မလေးရှား FA Cup ပြိုင်ပွဲ ပထမအဆင့်တွင် ပီနန်းအတွက် ဇော်မင်းထွန်း ဂိုးသွင်းယူ

မလေးရှား FA Cup ပြိုင်ပွဲ ပထမအဆင့်တွင် ပီနန်းအတွက် ဇော်မင်းထွန်း ဂိုးသွင်းယူ
Photo: Penang FC
Photo: Penang FC
Published 13 March 2023

၂၀၂၃ မလေးရှား FA Cup ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို ပြီးခဲ့သည့် မတ်(၈) ရက်က စတင်ကျင်းပခဲ့ရာ ပီနန်းအသင်းအတွက် မြန်မာ့လက်ရွေးစင်ဟောင်း ၀ါရင့်နောက်ခံလူ ဇော်မင်းထွန်း ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇော်မင်းထွန်း၏ ပီနန်းအသင်းသည်၂၀၂၃ မလေးရှား FA Cup ပြိုင်ပွဲ ပထမအဆင့်တွင် ခီဒါရှ်ဒါရူးလ်အသင်းနှင့် တွေ့ဆုံခဲ့ပြီး အချိန်ပိုအထိ(၂-၂) ဂိုးဖြင့် သရေကျနေခဲ့သည်။

ထို့ ကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ ပီနန်းအသင်းက(၄-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဇော်မင်းထွန်းက ပယ်နယ်တီတစ်လုံးကို အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယင်းဂိုးမှာ ဇော်မင်းထွန်း ပီနန်းအသင်းသို့ ရောက်ရှိပြီးနောက် ပထမဆုံးသွင်းယူသည့်ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ပီနန်းအသင်းသည်   ၂၀၂၃ မလေးရှား FA Cup ပြိုင်ပွဲတွင် ဒုတိယအဆင့်သို့တက်ရောက်သွားပြီဖြစ်ပြီး ဒုတိယအဆင့်အဖြစ် လာမည့် ဧပြီ ၁၅ ရက်တွင် ကူချင်းအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

၂၀၂၃ မလေးရှား FA Cup ပြိုင်ပွဲတွင် တိုက်စစ်ကစားသမားဖြစ်သူ ဟိန်းထက်အောင်၏ ဆီလန်ဂေါအသင်းမှာ  ဒုတိယအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။

ဆီလန်ဂေါအသင်းသည် ဒုတိယအဆင့်တွင် ဆရီပါဟန်းအသင်းနှင့် တွေ့ဆုံနေသည်။

Most Recent