စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ ပျက်သုဉ်းသွားခဲ့သော မျှော်လင့်ခြင်းတစ်ခု

စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ ပျက်သုဉ်းသွားခဲ့သော မျှော်လင့်ခြင်းတစ်ခု
Photo: AFP
Photo: AFP
Published 20 February 2023

ချယ်လ်ဆီးအသင်းရဲ့ နာကျင်ကြေကွဲရခြင်း တွေ၊ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ ပြိုကွဲပျက်စီးရခြင်းတွေက ပြောစရာစကားမဲ့လောက်တဲ့ အခြေအနေအထိ ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၈)ရက်နေ့ ကယှဉ်ပြိုင်ခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီး ယားလိဂ်ပွဲစဉ် (၂၄)မှာ ချယ်လ်ဆီးအသင်းဟာ အိမ် ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာပဲ (ဝ-၁)ဂိုးနဲ့အရေးနိမ့် ခဲ့တယ်။ ဆောက်သမ်တန်အသင်းဟာ လက်ရှိအ ချိန်အထိကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားအ ဆင့် (၂၀)နေရာမှာရှိနေတဲ့အသင်းဖြစ်ပြီး ဒီလိုအ ခြေအနေဆိုးနေတဲ့အသင်းကို ချယ်လ်ဆီးအသင်း ဟာ စိတ်ပျက်စရာကောင်းစွာပဲ အရှုံးပေးခဲ့ရတာပါ။ ဒါဟာ ချယ်လ်ဆီးအသင်းအတွက် နှစ်ပေါင်း (၃၀)အတွင်း ဆောက်သမ်တန်အသင်းကို အင်္ဂလန်ထိပ် တန်းလိဂ် (ယခင်ပထမတန်း၊ ယခုပရီးမီးယားလိဂ်)  ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် နှစ်ကျော့စလုံးရှုံးနိမ့်ခဲ့ ခြင်းဖြစ်တယ်။ (ချယ်လ်ဆီးအသင်းသည် ဆောက် သမ်တန်အသင်းနှင့် ပထမအကျော့အဝေးကွင်း တွေ့ဆုံမှုတွင်လည်း ၁-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်)။ နည်းပြ ဂရေဟမ်ပေါ်တာလက်ထက် ပြိုင်ပွဲစုံ နောက်ဆုံး (၁၅)ပွဲမှာ (၉)ပွဲမြောက်ရှုံးပွဲကိုကြုံတွေ့ ခဲ့ခြင်းဖြစ်ပြီး (၂)ပွဲသာအနိုင်ရတဲ့အထိ ရလဒ်ဆိုးခဲ့ ခြင်းဖြစ်တယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းအနေ နဲ့ ၂၀၂၃ ခုနှစ်အတွင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲ မှာ နိုင်ပွဲ (၁)ပွဲသာရရှိခဲ့ပြီး FA ဖလားကထွက်ခွာ၊ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်  ပထမအ ကျော့မှာ ရှုံးနိမ့်ခဲ့ခြင်းနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် (၄)နဲ့ (၁၀)မှတ်၊ တန်းဆင်းဇုန်အဆင့် (၁၈)နဲ့ (၁၁)မှတ်သာ ကွာဟတော့ခြင်းလည်းဖြစ်ခဲ့ပါ တယ်။

    

