ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဦးကိုကိုလှိုင် အာရှဇုန်ရှိ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ၊ လော့အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပွဲပြုလုပ်

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဦးကိုကိုလှိုင် အာရှဇုန်ရှိ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ၊ လော့အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပွဲပြုလုပ်
Published 17 February 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တို့သည် အာရှဇုန်ရှိ ပြည်ပနိုင်ငံများမှ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ သံရုံးအကြီးအကဲများ၊ သံရုံးယာယီတာဝန်ခံများ၊ ကောင်စစ်ဝန်ချုပ်များ၊ လော့အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်တို့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ သံအမတ်ကြီး ဦးအောင်စိုးဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ  တက်ရောက်ခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင်ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက နိုင်ငံ့တာဝန်များကို ရှေ့တန်းခံစစ်စည်းမှ ထမ်းဆောင်နေသည့် သံရုံးအကြီးအကဲများ၏ စွမ်းဆောင်ရည်များကိုအသိအမှတ်ပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုရင်ဆိုင်ရာတွင် ပြည်ပနိုင်ငံများရှိ ရှေ့တန်းခံစစ်စည်းမှ နိုင်ငံတော်၏အကျိုးစီးပွားများကို ကာကွယ်ထမ်းဆောင်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို မလွှဲမရှောင်သာ တာဝန်ယူနေရခြင်း ဖြစ်ပြီး လက်ရှိကာလတွင် ရှေ့လုပ်ငန်းစဉ် ငါးရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ဖြင့် အ ကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုလည်း ဆက်လက်ကျင့်သုံး လျက်ရှိကြောင်း ပြောကြားသည်။

ထို့အတူနိုင်ငံတော်၏ ပကတိလိုအပ်ချက်များဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ရပ်ကိုလည်း အကောင် အ ထည်ဖော်လျက်ရှိကြောင်း၊ သံရုံးအကြီးအကဲ များအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို မိမိတို့တာဝန်ထမ်းဆောင်သည့် နိုင်ငံများတွင်အိမ်ရှင်အစိုးရများ သိရှိစေရန်အတွက် ဆောင်ရွက်သွားရန် တာဝန်ရှိပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံများတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီး ပွားကိုလည်း ကူညီစောင့်ရှောက်သွားရန် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း ထမ်း ဆောင်ရမည့်တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ ကျရာနေရာမှ စိတ်ဓာတ်၊ စည်းကမ်းနှင့် စာရိတ္တကောင်းသူများဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးရန်မှာကြားလိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် သစ္စာစောင့်သိမှုဆိုသော တာ ဝန်ကိုအထူးဂရုထားရန်လည်း မှာကြားလို ကြောင်း၊ တာဝန်အရပေးအပ်ထားသည့် အ မိန့်ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ရန်နှင့် တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုခြင်း၊ တာဝန်ပျက်ကွက်ခြင်းများ မဖြစ်ပေါ်စေဘဲ တာ ဝန်ကျေပွန်စွာနှင့် ရိုးသားဖြောင့်မတ်စွာ၊ နိုးကြားတက်ကြွစွာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ သံရုံးအကြီးအကဲများနှင့် ဝန်ထမ်း များအကြား အပြန်အလှန်လေးလေးစားစား ဆက်ဆံရန်နှင့် တစ်ဦးအပေါ်တစ်ဦး ဂါရဝတရားဖြင့် မိသားစုသဖွယ် ကူညီဖေးမနေထိုင်ရန်မှာကြားလိုကြောင်း၊ အခက်အခဲများရှိပါက တင်ပြသွားရန်ဖြစ်ကြောင်းနှင့် အချိန်နှင့်တစ်ပြေးညီဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာထမ်းဆောင်ရန် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံပြည်တွင်းအခြေအနေများ၊ မျက်မှောက်နိုင်ငံရေး အခြေနေများ၊ မြန်မာနိုင်ငံအပေါ်ပထဝီနိုင်ငံရေးအရ သက်ရောက်မှု၊ သံရုံးအကြီးအကဲများအနေဖြင့်  ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံ၏ လုပ်ဆောင်နေမှုနှင့် အခြေအနေမှန်အတိုင်း ပျံ့နှံ့အောင် အသိပေးဆောင်ရွက်သွားရန်၊ မိမိတို့လုပ်ငန်းတာဝန်အပေါ် ကျွမ်းကျင်ပိုင်နိုင် သစ္စာရှိစွာဖြင့်ထမ်းရွက်သွားရန်၊ သံရုံးဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ နိုင်ငံတော်အကျိုးကို စုစည်းညီညွတ်စွာဖြင့် ကျေပွန်စွာထမ်း ဆောင်သွားရန်  ပြောကြားသည်။

Most Read

Most Recent