နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားနှင့် မြန်မာ လက်မှတ်ရေးထိုးခြင်း

နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားနှင့် မြန်မာ လက်မှတ်ရေးထိုးခြင်း
နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ဖေဖော်ဝါရီ ၆ ရက်က လက်မှတ်ရေးထိုးစဉ်
နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ဖေဖော်ဝါရီ ၆ ရက်က လက်မှတ်ရေးထိုးစဉ်
Published 12 February 2023

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည့်  ဥရောပကုန်သည်ကြီးများ အသင်းဝင်ကုမ္ပဏီ ၁၂၀ ကျော်ရှိပြီး ဘဏ်ကိစ္စများ၊ မူ ၀ါဒပြောင်းလဲမှုနှင့် လျှပ်စစ် မတည် ငြိမ်မှုများကြောင့် အခက်အခဲကြုံ တွေ့လျက်ရှိကြောင်း EuroCham Myanmar က တင်ပြခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရ သည်။

မြန်မာနိုင်ငံအခြေစိုက် Euro Chamber of Commerce in Myanmar မှ CEO ဖြစ်သူ Ms.Karina Ufert နှင့်အဖွဲ့ဝင်များသည် စီးပွားရေးဆိုင်ရာ အခြေအနေများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးအေးဝင်းနှင့် တာဝန်ရှိသူများအား ဇန်နဝါရီ ၈ ရက်က လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

EuroCham Myanmar ၌ အသင်းဝင် ကုမ္ပဏီပေါင်း ၁၂၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများအပေါ် EuroCham Myanmar မှ သုတေသန စာတမ်းပြုလုပ်ထားခြင်းကို တင်ပြလာခဲ့ပြီး အဓိကအခက်အခဲများအနေဖြင့် ဘဏ်ကိစ္စရပ်များ၊ မူဝါဒရေးရာ ပြောင်းလဲမှု၊ လျှပ်စစ်မီး မတည်ငြိမ်မှုများကြောင့် အများဆုံး ခက်ခဲကြုံတွေ့လျက်ရှိကြောင်း တင်ပြခဲ့သည်။

ထို့ပြင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုများ တိုးမြင့်လာစေရေးအတွက် သွင်းကုန်လိုင်စင် ဖြေလျှော့ပေးစေရေး၊ ဗီဇာသက်တမ်းတိုးမြင့်ရေး၊ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာ ကာကွယ်ပေးစေရေး၊ မှန်ကန်တိကျသည့် သတင်းထုတ်ပြန်ချက်များ ရရှိရေး၊ သွင်းကုန်လိုင်စင်များ ရရှိမှု နည်းခြင်းတို့ကို EuroCham Myanmar က တင်ပြဆွေးနွေးခဲ့သည်။

ဆွေးနွေးချက်များအား ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအသီးသီးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် လုပ်ငန်းကော်မတီများအား တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရေးအတွက်လည်း အသင်းချုပ်က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးသောင်းတင်၊ ဒေါက်တာဝင်း စည်သူ၊ ဦးမြဟန်၊ ဦးဆန်းလင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေ ထွေ အတွင်းရေးမှူးများဖြစ်ကြသော ဦးဒေဝ၊ ဒေါ်သူဇာဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်၊ ဒေါက်တာ မျိုးသန့်၊ ဘဏ္ဍာရေးမှူး ဦးလှဦး၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဇော်ဌေး၊ IR Advisor ဦးတင့်ဆွေနှင့်ဖိတ်ကြားထားသော လုပ်ငန်းရှင်များတက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နျူကလီးယား နည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားနှင့် မြန်မာနိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာဖွင့်ပွဲအခမ်းအနား၌ အဆိုပါသဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနား တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်တို့သည် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ကမ္ပည်း မော်ကွန်းကို အမွှေးနံ့ သာများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာအတွင်း လှည့်လည်ပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကဏ္ဍ၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍနှင့် အခြားသော ကဏ္ဍပေါင်းစုံတို့တွင် အကျိုးရှိစွာ အသုံးချနိုင်မည့် အသိပညာပေးထားမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားလေ့လာ ကြည့်ရှုရာ ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပြကွက်အလိုက် တာဝန်ခံများက လိုက်လံရှင်းလင်းပြသခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်တို့က အဖွင့်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား ရှေ့ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်တို့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို တည်ဆောက်နိုင်ရန်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား  ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာသဘောတူညီမှု စာချွန်လွှာနှစ်စောင်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ယခုဖွင့်လှစ်သည့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ကနဦးအနေဖြင့်အကောင်အထည်ဖော် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ တည်ဆောက်ခြင်းအားဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဆိုင်ရာနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်စွာ အသုံးချနိုင်သည့် အသိအမြင်များကိုလေ့လာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev တို့ တွေ့ဆုံပြီး နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဲ့သို့သော လုပ်ငန်းအပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်က ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်၊ ဧည့်ခန်းမဆောင်၌ နစကဥက္ကဋ္ဌကို လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်းအပါအဝင် ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များတွင် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် နျူကလီးယားစွမ်းအင်နည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay LISTOPADOV နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နျူကလီးယား အခြေခံအဆောက်အအုံတည်ဆောက်ရာ၌ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ သတ်မှတ်ချက် ၁၉ ချက်အတိုင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ဖေဖော်ဝါ ရီ ၆ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဖွင့်ပွဲအခမ်းအနား၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent