၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တန်းဆင်းဇုန်တိုက်ပွဲဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြိတ်အနယ်အရှိဆုံးနဲ့ ရင်ခုန်မှုအမြင့်ဆုံး တန်းဆင်းဇုန်တိုက်ပွဲဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာတွေအတိုင်း ချန်ပီယံတိုက်ပွဲ၊ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲနဲ့ ဥရောပဝင်ခွင့် အားပြိုင်မှုတွေနည်းတူ တန်းဆင်းဇုန်ကလွတ်မြောက်ရေးပြိုင်ဆိုင်မှုဟာလည်း ရာသီတိုင်းလိုလိုမှာ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး နောက်ဆုံးပွဲ၊ နောက်ဆုံးအချိန်အထိကို ရေကုန်ရေခန်း ယှဉ်ပြိုင်ခဲ့ရတဲ့ အခိုက်အတန့်တွေလည်း အများအပြားပါပဲ။ ပရီးမီးယားလိဂ်ရဲ့ အဆမတန်မြင့်မားလွန်းတဲ့ ရုပ်သံဝင်ငွေနဲ့ ဆုကြေးငွေတွေဟာ ကလပ်အသင်းတိုင်းကို ဆွဲဆောင်နေပြီး အင်အားနိမ့်ပါးတဲ့ အသင်းငယ်တွေအတွက် ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရခြင်းကပဲ ကြီးမြတ်သောအောင်မြင်မှုပါ။ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရမယ်ဆို ရင် ငွေကြေးအရဆုံးရှုံးမှုကြီးမားတာ၊ အသင်းရဲ့ အရည်အသွေးပြည့်တဲ့ ကစားသမားကောင်းတွေကို လွယ်လွယ်ကူကူဆုံးရှုံးလိုက်ရတာနဲ့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့အတွက် လိဂ်ချန်ပီယံရှစ်မှာ ခက်ခက်ခဲခဲရုန်းကန်ရတဲ့ အခြေအနေတွေက လည်း တန်းဆင်းဇုန်တိုက်ပွဲအရှိန်အဟုန်ကို မီးစာမြှင့်ပေးနေတာပါ။
■ မျှော်လင့်ခြင်းတိုက်ပွဲမှာ ဘယ်သူတွေရုန်းထွက်နိုင်မလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago