၂၀၂၃ ခုနှစ်တ်လ ၉ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ် (COVID-19) ဖြစ်ပွား သူ ၆၈၁ သန်း၊ ကိုဗစ်ကြောင့် သေဆုံးသူ ၆ ဒသမ ၈ သန်း ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ် (COVID-19) ဖြစ်ပွားသူ ၆၃၃၉၄၉ ဦး၊ ကိုဗစ်ကြောင့်သေဆုံးသူ ၁၉၄၉၀ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်း တစ်ခုရဲ့ ယိုစိမ့်မှုတစ်ခုက ကမ္ဘာ့ကိုဗစ်ကပ် ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ် နိုင်တယ်လို့ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (အမေရိကန်) (FBI) ရဲ ့ညွှန်ကြားရေးမှူး ခရစ်တိုဖာရေးက ဖေဖော်ဝါရီ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရက ကပ်ရောဂါရဲ့ မူ လဇစ်မြစ်အပေါ် တိကျတဲ့သုံးသပ်ချက်နဲ့ အများဆန္ဒ ထုတ်ပြန်ထားခြင်းမရှိသေး ကြောင်း အိမ်ဖြူတော်အမျိုးသားပြောရေးဆို ခွင့်ရှိသူ ဂျွန်ကာဘီက ဖေဖော်ဝါရီ ၂၇ ရက် က ပြောကြားခဲ့တယ်။ ‘ခရစ်တိုဖာရေး’ က အေဂျင်စီအနေနဲ့ ခွဲခြမ်းစိတ်ဖြာနေတာ ကြောင့် အေဂျင်စီရဲ့ သုံးသပ်ချက်အသေးစိတ် ကို မျှဝေနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့ ပါတယ်။ ကပ်ရောဂါရဲ့ မူလဇစ်မြစ်အကြောင်း ပိုမိုသိရှိရေး အမေရိကန်နဲ့ အခြားနိုင်ငံများရဲ့ အားထုတ်ကြိုးပမ်းမှုများကို တရုတ်အစိုးရက တားဆီးဖို့နဲ့ ရှုပ်ထွေးစေဖို့ ကြိုးပမ်းဆောင်ရွက် နေတယ်လို့ ‘ရေး’ က စွပ်စွဲထားပါတယ်။
တရုတ်နိုင်ငံက မတ်လ ၁ ရက်မှစပြီး စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ နယူး ဇီလန်အပါအဝင် နိုင်ငံအများအပြားမှ ခရီး သွားများအတွက် ကိုဗစ် (COVID-19) စစ် ဆေးဖို့ လိုအပ်ချက်များ ဖြေလျှော့ပေးခဲ့ပါ တယ်။ မထွက်ခွာမီ ၄၈ နာရီထက် ကျော်လွန် ခြင်းမရှိဘဲ စစ်ဆေးထားတဲ့ (PCR) ပီစီအာ စစ်ဆေးမှုရလဒ်ပြသဖို့ လိုအပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ယင်းအစား တရုတ် နိုင်ငံကို တိုက်ရိုက်ပျံသန်းလာတဲ့ ခွင့်ပြုချက် အရ ခရီးသွားများဟာ လေယာဉ်ပေါ်မတက်မီ ၄၈ နာရီအတွင်း အေအာတီစစ်ဆေးနိုင်တယ် လို့ ဆိုပါတယ်။
ခရီးသွားတွေအနေနဲ့ တရုတ်နိုင်ငံကို လာရောက်တဲ့အခါ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိတဲ့ စစ်ဆေးချက်ရလဒ်ပြဖို့ လိုအပ်ပါ တယ်။ ဗိုင်းရပ်စ်ကူးစက်မခံရဘူးဆိုတဲ့ ရလဒ် ထွက်လာတဲ့အချိန်မှ တရုတ်နိုင်ငံကို ခရီးသွား သင့်တယ်လို့ စင်ကာပူရှိ တရုတ်သံရုံးက မတ် လ ၁ ရက်ကထုတ်ပြန်ခဲ့တယ်။ လက်ရှိကပ် ရောဂါအခြေအနေအလိုက် စည်းမျဉ်းများကို ဖြေလျှော့သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၀ ပြည့နှစ် အစောပိုင်းက ကိုဗစ် (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု အပေါ် အစိုးရကိုင်တွယ်ခဲ့ပုံနဲ့ပတ်သက်လို့ အီတလီဝန်ကြီးချုပ်ဟောင်း ဂူဆက်ပီကွန်တီ ဟာ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနဲ့ ရင်ဆိုင်နေရတယ်ဆိုပါတယ်။ ဥရောပရှိ ကိုရို နာဗိုင်းရပ် (SARS COV 2 ) ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမူရဲ့ ဗဟိုချက်တစ်ခုဖြစ်ခဲ့တဲ့ အီတလီ မြောက်ပိုင်း ဘာဂါမိုမြို့က အစိုးရရှေ့နေတွေ ဟာ သုံးနှစ်ကြာစုံစမ်းစစ်ဆေးမှုပြီးဆုံးပြီး နောက် ကွန်တီကို ပစ်မှတ်ထားစစ်ဆေးမှုများ လုပ်ဆောင်နေတာဖြစ်ကြောင်း သတင်းမီဒီ ယာတွေက ဖော်ပြထားပါတယ်။
လက်ရှိအများကြိုက်ဝါဒီ (Five Star morement ) ပါတီဥက္ကဋ္ဌ ဖြစ်တဲ့ ကွန်တီဟာ (၂၀၁၈-၂၀၂၀) ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ကာ ကပ်ရောဂါအဖြစ် ရောက်ရှိ လာတဲ့ ရောဂါကူးစက်ပျံ့နှံ့မှုများ ကနဦးထိန်း ချုပ်မှုအစီအမံများကို ကြီးကြပ်ခဲ့သူလည်းဖြစ် တယ်ဆိုပါတယ်။
သိပ္ပံဆိုင်ရာ ကျွမ်းကျင်သူများအဆိုအရ အီတလီအစောပိုင်းမှာ ကွာရင်တင်း (Quarantine) အစီအမံများ လုပ်ဆောင်ခဲ့မယ် ဆိုရင် လူ့အသက်ထောင်ပေါင်းများစွာ ကယ်တင်နိုင်မယ်လို့ ဘာဂါမိုမြို့အစိုးရရှေ့ နေများက ဆိုပါတယ်။ ကွန်တီကမူ အဆိုပါ စုံစမ်းစစ်ဆေးမှုအပေါ် စိုးရိမ်ခြင်းမရှိကြောင်း နဲ့ ယင်းရဲ့အစိုးရဟာနိုင်ငံရဲ့အခက်ခဲဆုံးကာ လများထဲမှ တစ်ခုအတွင်း တာဝန်ဝတ္တရားနဲ့ ကတိကဝတ်များအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း ကိုရီလာဒယ်လာဘယ် လာ (Corrieredella Sera)) နဲ့ အခြား မီဒီယာ များက ကိုးကားဖော်ပြခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိ အခြားနေရာဒေသတွေမှာလည်း သက်ဆိုင် ရာ တာဝန်ရှိသူများကို အလားတူစုံစမ်းစစ် ဆေးမှု ပြုလုပ်လျက်ရှိကာ အာဏာပိုင်များ ဟာ ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှစတင်ကာ ကမ္ဘာတစ်ဝန်း လူပေါင်း ၆ ဒသမ ၈ သန်း ကျော်သေဆုံးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူး စက်မှုများကို လျင်လျင်မြန်မြန်တုံ့ပြန်ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံနေရပါ တယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီကပြင်သစ်ရဲ့အမြင့်ဆုံးတရားရုံးက ထိပ်တန်းဆရာဝန်ဖြစ် သူ ကျန်းမာရေးဝန်ကြီးဟောင်း အက်ဂ်နက်စ် ဆူဇင်အပေါ် စွပ်စွဲထားတဲ့အမှုကို ပယ်ချခဲ့ ပါတယ်။
အီးစီးကရက် (Vape) သောက်လို့ လကျန်း မာတဲ့လူငယ်တွေမှာ ကိုဗစ်ပြင်းထန်နိုင်ခြေ မြင့်မားကြောင်းကို အမေရိကန်လော့အိန်ဂျ လိစ်မြို့ဒေးဗစ်ဂဲဖ်ဖင် (UCLA's David Geffen)) ဆေးတက္ကသိုလ်ရဲ့ သုတေသနလေ့ လာမှုအရ သိရပါတယ်။ ဆေးလိပ်အီးစီးက ရက်သောက်တာဟာ ကျန်းမာရေးကိုထိခိုက် စေတဲ့ အဆိုးသွမ်းဆုံး အလေ့အကျင့်ဖြစ် ကြောင်း အဆိုပါတက္ကသိုလ်ရဲ့ ကူးစက်ရောဂါ ဌာန တွဲဖက်ပါမောက္ခ ဒေါက်တာသီယိုဒိုရို့စ် ကေလီစီဗစ်က ပြောကြားခဲ့တယ်။ ဆေးလိပ်၊ အီးစီးကရက်သောက်သူတွေမှာ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ အများအပြားကို ဖြစ်စေ နိုင်ပြီး လေ့လာမှုအရ ဗိုင်းရပ်စ်ရဲ့ပုံတူပွားမှုမှာ အဓိကသုံးစွဲတဲ့ ပရိုတင်းပမာဏကိုတိုးမြှင့် ပေးရာမှာ သိသာစွာပြောင်းလဲမှုရှိတာကို တွေ့ရှိထားခဲ့တယ်လို့ ဆိုပါတယ်။
