၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွားသူ ၆၇၈ သန်း၊ ကိုဗစ်ကြောင့် သေဆုံးသူ ၆ ဒသမ ၇၈ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာကိုဗစ်ဖြစ်ပွားသူ ၆၃၃၈၇၅ ဦး၊ ကိုဗစ်ကြောင့် သေဆုံးသူ ၁၉၄၉၀ ဦးရှိခဲ့ပြီဖြစ်ပါတယ်။
ပြင်သစ်စိတ်ကျန်းမာရေး သုတေသနလေ့လာမှုကြီးမှာ တွေ့ရှိချက်အရ ကိုဗစ် (COVID-19) ရောဂါ ကူးစက်မှုကို ထိန်းချုပ်ဖို့ ကန့်သတ်ချက်များနှင့် ဆက်နွှယ်ကာ စိတ်ကျရောဂါခံစားနေရသူအရေအတွက်လူငယ်ပိုင်းမြင့်တက်လာတယ်ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီး နောက်တစ်နှစ်အကြာ ၂၀၂၁ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တဲ့ ပုံမှန်စိတ်ကျန်းမာရေးသုတေသနပြုလုပ်မှုရဲ ့နောက်ဆုံးတစ်ခေါက်ရလဒ်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်ကထုတ်ပြန်ခဲ့ရာ ပြီးခဲ့တဲ့ ၁၂ လအတွင်း အသက် (၁၈-၂၄) နှစ်ကြား အရွယ်စိတ်ကျရောဂါခံစားရမှုနှုန်း ၂၀ ဒသမ ၈ ရာခိုင်နှုန်း ရှိတာတွေ့ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကိုဗစ်မဖြစ်ခင် အဆိုပါအသက်အရွယ်ကြား စိတ်ကျရောဂါခံစားရသူ ၁၁ ဒသမ ၇ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
အသိအကျွမ်းထဲ ကိုဗစ် (COVID-19) ကြောင့်သေဆုံးသူရှိထားသူများ ကိုဗစ် (COVID-19) ကာကွယ်ဆေး လာရောက်ထိုးနှံသူများ ပိုများတယ်လို့လေ့လာမှုကဆိုပါတယ်။ ကိုယ်နဲ့သိကျွမ်းသူတွေ ကိုရိုနာဗိုင်းရပ်ကြောင့် နာမကျန်းဖြစ်တာ၊ ဆေးရုံတတ်ရတာနဲ့ အသက်သေဆုံးသွားရတာတွေကို ကြားသိမြင်တွေ့ထားရတဲ့ပုဂ္ဂိုလ်တွေမှာ ကိုယ့်သဘောဆန္ဒအလျောက်ကာကွယ်ဆေးထိုးနှံမှုက အခြားသူများထက် နှစ်ဆတိုးပွားလာတာတွေ့ရတယ်လို့ နယူးဘရွန်းစစ်ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ သုတေသီ"ဆာအူးရက်ဆံကာလရာ" က ဆိုပါတယ်။ လူတွေအပေါ် လွှမ်းမိုးထားနိုင်တဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ ယုံကြည်လေးစားထားရတဲ့ပုဂ္ဂိုလ်တွေထဲက ကာကွယ်ဆေးဆိုတာ ဘေးဖြစ်စေပြီး မလိုအပ်ဘူးလို့ မှားယွင်းတဲ့အချက်အလက်တွေေ ဝမျှခံရတာကြောင့် ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းဖင့်နှေးသူတွေရှိထားပေမဲ့ တစ်ဖက်မှာ အသိုင်းအဝိုင်းထဲက သိကျွမ်းရင်းနှီးထားသူတွေ မိသားစုနဲ့မိတ်ဆွေများထဲမှာ ကူးစက်ခံရပြီး နာမကျန်းတာတွေ၊ သေဆုံးတာတွေမြင်တွေ့ကြားသိလာရတဲ့အခါ ကာကွယ်ဆေးကို ကိုယ်တိုင်လာထိုးဖို ့စေ့ဆော်မှုဖြစ်စေခဲ့တယ်လို့ သုတေသီကဆိုပါတယ်။ ကာကွယ်ဆေးထိုးနှံလာကြဖို့ လူအများကိုတိုက်တွန်းနှိုးဆော်တဲ့နေရာမှာ လူတွေရဲ့ ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေဖို့ အဆိုပါအချက်ကို ထည့်သွင်းဆုံးဖြတ်သွားဖို့ အကြံပြုတဲ့လေ့လာမှုဖြစ်တယ်လို့သုတေသီတွေက ဆိုပါတယ်။
ကိုဗစ် (COVID-19) ကြောင့် လူငယ်များအကြား စိတ်ကျရောဂါဖြစ်ပွားမှုနှုန်းဟာ အသက် (၁၈-၈၅) နှစ်အရွယ်ကြား စိတ်ကျရောဂါဖြစ်ပွားမှုနှုန်းထက် နှစ်ဆနီးပါးမြင့်တက်ခဲ့ပါတယ်။ ကိုဗစ်ရောဂါနဲ ့ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေကြောင့် စိတ်ဖိစီးမှုဟာ စိတ်ကျရောဂါဖြစ်ပွားနှုန်းမြင့်တက်လာရတဲ့ အဓိကအချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ပြင်သစ်ပြည်သူ့ကျန်းမာရေးက ဆိုပါတယ်။
