(၁)
၂၀၂၁ ခုနှစ် စာရင်းများအရ စွမ်းအင် ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့တွင် ရုရှားသည် ကမ္ဘာ့ တတိယ အကြီးဆုံးနိုင်ငံဖြစ်သည်ဟု လေ့လာသူများက မှတ်ချက်ပြုသည်။ ထိုသို့ ကမ္ဘာ့စွမ်းအင်ကဏ္ဍနှင့် စျေးကွက်တို့တွင် အထင်ကရရှိပြီး အခန်းကဏ္ဍကြီးမားစွာ ရပ် တည်နေသော ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံကို ကျုးကျော်၍ စတင်ဆင်နွှဲလိုက်သည်။ အခြေ အနေအရပ်ရပ် အပြောင်းအလဲဖြစ်သွား၏။ ကမ္ဘာ့စီးပွားရေးအင်အားကြီး အမေရိကန် နှင့် နိုင်ငံအချို့က ရုရှားနှင့်ပတ်သက်၍ ပိတ် ဆို့အရေးအယူများပြုလုပ်ရန် စီစဉ်လာကြ သည်။ ရုရှားနိုင်ငံ၏ ကုန်သွယ်ရေး၊ စီးပွား ရေးကဏ္ဍအားလုံးနှင့် ရည်ရွယ်ထားသော အဖွဲ့အစည်းများကို ပစ်မှတ်ထား၍ ပိတ်ဆို့ အရေးမှုများ ပြုလုပ်လာခဲ့သည်။
(၂)
စွမ်းအင်ပို့ကုန်စျေးကွက်နှင့် ပို့ကုန်ဝင် ငွေ ဇာစ်မြစ်အတွက် အဓိကကျရာ အီးယူ (ဥရောပသမဂ္ဂ) သည်လည်း ရုရှား၏ ယူကရိန်း နိုင်ငံအပေါ်ကျူးကျော်မှုကို လက်မခံကြောင်း ပြသသည့်အနေဖြင့် ရုရှားနိုင်ငံအပေါ် တုံ့ ပြန်မှုများ ပြုလုပ်သည်။ အီးယူသည်ရုရှားနိုင်ငံအပေါ် ပြင်းထန်သည့် ဒဏ်ခတ်အရေးယူ မှုများနှင့် တင်းကျပ်သော အစီအမံများကို အကြိမ်ကြိမ် အကောင်အထည်ဖော်လျက် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ သိသာထင်ရှားသည့် အခြေအနေကို အီးယူ၏ ပထမဦးဆုံး တုံ့ပြန်သည့် အခြေအနေမှာပင် တွေ့နိုင် သည်။ ရုရှားနိုင်ငံရှိ ထိပ်တန်းရုရှား ဘဏ္ဍာ ရေးအဖွဲ့အစည်း ၁၀ ခုကို ဆွစ်ဖ်တ်(SWIFT) ဟု အတိုကောက်ခေါ်သည့် နိုင်ငံတကာငွေ ကြေးပေးချေမှုစနစ်မှ ဖယ်ထုတ်လျက် နိုင်ငံတကာ ငွေစီးဆင်းမှုလမ်းကြောင်းနှင့်အဆက် ပြတ်စေရန် လုပ်ဆောင်ခဲ့သည်။ ထို့ပြင်ရုရှား ၏ ပို့ကုန် ကျောက်မီးသွေးတင်သွင်းမှုကိုပါ ပိတ်ပင်ခဲ့သည်။
အီးယူသည် ၂၀၂၂ ခုနှစ် ဇွန်လအစော ပိုင်း၌ ရုရှား၏ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်း များကို ပင်လယ်ရေကြောင်းမှတစ်ဆင့် အီး ယူဒေသသို့ တင်သွင်းခြင်းအပေါ် တားမြစ် ခြင်းပါဝင်သည့် ခြောက်ကြိမ်မြောက် ဒဏ် ခတ်အရေးယူမှု အစီအစဉ်ကို အတည်ပြုခဲ့ သည်။ ထိုအစီအစဉ်တွင် အီးယူဒေသအခြေ စိုက်ကုမ္ပဏီများကို ရုရှားမှ ရေနံတင်သင်္ဘော များအတွက် ရေကြောင်းပို့ဆောင်ရေးဝန် ဆောင်မှုများ ထောက်ပံ့ပေးခြင်း မပြုရေး တားမြစ်ချက်ကိုလည်း ထည့်သွင်းထား သည်။
(၃)
