မိမိအားခံစစ်အားသန်သည့် နည်းပြအဖြစ် ပြောဆိုနေမှုများအပေါ် မယုံကြည်နိုင်ဟု ဇာဗီဆို

မိမိအားခံစစ်အားသန်သည့် နည်းပြအဖြစ် ပြောဆိုနေမှုများအပေါ် မယုံကြည်နိုင်ဟု ဇာဗီဆို
Photo : Marca
Photo : Marca
Published 20 February 2023

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက မိမိအားတချို့ သော ပုဂ္ဂိုလ်များ၏ ခံစစ်အားသန်သည့်နည်းပြအဖြစ် ပြောဆိုနေမှုများအပေါ် မယုံကြည်နိုင်ကြောင်းပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုနောက်ပိုင်းပွဲစဉ် အများစုတွင် နိုင်ပွဲများရရှိနေသော်လည်း နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၈)ပွဲတွင် (၁-ဝ)ဂိုးဖြင့်အနိုင်ရသည့် ပွဲစဉ်မှာ (၄)ပွဲအထိရှိခဲ့သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် တိုက်စစ်စွမ်းဆောင်ရည်ကျဆင်းနေသည်ဟု ဝေဖန်မှုများရှိနေသလို၊ ဇာဗီမှာလည်း ခံစစ်အားသန်သည့် နည်းပြတစ်ဦးဖြစ်သည်ဟု ပြေဆိုနေကြခြင်းဖြစ်သည်။

ယင်းပြောဆိုမှုများအပေါ် ဇာဗီက "ကျွန်တော်တို့ဟာ မန်စီးတီးအသင်းနဲ့အတူ ဒီရာသီဥရောပရဲ့တိုက်စစ်အားအကောင်းဆုံး အသင်းတစ်သင်းဖြစ်တယ်ဆိုတာ သေချာသလောက်ပါပဲ။ ဒါကြောင့် ကျွန်တော့်ကို လူတချို့က ခံစစ်အားသန်တဲ့နည်းပြလို့ပြောနေခြင်းအပေါ် ကျွန်တော်နားမလည်နိုင်ပါဘူး" ဟု စပိန်အားကစား သတင်းစာ Marca သို့ ဖြေကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီပြိုင်ပွဲစုံ (၃၄)ပွဲကစားထားရာတွင် (၇၄)ဂိုးသွင်းယူထားပြီး ဘိုင်ယန်မြူးနစ် (၉၉ ဂိုး)၊ မန်စီးတီး (၈၅ ဂိုး)၊ နာပိုလီ (၇၈ ဂိုး)တို့၏နောက် ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် စတုတ္ထမြောက်ပြိုင်ပွဲစုံဂိုးသွင်းအများဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

Most Read

Most Recent