ဂရေဟမ်ပေါ်တာ၏အနာဂတ်ကို နောက်နှစ်ပွဲသာ ချယ်လ်ဆီး စောင့်ကြည့်မည်ဖြစ်ပြီး နည်းပြသစ်အဖြစ် စပါးနည်းပြဟောင်း ပိုချက်တီနို ရေပန်းစား

ဂရေဟမ်ပေါ်တာ၏အနာဂတ်ကို နောက်နှစ်ပွဲသာ ချယ်လ်ဆီး စောင့်ကြည့်မည်ဖြစ်ပြီး နည်းပြသစ်အဖြစ် စပါးနည်းပြဟောင်း ပိုချက်တီနို ရေပန်းစား
Photo: Getty Images
Photo: Getty Images
Published 1 March 2023

 

ချယ်လ်ဆီးအသင်းသည် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရမှုကြောင့် အသင်းနည်းပြ ဂရေဟမ်ပေါ်တာ၏ နောက်နှစ်ပွဲသာ စောင့်ကြည့်တော့မည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။

အစောပိုင်းသတင်းများတွင် ဂရေဟမ်ပေါ်တာသည် ချယ်လ်ဆီအသင်းဘုတ်အဖွဲ့၏အပြည့်အဝထောက်ခံမှု ရရှိထားသည်ဟု ရေးသားခဲ့ကြသော်လည်း ယခုအခါ သူ၏ အနာဂတ်မှာ စိုးရိမ်စရာအနေအထား ရောက်လာခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် မတ်လ ၄ ရက်တွင် လိဒ်စ်အသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ၊ မတ်လ ၇ ရက်တွင် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များ ကစားရန်ရှိပြီး ယင်းနှစ်ပွဲစလုံး အနိုင်မရှိလျှင် အသင်းနည်းပြဖြစ်သူ ဂရေဟမ်ပေါ်တာနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း သိရသည်။ 

အသက် ၄၇ နှစ်အရွယ်ရှိ ဂရေဟမ်ပေါ်တာသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၈ ရက်ကမှ နည်းပြဟောင်း တူဟယ်လ်၏နေရာတွင် ရှေရှည်စီမံကိန်းအဖြစ် ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်ခံထားရခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ပြိုင်ပွဲစုံ ပထမဆုံး ကိုးပွဲတွင် ခြောက်ပွဲ နိုင်၊ သုံးပွဲသရေဖြင့် ရှုံးပွဲမရှိခဲ့ကာ အဖွင့်လှခဲ့သော်လည်း ယင်းနောက်ပိုင်းကစားခဲ့သည့် ပြိုင်ပွဲစုံ ၁၇ ပွဲတွင် သုံးပွဲသာ အနိုင်ရရှိခဲ့ပြီး နောက်ဆုံး သုံးပွဲဆက်တိုက် အရေးနိမ့်မှုအပါအဝင် ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။ 

ဖေဖော်ဝါရီလ ၂၆ ရက်က ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ်တွင် စပါးအသင်းအား အဝေးကွင်း၌ (၀-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရမည့် ဂရေဟမ်ပေါ်တာ၏အလေးပေးချက်များမှာ ပိုမိုမြင့်တက်လာခဲ့သည်။ ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့် ရေပန်းစားမှုတွင် Paddy Power က ဂရေဟမ်ပေါ်တာကို ၄း၁ လေးဖြင့် အမြင့်ဆုံးပေးထားပြီး ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ် က ၁ဝး၃ လေး၊ ဘုန်းမောက်နည်းပြ ဂယ်ရီအိုနေးလ်က ၈း၁ လေး၊ နော်တင်ဟမ်ဖော ရက်စ်နည်းပြ စတိဗ်ကူးပါးနှင့် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ၁၂း၁ လေးစီဖြင့် အသီးသီးရှိနေသည်။

ချယ်လ်ဆီးနည်းပြသစ် ရေပန်းစားမှုတွင်မူ စပါးနှင့် PSG အသင်းနည်းပြဟောင်း ပိုချက်တီနိုက ၆း၄ လေးဖြင့် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။ ယင်းနောက်တွင် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက ၆း၁ လေး၊ လက်ရှိ ရိုးမားနည်းပြ မော်ရင်ဟိုနှင့် ဖရန့်ဖတ်နည်းပြ ဂလက်စနာက ၁ရး၂ လေးဖြင့် ရပ်တည်နေသည်။

Most Read

Most Recent