အီးယူ၊ ယူကေ (ဗြိတိန်) နှင့် နော်ဝေ နိုင်ငံတို့ရှိ ကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း အာမခံနယ်ပယ်နှင့် သင်္ဘော တင်လုပ်ငန်းတွင် အရေးပါသော စျေးကွက် ဝေစုများ ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် အီးယူ၏ဆဋ္ဌမကြိမ်မြောက် ဒဏ်ခတ်အရေး ယူမှုအစီအစဉ်သည် ကမ္ဘာက သတိပြုအလေး ထားဂရုစိုက်စရာဖြစ်လာသည်။ ထိုပိတ်ဆို့မှု အစီအစဉ်သည် ရုရှားနိုင်ငံမှ ရေနံပို့ကုန်စီး ဆင်းမှုကို ပြင်းထန်သော ကန့်သတ်ပိတ်ဆို့ မှုများဖြစ်လာနိုင်ပြီး ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်လာနိုင်သောကြောင့် စိုးရိမ်မှုများ လည်း ဖြစ်ခဲ့ကြသည်။ အကျိုးသက်ရောက်မှု အနေဖြင့် ၂၀၂၂ခုနှစ် ဇွန်လနှောင်းပိုင်းတွင် ဂျီဆဲဗင်းနိုင်ငံများက ရုရှားနိုင်ငံမှ ရေနံစိမ်း နှင့် သန့်စင်ပြီး ရေနံထုတ်ကုန်များအပေါ် ကမ္ဘာ့စျေးနှုန်း ကန့်သတ်ချက်ကို ရှာဖွေမည် ဟု ကြေညာခဲ့သည်။
အဆိုပါအစီအစဉ်အရ ရုရှားနိုင်ငံ သည် ၎င်း၏ ရေနံကို သတ်မှတ်သောစျေးနှုန်း ထက်နိမ့်သော အခြေအနေတွင်ဖြစ်စေ သို့မဟုတ် သတ်မှတ်ထားသော စျေးနှုန်းဖြင့်ဖြစ်စေ ရောင်းချပေးခြင်းမရှိပါက ဂျီဆဲဗင်းအဖွဲ့ ဝင်နိုင်ငံများအနေဖြင့် ရေကြောင်းဝန် ဆောင်မှု ဟန့်တားခြင်းမှတစ်ဆင့် ရုရှား နိုင်ငံ၏ ရေနံစီးဆင်းမှုကို တားဆီးပိတ်ပင်မှု ပြုလုပ်ရန် ဖြစ်သည်။ ရည်ရွယ်ချက်မှာ ရုရှား ၏ ရေနံပို့ကုန်ဝင်ငွေကို ကန့်သတ်မှုများပြု လုပ်ထားချိန်မှာပင် ရုရှားရေနံများစျေးကွက် ထဲတွင် ဆက်လက်စီးဆင်းနိုင်စေမည့် နည်း လမ်းတစ်ခုကို ဖန်တီးပေးထားခြင်းဖြစ် သည်။ သို့မှသာ မြင့်တက်လာနိုင်ခြေရှိသည့် ရေနံစျေးနှုန်းကို ကြိုတင်ကာကွယ်ထားနိုင် မည်ဟု ယူဆထားသည်။
(၄)
၂၀၂၂ ခုနှစ် အောက်တိုဘာလ အစောပိုင်း၌ အီးယူသည် ၎င်း၏ အဋ္ဌမမြောက်ဒဏ်ခတ် အရေးယူမှု အစီအစဉ်ကို အတည်ပြုခဲ့ ပြန်သည်။ ထိုအစီအစဉ်တွင် စျေးနှုန်းအကာ အကွယ် အကန့်အသတ်တစ်ခုကို ဥပဒေပြ ဋ္ဌာန်းသတ်မှတ်ပေးခဲ့သည်။ ဂျီဆဲဗင်းနိုင်ငံ များအားလုံး ရုရှား ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၆၀ နှုန်းဖြင့် တရားဝင်သဘောတူခဲ့ ကြခြင်းဖြစ်သည်။ ထိုအစီအစဉ်သည်၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင် အကျိုးသက် ရောက်မည်ဖြစ်ပြီး ရုရှားနိုင်ငံ၏သန့်စင်ပြီး ရေနံထုတ်ကုန်များနှင့်ပတ်သက်သည့် စျေး နှုန်းကန့်သတ်မှု အစီအစဉ်မှာမူ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် သက်ရောက်မှုရှိမည် ဖြစ်သည်။
နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီ အများအ ပြားသည် ရုရှားနိုင်ငံတွင် အခြေပြုထားသော ၎င်းတို့၏ လုပ်ငန်းများကို ရုပ်သိမ်းခြင်း၊ လုပ်ငန်းအရေအတွက် လျှော့ချဖြတ်တောက် ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဗြိတိသျှစွမ်းအင် ကုမ္ပဏီကြီးများဖြစ်ကြသည့် ဘီပီ (BP)၊ ရှဲလ် (Shell)၊ နော်ဝေ ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ အီကွီနာ (Equinor)၊ အီတာလျံကုမ္ပဏီ အန်နီ (ENI) နှင့် အမေရိကန်ကုမ္ပဏီ အက်ဇွန် မိုလ်ဘေးလ် (exxonmobil) တို့သည် ရုရှား အခြေပြု ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကိုပြန်လည် လျှော့ချ နုတ်ယူခြင်းများကို စတင်ပြု လုပ်ခဲ့ကြသည်။ ပြင်သစ်ကုမ္ပဏီ တိုတယ်လ် အင်နာဂျီးစ် (Total Energies ) ၊ သြစတြေးလျ ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီ အိုအမ်ဗွီ (OMV) နှင့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ် လုပ်မှုတွင် ဂျာမနီ၏အကြီးဆုံးလုပ်ငန်း ဝင်း တားဆာ ဒီယား (Wintershell Dea) တို့မှာ ရုရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ကို ခေတ္တရပ်ဆိုင်းထားလိုက်ကြသည်။
(၅)
၂၀၂၁ ခုနှစ်က ရုရှားနိုင်ငံ ရေနံစိမ်းပို့ ကုန် စုစုပေါင်းပမာဏ၏ ထက်ဝက်နီးပါး (၄၅ ရာခိုင်နှုန်း) အီးယူသို့ စီးဆင်းခဲ့သည်။ စည်အရေအတွက်အားဖြင့် တစ်နေ့လျှင် သုံး သန်းဝန်းကျင်ခန့်ရှိခဲ့သည်။ ရုရှား-ယူကရိန်း စစ်ပွဲ ဖြစ်ပွားလာခဲ့ပြီးနောက် ပိတ်ဆို့ဟန့်တား မှုများရှိလာသော်လည်း ကွယ်ဝှက်ထားသော ရေကြောင်းလမ်းများမှ တစ်ဆင့် ဆက်လက် စီးဆင်းမှုများရှိခဲ့သည်။ သို့သော် ၂၀၂၂ ခု နှစ် ဖေဖော်ဝါရီလနောက်ပိုင်း အီးယူဒေသ သို့ ရုရှားစွမ်းအင် ပို့ကုန်စီးဆင်းမှုများသည် လျော့ကျသွားခဲ့ပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုမြင့် တက်ခဲ့သည်ဟု လေ့လာသူများကရှုမြင်ခဲ့ ကြသည်။
ဝမ်းဂိုး တူးကမ်း စကားအတိုင်းလေလော။ အီးယူနိုင်ငံများ၏ ကန့်သတ်မှုအစီအစဉ်များကြားတွင် ရုရှားနိုင်ငံသည် ၎င်းတို့နှင့် သဟဇာတဖြစ်မည့် နိုင်ငံအချို့နှင့် စီးပွား ရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုများတိုးမြင့်ပြု လုပ်ခဲ့သည်။ ၎င်းတို့၏ ထွက်ကုန်များ အလွယ်တကူ တင်ပို့ရောင်းချနိုင်သည့် နိုင်ငံ များနှင့် ကုန်သွယ်မှုများ တိုးမြှင့်ခဲ့သည်ကို လည်းတွေ့ရသည်။ ထိုနိုင်ငံများထဲတွင် တရုတ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံက ထိပ်ဆုံးတွင်ပါဝင် နေလေသည်။
https://www.eurasiareview.com/