အံ့အားသင့်စရာကောင်းလောက်တဲ့ ကျရှုံး ခြင်းတိုက်ပွဲကို ဆင်နွှဲနေရခြင်းနဲ့အတူ ချယ်လ်ဆီး အသင်းအတွက် ပျက်သုဉ်းသွားရသောမျှော်လင့် ခြင်းတွေအများအပြားရှိခဲ့ပါတယ်။ မဝေးသေးတဲ့ ကာလတစ်ခုအတွင်း ခမ်းနားထည်ဝါသော ဆုဖ လားအောင်ပွဲတွေရယူပြီး လှပသစ်လွင်တဲ့ မျှော် လင့်ခြင်းတွေ၊ အိပ်မက်တွေကို ထွေးပိုက်တဲ့ချယ် လ်ဆီးအသင်းဟာ မထင်မှတ်ထားတဲ့ အလှည့်အ ပြောင်းတွေနဲ့အတူ တဒင်္ဂအတွင်းမှာပဲ အရာအား လုံးကို လွယ်လင့်တကူပဲ လက်လွှတ်ဆုံးရှုံးလိုက် ရတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်နဲ့ သက်ဆိုင်သူအားလုံး အတွက် နာကျင်စရာကောင်းလွန်းသောအခိုက် အတန့်ပဲပေ့ါ။ နည်းပြဟောင်းတူဟယ်လ်လက် ထက် ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်းမှာ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဖလား၊ ဥရော ပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ကိုရယူနိုင်ခဲ့တယ်။ အဲဒီကာလအတွင်းမှာပဲ FA ဖလားဗိုလ်လုပွဲ (၂)ကြိမ်၊ လိဂ်ဖလားဗိုလ်လုပွဲ (၁) ကြိမ်နဲ့ (၂)ရာသီစလုံး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး ပြည်တွင်းပြိုင်ပွဲတွေမှာလည်း အဆင့်အတန်းတစ် ခုနဲ့ ရပ်တည်နိုင်ခဲ့တယ်။ ဒ့ါပြင် မေဆန်မောင့်၊ ရီးစ် ဂျိမ်းစ်၊ ချာလိုဘာတို့လို အကယ်ဒမီထွက်ကစားသ မားတွေကအစပြုလို့ ဟာဗက်ဇ်၊ ဘင်ချီဝဲလ်၊ မန်ဒီ၊ ကွန်တေ၊ ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ ဗာနာ၊ ပူလီဆစ်၊ ဇီယာ့ရှ်၊ ရူဒီဂါ၊ သီယာဂိုဆေးလ်ဗားအစရှိတဲ့ လူ ငယ်လူကြီးမျှတသောအစုအဖွဲ့နဲ့အတူ ဥရောပရဲ့ ခိုင်မာကျစ်လျစ်မှုအရှိဆုံး အသင်းတစ်သင်းကို တည်ဆောက်နိုင်ခဲ့တဲ့အထိ ကိန်းခန်းကြီးမားလွန်း ခဲ့တယ်။ ဒီလိုချိုမြိန်ခဲ့ရခြင်းတွေအားလုံးဟာ လက် ရှိအချိန်မှာတော့ ဒဏ္ဍာရီတစ်ခုလို မှုန်ပျပျနဲ့ ဝေး လွင့်ကျန်ရစ်ခဲ့ရပါပြီ။

    

ဘောလုံးလောကဓံရဲ့ ပြင်းထန်တဲ့ ထိုးနှက်မှု အောက်မှာ ချယ်လ်ဆီးအသင်းရဲ့ ဆုံးရှုံးသွားရခြင်း တွေက သိပ်ကိုနှမျောစရာကောင်းလွန်းခဲ့တယ်။ များစွာသော ဆုံးရှုံးခြင်းတွေထဲမှာ ချယ်လ်ဆီးအ သင်းအတွက် အထိအနာဆုံးဖြစ်ခဲ့တာက ကြယ် ပွင့်ကစားသမား မေဆန်မောင့်ရဲ့ အကောင်းဆုံး သောအရည်အသွေးတွေပျောက်ဆုံးသွားခဲ့ရ ခြင်းပါပဲ။ ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီ ထွက်ကစားသမားတစ်ဦးဖြစ်တဲ့ မေဆန်မောင့်ဟာ ချယ်လ်ဆီးအသင်းကို လမ်းပတ်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၉-၂၀ ရာသီကစလို့ အသင်းရဲ့အဓိကကွင်း လယ်လူတစ်ဦးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နောက်ဆုံး (၂)ရာသီဆက်တိုက် (၂၀၂၀-၂၁၊ ၂၀၂၁-၂၂) ချယ်လ်ဆီးအသင်း တစ်နှစ်တာအကောင်းဆုံးက စားသမားဆုကို ရရှိတဲ့အထိ အရေးပါခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီကာလတွေအတွင်းမှာ မေဆန် မောင့်ဟာ ချယ်လ်ဆီးအသင်းနဲ့တူ ချန်ပီယံလိဂ်အ  ပါအဝင်ဆုဖလား (၃)လုံးရယူနိုင်ခဲ့သလို၊ အင်္ဂလန် အသင်းရဲ့ အဓိကကစားသမားအဖြစ်လည်း ယူရို -၂၀၂၀ ပြိုင်ပွဲမှာ ဒုတိယဆုရယူနိုင်ခဲ့တယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်အရဆိုရင်လည်း ချယ်လ် ဆီးအသင်းအတွက် ပြီးခဲ့တဲ့ (၃)ရာသီအတွင်းမှာ  ပြိုင်ပွဲစုံ (၁၆၀)ပွဲကစားပေးခဲ့ရာမှာ ဂိုးပါဝင်ပတ် သက်မှု (၅၅)ကြိမ် (၃၀ ဂိုးသွင်း၊ ၂၅ ဂိုးဖန်တီး)အထိရှိခဲ့တယ်။ ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်တစ် နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့သလို၊ ၂၀၂၁ ခုနှစ်ရဲ့ Ballon d'Or ဆုမှာ အဆင့် (၁၇) ချိတ်ခဲ့တဲ့အထိ ကမ္ဘာ့အဆင့်လို့သတ်မှတ်ရမယ့် စွမ်း ဆောင်ရည်မျိုးကိုပြသနိုင်ခဲ့တယ်။ အကယ်ဒမီ ထွက်ကစားသမားတစ်ဦးရဲ့ ဒီလိုအံ့အားသင့်ဖွယ် စွမ်းဆောင်ရည်မှတ်တမ်းတွေကြောင့် မေဆန် မောင့်ဟာ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်နဲ့ အချစ် တော်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး၊ ဈေးကွက်တန် ကြေး ယူရိုသန်း (၉၀)အထိမြင့်တက်လာခဲ့တယ်။  ဒါပေမဲ့ မေဆန်မောင့်အပေါ် ချယ်လ်ဆီးပရိသတ် တွေရဲ့ မျှော်လင့်ခြင်းတွေအားလုံးဟာ မရေရာ တော့သော အနာဂတ်တွေ၊ ကျဆင်းသွားခဲ့သော စွမ်းဆောင်ရည်တွေနဲ့အတူ အငွေ့ပျံပျောက်ကွယ် သွားခဲ့ရပါပြီ။

