ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ VAR အကြီးအကဲဖြစ်သူ နေးလ်ဆွာဘရစ်သည် ရာသီကုန်တွင် အနားယူတော့မည် ဖြစ်ကြောင်း သိရသည်။
ဆွာဘရစ်သည် ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်ပြီး VAR လုပ်ငန်း စတင်သည့် ၂၀၁၉-၂၀ ရာသီကတည်းက အကြီးအကဲအဖြစ် ဦးဆောင်နေသူဖြစ်သည်။
ဘောလုံးလောကတွင် လက်ရှိအချိန်၌ VAR စနစ်ကို တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သော်လည်း အငြင်းပွားမှုများမှာလည်း မြင့်တက်လျက်ရှိသည်။
အထူး သဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR အဆုံး အဖြတ်အမှားများစွာ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆို်င်နေရသည်။
ဆွာဘ ရစ်(၅၇ နှစ်)ကမူ ၎င်းအနေဖြင့် မူလကတည်းက အနားယူရန် စဉ်းစားထားပြီးဖြစ်ကြောင်းနှင့် ဝေဖန်မှုများကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းမဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်ဟု The Athletic က ဖော်ပြခဲ့သည်။















