက်အအုံများ ပြည်သူလူထုနေအိမ်များ မီးရှို့ဖျက်ဆီးမှု -အလိုမရှိ”၊ “ကျေးရွာနှင့်လူနေအိမ်များ ဒေသခံများ လူသားဒိုင်းကာအဖြစ် အသုံးပြုမှုများ-အလိုမရှိ”၊ “KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသအတွင်းမှ အမြန်ဆုံးဆုတ်ခွာရေး - ဒို့အရေး”၊ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေး - ဒို့အရေး” စသော ဟစ်ကြွေးသံများဖြင့် ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ 

 

 

 

Most Read

Most Recent