    

ပြီးခဲ့တဲ့ (၃)ရာသီအတွင်း ချယ်လ်ဆီးအ သင်းအတွက်သာမက၊ ဥရောပရဲ့အကောင်းဆုံး ကွင်းလယ်လူတွေထဲကတစ်ဦးဖြစ်ခဲ့သူ မေဆန် မောင့်ဟာ ဒီရာသီမှာတော့ ပုံမှန်အမှတ်အောက်ကို သိသိသာသာကျဆင်းသွားခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ အတူ ချယ်လ်ဆီးအသင်းရဲ့အဆိုးရွားဆုံးသောက စားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တယ်။ သာမန်အ ခြေအနေအရဆို မေဆန်မောင့်အတွက် ပြဿနာ မရှိနိုင်ပေမဲ့ ချယ်လ်ဆီးအသင်းက စံချိန်တင်ရ လဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး၊ သူကိုယ်တိုင်က အ မြင့်ဆုံးအမှတ်အထိကို ရောက်ခဲ့ပြီးသူဖြစ်လို့ ဖိအားတွေဟာ သာမန်ထက်ပိုခဲ့တယ်။ ခြေစွမ်းကျ ဆင်း၊ အသင်းကရလဒ်ဆိုး၊ အသင်းကရလဒ်ဆိုး၊ ခြေစွမ်းကျဆင်းနဲ့ ဆိုးရွားလှတဲ့ ငရဲသံသရာမှာ မေဆန်မောင့်ဟာ မြုပ်ချည်ပေါ်ချည်ဖြစ်နေခဲ့တယ်။ နည်းပြဟောင်းတူဟယ်လ်ရဲ့ နောက်ဆုံးသောအ ပိုင်းအခြားကာလမှာကတည်းက ခြေစွမ်းကျဆင်း နေခဲ့တဲ့ မေဆန်မောင့်ဟာ လက်ရှိနည်းပြဂရေဟမ် ပေါ်တာလက်ထက်မှာတော့ တစ်ပွဲထက်တစ်ပွဲပိုမို ဆိုးရွားလာခဲ့ပြီး အသင်းပရိသတ်တွေကိုယ်တိုင်က ဝေဖန်ဖိအားပေးမှုတွေပြုလုပ်လာတဲ့အထိ ပျက် သုဉ်းသွားခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ ပုံမှန်ပွဲ ကစားခွင့်ရနေပေမဲ့ ပြန်လည်တည်ဆောက်ဖို့ အ ခွင့်အရေးတွေရှိခဲ့ပေမဲ့ မေဆန်မောင့်ဟာ စစ်မှန်မှု တွေ ပြန်လည်ရှာဖွေတွေ့ရှိဖို့ ခက်ခဲနေခဲ့ပြီး အသင်းအတွက် ဒီရာသီပြိုင်ပွဲစုံ (၃၁)ပွဲကစားထား ရမှာ သွင်းဂိုး (၃)ဂိုးနဲ့  ဂိုးဖန်တီးမှု (၄)ကြိမ်သာပြု လုပ်ထားနိုင်တဲ့အထိ ကိန်းဂဏန်းအချက်အလက် တွေကလည်း သိသိသာသာကျဆင်းသွားခဲ့တယ်။   ၂၀၂၁ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဟာဗက်ဇ်သွင်းယူ တဲ့ အဖိုးတန်အနိုင်ဂိုးကို ကွင်းလယ်စည်းကနေ လှလှပပဖန်တီးပေးခဲ့တဲ့၊ ၂၀၂၁-၂၂ ရာသီပရီးမီး ာယးလိဂ်မှာ သွင်းဂိုး (၁၁)သွင်းယူပြီး၊ ဂိုးဖန်တီးမှု (၁၀)ကြိမ်ပြုလုပ်ပေးခဲ့တဲ့ မေဆန်မောင့်ကို ပြန် လည်မြင်တွေ့ရဖို့ထက် လက်ရှိအချိန်မှာတော့ အမှားအယွင်းများတဲ့ ပေးပို့မှုတွေ၊ အကြိမ်ကြိမ် လွဲချော်နေတဲ့ အခွင့်အရေးဖြုန်းတီးမှုတွေနဲ့အတူ အဆုံးစွန်အထိမပျက်ဆီး၊ မယိုယွင်းသွားဖို့ကိုပဲရင် တထိတ်ထိတ်နဲ့ မျှော်လင့်နေရတဲ့ အခြေအနေမျိုး ဖြစ်နေခဲ့ပါပြီ။