ကိုဗစ်ကာလအတွင်း လော့ဒေါင်းချမှတ်မှုများ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်မှုများနှင့် အခြားကန့်သတ်ချက်များရဲ့ သက်ရောက်မှုများဟာ ကျောင်းသားများနှင့် အခြားလူငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပိုမိုထိခိုက်မှုရှိစေပြီး ၎င်းတို့က ပုံတူပွားလို့မရနိုင်တဲ့ တစ်ဖက်မှာ တစ်ကြိမ်သာရရှိတဲ့ လူငယ်ဘဝအစိတ်အပိုင်းအခြားကာလကို ပျက်စီးစေတယ်လို့ ရှုမြင်နေလို့ဖြစ်ပါတယ်။ မသေချာ မရေရာမှုဟာ ငယ်ရွယ်တဲ့လူကြီးဘဝ ကူးပြောင်းလာတဲ့အရွယ်နဲ့ ဆက်နွှယ်ကာ ပုံမှန်စိုးရိမ်ပူပန်မှုများကို ထပ်တိုးစေခဲ့ပါတယ်။ သုတေသနစာတမ်းမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စိုးရိမ်ပူပန်မှုများနဲ့ စိတ်ကျရောဂါများ၊ ရုန်းကန်နေရတဲ့ လူငယ်များမြင့်တက်လာကြောင်း စိတ်ကျန်းမာရေးပညာရှင်များကပေးတဲ့ အထောက်အထားများကို အတည်ပြုထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ အခြားနိုင်ငံတကာဆိုင်ရာ လေ့လာချက်များမှာလည်း အလားတူရလဒ်များ ထွက်ရှိခဲ့တယ်ဆိုပါတယ်။
အမေရိကန်ကျန်းမာရေးအာဏာပိုင်များကလည်း ဆယ်ကျော်သက်မိန်းကလေးများ အပါအဝင်အမေရိကန်အထက်တန်းကျောင်းသားများအကြား စိတ်ကျန်းမာရေးပြဿနာများအကြောင်းကို သတိပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ရှိ ဆယ်ကျော်သက်မိန်းကလေးငါးဦးမှာ သုံးဦးနီးပါးဟာ ဝမ်းနည်းခြင်း(သို့မဟုတ်) မျှော်လင့်ချက်ကင်းမဲ့နေခြင်းကို ခံစားနေရပြီး ယောက်ျားလေးနှုန်းထက် နှစ်ဆဖြစ်နေတယ်လို့ စစ်တမ်းအရ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့မှာ ကိုဗစ်(COVID-19)ဖြစ်ပွားမှုရာခိုင်နှုန်း အသီးသီးလျော့ကျခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ကိုဗစ်ဆိုင်ရာ အပတ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဆိုပါအစီရင်ခံစာအရ ကိုဗစ်ဖြစ်ပွားမှုအနေနဲ့ ဂျပန်မှာ၄၂ ရာခိုင်နှုန်း၊ တောင်ကိုရီးယား ၂၉ ရာခိုင်နှုန်း၊ တရုတ် ၉၆ ရာခိုင်နှုန်း၊ ဘရာဇီး ၅၉ ရာခိုင်နှုန်းနဲ့ အမေရိကန်မှာ ၂၇ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်းသိရပါတယ်။
သေဆုံးမှုအနေနဲ့ပြီးခဲ့တဲ့ ၂၈ ရက်အတွင်း အမေရိကန်မှာ ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံမှာ ၁၀ ရာခိုင်နှုန်း၊ ဗြိတိန်မှာ ၃၂ ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံမှာ ၃၇ ရာခိုင်နှုန်းဖြစ်ပွားမှုလျော့ကျခဲ့ကြောင်း သိရပါတယ်။
ကပ်ရောဂါရဲ့ ပထမဆုံးနှစ်နှစ်တာကာလအတွင်း ကိုဗစ်(COVID-19)ကြောင့် ကမ္ဘာလုံးဆိုင်ရာသေဆုံးမှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၆၀ နဲ့ ၆၀ ကျော်အရွယ်များဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) မှ သုတေသနာလေ့လာချက်အသစ်တစ်ရပ်မှာတွေ့ရှိခဲ့ပါတယ်။ စီးပွားရေးနောက်ခံအားလုံးရှိတဲ့နိုင်ငံတွေမှာ အဆိုပါတွေ့ရှိချက်ဟာ မှန်ကန်မှုရှိကြောင်း စစ်တမ်းမှတွေ့ရှိခဲ့ပါတယ်။ ဝင်ငွေအလယ်အလတ်နဲ့နည်းပါးတဲ့နိုင်ငံများရှိသက်ကြီးရွယ်အိုလူထုဟာ ကိုဗစ်ကြောင့်သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် (COVID-19) ကြောင့် သေဆုံးသူအများစုခန့်မှန်းချက်မှာ အကျုံးဝင်နေတယ်ဆိုပါတယ်။