လေ့လာမှုမှာ ဆေးလိမ့်နဲ့ အီးစီးကရက် (Vape) လုံးဝမသောက်သူ ၄၅ ဦး၊ (Vape) သောက်သူ ၃၀ ဦးနဲ့ စီးကရက်သောက်သူ ၂၉ ဦးထံကနေ စုဆောင်းရရှိထားတဲ့ သွေး ရည်ကြည်နမူနာတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ လေ့လာမှုအရ အီးစီးကရက် သောက်သူတွေက ဆေးလိပ်လုံးဝမသောက် သူတွေထက် ကူးစက်မှုဖြစ်နိုင်ခြေနဲ့ အဆုတ် တွေရောင်ရမ်းနိုင်မှု ပိုမိုမြင့်မားတာတွေ့ရ တယ်လို့ ဒေါက်တာသီဟိုဒီုရိုစ်က ဆိုပါတယ်။ နောက်ထပ်တွေ့ရှိချက်က အိုမီခရွန်လှိုင်း ကိုဗစ် (COVID-19) ကူးစက်ခံရသူများဟာ ဆီးချိုအမျိုးအစား (၂) ရောဂါ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ လော့အိန်ဂျလိစ်မြို့ ဆီဒါဆီ နာ (cedars-cania) ကျန်းမာရေးစင်တာ သုတေသီတွေက ဆိုပါတယ်။ လေ့လာမှုမှာ ကိုဗစ်လူနာ ၂၃၀၀၀ ကျော်ရဲ့ ကျန်းမာရေးမှတ်တမ်းအခြေခံခဲ့ပါတယ်။
ကိုဗစ်နောက်ပိုင်း ကမ္ဘာ့စီးပွားရေးဟာ မူလအခြေအနေ မရောက်ရှိသေးပေမဲ့ နိုင်ငံ အများစုက တိုးတက်မှုတွေ့ရှိထားပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ကိုဗစ်အလွန် မှာလည်း စွပ်စွဲနေကြပါတယ်။ ၂၀၂၂ ခုနှစ် မတ်လ ၆ ရက်သတင်းအရ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌက ထိုင်ဝမ်သမ္မတ ကို အမေရိကန်မှာ လက်ခံတွေ့ဆုံဖို့ဖိတ်ကြား ထားခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်း ကန်းက မတ် ၇ ရက်မှာ တရုတ်အပေါ် ဖိနှိပ် မှုများကိုရပ်တန့်ဖို့နဲ့ ရပ်တန့်မှုမရှိရင်ကြီးမား တဲ့ အကျိုးဆက်များကို ကြုံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်နဲ့ပြန်လည်ပေါင်း စည်းရေးကို အောင်မြင်အောင် လုပ်ဆောင်ဖို့ အတွက် လုပ်ဆောင်ခွင့်ရှိကြောင်း ဆိုပါ တယ်။ ထိုင်ဝမ်ကမူ တရုတ်ရဲ့အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်နဲ့ပတ်သက်တဲ့ ပြောကြား ချက်များကို ပယ်ချထားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်ကလည်း ကုန်သွယ်ရေးစစ်ဆင်နွှဲပြီး နှစ်နိုင်ငံထွက်ကုန် ပစ္စည်းများအပေါ် အပြန်အလှန်အခွန်တိုးမြှင့် ခြင်းနဲ့ ပယ်ဖျက်ခြင်းပြုခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အထိန်းအကွပ်ဖြစ်စေမယ့်
အစီအမံများ ချမှတ်သွားမှာဖြစ်ကြောင်းနဲ့ ပဋိပက္ခဖြစ်အောင် လုပ်ဆောင်မှာမဟုတ် ကြောင်း အမေရိကန်က ပြောဆိုထားပေမဲ့ လက်တွေ့မှာ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ကြံပြောဆိုခံရတဲ့အချိန် (သို့မဟုတ်) ထိုး နှက်တိုက်ခိုက်ခံရတဲ့အချိန်မျိုးမှာ တရုတ် ဘက်က နှုတ်အားဖြင့်လည်းကောင်း၊ လုပ်ရပ် အားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုရဆိုတဲ့ သဘောတက်ရောက်နေတဲ့အတွက် မဖြစ်နိုင် ကြောင်း တရုတ်ဘက်က ဆိုပါတယ်။
ရုရှား-ယူကရိန်း စစ်ဘက်မှာလည်း ရုရှားဘက်က စစ်ရပ်ပြီး ပြေငြိမ်းမပေးနိုင်၊ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းကို ရုရှားကို ပေးမယ်။ အမေရိကန်ဘက်က အသိအမှတ်ပြု ရမယ်လို့ စီအိုင်အေက စေ့စပ်ပေမဲ့ ရုရှား သမ္မတပူတင်က အခုလို သိမ်းပြီးသားဖြစ်ချိန်၊ ရုရှားအလိုကျ ယူကရိန်းအစိုးရဖွဲ့ပြီးမှ စစ်ပြေ ငြိမ်းခဲ့မယ်ဆိုတော့ စစ်ကဘယ်ပြီးတော့မလဲ။ ကမ္ဘာတစ်ဝန်း စားသောက်ကုန်ပစ္စည်း နှစ်ဆ မက တက်လာကာ အနောက်နိုင်ငံတွေမှာ လောင်စာဆီပြဿနာ၊ စားဝတ်နေရေးပြ ဿနာ ပိုမိုကုန်ကျနေခဲ့ပါတယ်။
ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှာ အစိုးရပြောင်းလဲမှုနဲ့အတူ ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများရဲ့ အော်ဒါလျှော့ချမှု၊ လုပ်သား အလှည့်ကျဆင်းစေခြင်း၊ စက်ရုံများ အိမ်နီး ချင်းနိုင်ငံများကို ပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့ ကြောင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်သား နှစ်သိန်းကျော် အလုပ်လက်မဲ့ဖြစ်ကာ နိုင်ငံ ခြားရွှေ့ပြောင်းလုပ်သားဘဝ ခံယူခဲ့ရပါ တယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံခြားရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၁ သန်းရှိရာ ထိုင်း ၇၀ ရာခိုင်နှုန်း၊ မလေးရှား ၁၅ ရာခိုင်နှုန်း သွားရောက်လုပ်ကိုင်နေကြ ကြောင်း သိရပါတယ်။
ကိုဗစ်ကြီးက ကမ္ဘာမြေက မထွက်သေး ဘဲ (၄-၅) နှစ်ကြာဦးမှာဆိုတော့ လူတိုင်းကို ဗစ်ကာကွယ်ဆေးနှစ်ကြိမ်၊ ထပ်ဆင်မြင့်ကာ ကွယ်ဆေး အလှည့်သင့်သလိုထိုးနှံသွားဖို့ လိုအပ်ကာ ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့ နှာ ခေါင်းစည်းတပ်ခြင်း၊ လက်ကို ဆပ်ပြာ၊ ရေတို့ နဲ့ စက္ကန့် ၂၀ ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူ ဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်း အောင်စီမံထားခြင်းအပြင် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေးမူဝါဒနဲ့အညီ ပုံမှန်ဘဝ သစ်အတိုင်းနေထိုင်သွားဖို့သာ လိုအပ်ပါ တယ်။ ကိုဗစ်ကာလအတွင်း အီးပညာရေး၊ အီးကျန်းမာရေး၊ အီးဂါးဗားမင့်၊ အွန်လိုင်းမီ တင်းတို့ တိုးတက်လာခဲ့ပြီး အွန်လိုင်းရောင်း ဝယ်ရေးနဲ့ ဖြန့်ဖြူးမှု ဖွံ့ဖြိုးလာခဲ့ပါတယ်။ သင် ထောက်ကူပစ္စည်းရှားပါးတဲ့ ဆင်းရဲတဲ့နိုင်ငံ တွေ နောက်ကျကျန်ရစ်ခဲ့ပါတယ်။
ဒေါက်တာလွင်သန့်