    

မေဆန်မောင့်နဲ့ပတ်သက်ပြီး ချယ်လ်ဆီးအ သင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုး ကိုးလ်က ''မေဆန်မောင့်ဟာ ကျွန်တော့်အတွက် နှစ်ခြိုက်စရာကစားသမားတစ်ဦးအဖြစ်ရှိနေဆဲပါ။ သူ (မေဆန်မောင့်)ဟာ ကြိုးစားမှုကောင်းသလို၊ တစ်ဆင့်ချင်းတက်လှမ်းလာခဲ့သူဖြစ်တဲ့အတွက် ထိပ်တန်းကစားသမားတစ်ဦးအဖြစ်သတ်မှတ်ဖို့ ပြည့်စုံလုံလောက်တဲ့ အတွေ့အကြုံတွေ၊ အရည် အသွေးတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ တစ်ခါ တစ်ရံမှာတော့ ထင်သလိုဖြစ်မလာခြင်းတွေရှိတတ် ပြီး မေဆန်မောင့်အနေနဲ့ ဒါကိုလက်ခံကျော်ဖြတ် နိုင်ဖို့လိုအပ်ပါလိမ့်မယ်။ သေချာတာကတော့ မေ ဆန်မောင့်အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ဖိအား တွေ၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ်ဆိုတာ ပါပဲ'' လို့ သုံးသပ်ခဲ့တယ်။ မေဆန်မောင့်နဲ့ ချယ်လ် ဆီးရဲ့ ခက်ခဲပင်ပန်းခြင်းနေ့စွဲတွေမှာ နောက်ထပ် အဖုအထစ်ဖြစ်နေတာက စာချုပ်သစ်ကိစ္စရပ်ပါပဲ။ မေဆန်မောင့်နဲ့ ချယ်လ်ဆီးအသင်းရဲ့လက်ရှိစာ ချုပ်ဟာ ၂၀၂၄ နွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီး စာ ချုပ်သစ်အတွက် ဆွေးနွေးမှုတွေရှိနေပေမဲ့ သ ဘောတူညီမှုတစ်စုံတစ်ရာမရသေးသလို မေဆန် မောင့်ရဲ့လက်ရှိစွမ်းဆောင်ရည်ကျဆင်းနေမှုတွေ ကြောင့်လည်း ချယ်လ်ဆီးအသင်းအနေနဲ့ ရောင်း ချဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ် နေပါတယ်။ ဒါ့ပြင် မေဆန်မောင့်ကိုခေါ်ယူဖို့ လီဗာ ပူးလ်၊ မန်စီးတီးအစရှိတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းကြီးတွေက စောင့်ကြည့်နေတယ်လို့ ဗြိ တိန် မီဒီယာတွေက ဖော်ပြနေတာကြောင့် မေဆန် မောင့် တွဲရေး၊ ခွဲရေးဟာ ချယ်လ်ဆီးအသင်းအ တွက် ဖိအားပိုစေမှာအသေအချာပါပဲ။

    

အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ် တဲ့အပြင်၊ ငယ်ရွယ်စဉ်မှာပဲ အရည်အသွေးမြင့်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်ခဲ့သလို၊ လေးစားလောက်စရာဆုဖလားအောင်ပွဲတွေ၊ တစ် ဦးချင်းအောင်မြင်မှုတွေကိုအချိန်တိုအတွင်းရယူ နိုင်ခဲ့လို့ မေဆန်မောင့်အပေါ် ချယ်လ်ဆီးအသင်းနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ခြင်းထုထည်ကကြီးမား လွန်းခဲ့ပါတယ်။ ဒီမျှော်လင့်ခြင်းတွေဟာ တကယ်ပဲ လွင့်လင်တကူပျက်သုဉ်းဖို့ဖြစ်လာခဲ့ပြီလား။ မေ ဆန်မောင့်တစ်ယောက် စတမ်းဖို့ဒ်ဘရစ်ချ်အ တွက် ပြန်လာပေးနိုင်ဦးမလားဆိုတာကတော့ . . .

Most Read

Most Recent