အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်တွင် သံတမန်မစ်ရှင်များအပေါ် တိုက်ခိုက်မှုများကို စီစဉ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အိုင်အက်စ်အဖွဲ့၏ ထိပ်သီးတပ်မှူးတစ်ဦးကို တာလီဘန်တပ်ဖွဲ့ဝင်များက သတ်ဖြတ်နိုင်ခဲ့သည်ဟု အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် သြဂုတ်လက အာဖဂန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့ပြီးနောက် နိုင်ငံအတွင်း အကြမ်းဖက်မှုများ သိသာစွာ လျော့ကျခဲ့သည်။
သို့သော် အိုင်အက်စ်အဖွဲ့၏ ဒေသခံအဖွဲ့ခွဲတစ်ခုက တာဝန်ခံကြေညာခဲ့သည့် လူပေါင်းများစွာထိခိုက်သေဆုံးခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့မှုနှင့်အတူ ပြီးခဲ့သည့်နှစ်အတွင်း လုံခြုံရေး အခြေအနေသည် ဆိုးရွားခဲ့သည်။
တာလီဘန်တပ်ဖွဲ့များသည် ဖေဖော်ဝါ ရီ ၂၆ ရက်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ် ခုအတွင်း အိုင်အက်စ်အဖွဲ့၏ ထောက်လှမ်း ရေးနှင့် စစ်ဆင်ရေး အကြီးအကဲ ကာရီ ဖာ တက်ကို သတ်ဖြတ်ခဲ့သည်ဟု တာလီဘန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ဖာတက်သည် သံတမန်ဆိုင်ရာ မစ်ရှင်များ၊ ဗလီများနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်မှုအပါအဝင် ကဘူးမြို့တော်တွင်ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးများကို တိုက်ရိုက်ကြိုးကိုင် ခဲ့သူဖြစ်သည်ဟု မူဂျာဟစ်ကဆိုသည်။
ကဘူးမြို့၏ ခါအီယာ ခါနာဒေသတွင် အခြေစိုက်သည့် အိုင်အက်စ်အဖွဲ့၏ စခန်းတွင်ပြုလုပ်ခဲ့သည့် ယင်းစစ်ဆင်ရေးတွင် အခြားအိုင်အက်စ်အဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ယင်းနေရာနှင့် အနီးတစ်ဝိုက်တွင်နေထိုင်သည့် ဒေသခံများက ဖေဖော်ဝါရီ ၂၆ ရက်ညပိုင်းတွင် ကျယ်လောင်သည့် သေနတ်သံများကို ကြားခဲ့ရသည်ဟု ဆိုသည်။
Twitter လူမှုမီဒီယာတွင် တင်ခဲ့သည့် တာလီဘန်အရာရှိများ၏ မှတ်တမ်းတစ်ခုတွင် အပျက်အစီးများအကြား အလောင်း နှစ်လောင်းကို တွေ့မြင်ရသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကုလသ မဂ္ဂ လုံခြုံရေးကောင်စီ၏ အစီရင်ခံစာတစ်ခု တွင်မူ ဖာတက်ကို အိုင်အက်စ်အဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ပြခဲ့ပြီး သူသည် အိန္ဒိယ၊ အီရန်နှင့် ဗဟိုအာရှဒေသများတွင် စစ်ဆင်ရေးများကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
အိုင်အက်စ်အဖွဲ့သည် တာလီဘန်တို့ အာဏာရခဲ့ပြီးနောက် အကြီးမားဆုံး လုံခြုံရေး စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပြီး ပြည်ပနိုင်ငံသားများ၊ ဘာသာရေး လူနည်းစုများနှင့် အစိုး ရ ဌာနများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းနှစ်ဖွဲ့လုံးသည် ဆွန်နီ အစ္စလာမ်မစ်အယူဝါဒကို ကျင့်သုံးခြင်းဖြစ်သော်လည်း အိုင်အက်စ်အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ ခါလီဖိတ်နိုင်ငံတည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး တာလီဘန်တို့ကမူ အာဖဂန်နစ္စတန် လွတ်လပ်ရေးနှင့် အာဏာရရေးအတွက်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလက ကဘူးမြို့တွင် တရုတ် နိုင်ငံသားငါးဦး ဒဏ်ရာရခဲ့သည့် ဟိုတယ်တစ်ခု စီးနင်းတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အိုင်အက်စ်အဖွဲ့က ကြေညာခဲ့သည်။ ယင်းလထဲမှာပင် အိုင်အက်စ်အဖွဲ့သည် ကဘူးမြို့တော်ရှိ ပါကစ္စတန်သံရုံးကို တိုက်ခိုက်ခဲ့ပြီး ယင်းသည် ၎င်း၏ သံအမတ်ကို လုပ်ကြံရန်ကြိုးပမ်းမှုဖြစ်သည် ဟု ပါကစ္စ တန်အစိုးရက ပြောကြားခဲ့သည်။
ဇန်နဝါရီလကလည်း အိုင်အက်စ်အဖွဲ့သည် အာဖဂန် နိုင်ငံခြားရေးဝန်ကြီးဌာနအနီးတွင် အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။