၂၀၂၀-၂၀၂၁ ခုနှစ်များမှာ ကမ္ဘာတစ်ဝန်း ကိုဗစ် (COVID-19) ကြောင့် သေဆုံးသူ ၅ ဒသမ ၄ သန်းကျော်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားပေမဲ့ အဆိုပါကာလအတွင်း ၁၄ ၉ သန်း ပိုမိုသေဆုံးခဲ့တယ်လို့ (WHO) က ခန့်မှန်းထားပါတယ်။ လူအရေအတွက်ပိုမိုသေဆုံးမှုဟာ မျှော်မှန်းထားတဲ့ အရေအတွက်ထက်ပိုများနေပြီး အဆိုပါကိုဗစ်ကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်ထားတဲ့ အရေအတွက်ထက် နှစ်ဆကျော်ရှိနိုင်တဲ့ အဓိပ္ပာယ်သက်ရောက်တယ်လို့ ယခင်သုတေသနလေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။ ဝင်ငွေမြင့်နဲ့ ဝင်ငွေအလယ်အလတ်၊ ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလွန်နိမ့်တဲ့နိုင်ငံတွေမှာ တရားဝင်ထုတ်ပြန်ထားတဲ့ သေဆုံးသူအရေအတွက်နဲ့ ခန့်မှန်းထားတဲ့ အလွန်အကျွံသေဆုံးသူအရေအတွက်ကြား ကြီးမားတဲ့ခြားနားမှုဟာ သေဆုံးမှုအစစ်အမှန်ဖော်ထုတ်ဖို့ စိန်ခေါ်မှုဖြစ်စေတယ်လို့ သုတေသီတွေကဆိုပါတယ်။
၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာ အသက် ၆၀ နှစ်နဲ့အထက်အ သက်အရွယ်များရဲ့ မူလကာကွယ်ဆေးထိုးနှံမှုနှုန်းဟာ ၇၆ ရာခိုင်နှုန်းဖြစ်ကာ အဆိုပါကူးစက်နိုင်ခြေမြင့်တဲ့လူဦးရေအားလုံးကို ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးစီးတဲ့(WHO)ရဲ့ရည်ရွယ်ချက်မပြည့်မီမှုကိုသိသာထင်ရှားစေကြောင်း သုတေသနလေ့လာမှုမှာတွေ့ရှိခဲ့ပါတယ်။ ကိုဗစ်အလွန်အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSMES) စီးပွားရေးလုပ်ငန်းတွေ မူလအတိုင်း တိုးတက်ထွန်းကားလာဖို ့နိုင်ငံတိုင်းကြ ပန်လည်နာလန်ထူနေတဲ့အချိန်မှာမြန်မာနိုင်ငံလည်းဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအပါအဝင်(MSMES)လုပ်ငန်းများ ထင်သလောက်မတိုးတက်လာတာကလည်း နိုင်ငံခြားရွှေ့ပြောင်းလုပ်သားတစ်နေ့တခြားများပြားလာတာ တွေ့ရှိနေရပါတယ်။
ကိုဗစ်ကြီးက ကမ္ဘာမြေပေါ်ကမထွက်ခွာသေးဘဲ(၄-၅)နှစ်ကြာနေဦးမှာဆိုတော့လူတိုင်းကိုဗစ်(COVID-19)ကာကွယ်ဆေး နှစ်ကြိမ်၊ထပ်ဆင့်မြှင့်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံဖို့လိုအပ်တဲ့အပြင်ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်းစည်း (Surgical mask) တပ်ဆင်ခြင်း၊ လက်ကိုရေ၊ ဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦးခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေကောင်းလေသန့်ရအောင်စီစဉ်ခြင်းတို့က ကြိုတင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ယခုအခါ အိုမီခရွန်ရဲ့မျိုးကွဲသစ်ဘီအေဝမ်း (BA 1)၊ဘီအေတူး (BA 2) ရဲ့မျိုးကွဲစိတ်များဖြစ်တဲ့ အိတ်ခ်ျဘီဘီဝမ်း (XBB1)၊ အိပ်ခ်ျဘီဘီတူး (XBB2) စတဲ့မျိုးကွဲသစ်များ အန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။










