■ PSG၊ ကာတာနဲ့ ပရီးမီးယားလိဂ်

■ PSG၊ ကာတာနဲ့ ပရီးမီးယားလိဂ်
Photos: Daily Mail, AFP & Gettyimages
Photos: Daily Mail, AFP & Gettyimages
Published 10 February 2023
AK

ဟိုတလောက PSG ဥက္ကဌ အယ်လ်ခီလိုင် ဖီကအသင်းဝန်ထမ်းတွေနဲ့ ဆုံတွေ့ပွဲလုပ်တယ်။ ပြီးခဲတဲ့ဆယ်စုနှစ်တစ်ခုအတွင်း သူတို့ဘယ်လို ဖြတ်သန်းခဲ့ပြီး နောင်လာမယ့်ဆယ်စုနှစ်အတွက်ဘယ်လို စိတ်ကူးရည်မှန်းထားတယ် ဆိုတာတွေ ဆုံတွေ့ပွဲမှာ ဝန်ထမ်းတွေ သိအောင် ပြောပြခဲ့တယ်။ အယ်လ်ခီလိုင်ဖီ Highlight လုပ်ပြီးပြောခဲ့တာတွေက ဘာပေကို  စာချုပ်သက်တမ်းတိုး နိုင်ခဲ့တာ၊ အားကစားအကြံပေး လူးဝစ်ကမ်းပို့စ်ကို ခန့်အပ်ပြီးအပြောင်းအရွှေ့စျေးကွက်ထဲ စနစ်တကျတိုးတက်အောင်စီမံနိုင်ခဲ့တာ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာ PSG ပုံရိပ်ပိုမြင့်တက်လာတာ(Tik Tok မှာ PSG က Follower သန်းသုံး ဆယ်ပိုင်ဆိုင်ထားတယ်) ဝင်ငွေရပေါက်ရလမ်းအသစ်တွေ ဘယ်လိုရှာဖွေနေတာ (ဆော်ဒီ All Star အသင်းနဲ့ကစားတဲ့ပွဲအတွက် App ကနေ ကြည့်ဖို့ လက်မှတ်ဝယ်ယူသူ နှစ်သန်းရှိခဲ့ပါတယ်) စတဲ့အကြောင်းအရာတွေ ရှင်းပြခဲ့ပါတယ်။ ဆော်ဒီမှာ စီရော်နယ်လ်ဒို ပထမဆုံးကစားမယ့်ပွဲဖြစ်လို့ လူစိတ်ဝင်စားမှု မြင့်တက်ပြီး PSG က စိန်နားကပ်ရောင်နဲ့ ပါးပြောင်တယ်လို့ ထင်မှတ်နိုင်ပေမဲ့ အယ်လ်ခီလိုင်ဖီက သူတို့ရဲ့ Road Map ဟာ ထက်မြက်လွန်းနေပြီဆိုပြီး ကြွားလုံးထုတ်တယ်။ပြီးတော့ အယ်လ်ခီလိုင်ဖီက PSG ဟာ သူတစ်ယောက်တည်းပိုင်တာ မဟုတ်ဘူး၊ ကာတာအစိုးရပိုင်တာ မဟုတ်ဘူး။ PSG နဲ့ သက်ဆိုင်သူအားလုံးပိုင်တယ်၊ PSG နဲ့ သက်ဆိုင်သူအားလုံးဟာ PSG ရဲ့ သံတမန်တွေပဲ။ အားလုံးအတူတကွ အိုင်ဒီယာအသစ်တွေနဲ့အပြုသဘောဆောင်စွာ အတ္တမရှိဘဲ ချီတက်ကြမယ်။ ကာတာကမ္ဘာ့ဖလားဟာ PSG ရဲ့ အောင်ပွဲပဲ။ အတူတကွ ရှေ့ဆက်တဲ့အခါ ဘယ်သူမှဖြိုလဲနိုင်မှာ မဟုတ်ဘူးလို့ ကြွေးကြော်သံအယောင်ဆောင်ထားတဲ့ မိန့်ခွန်း ပြောခဲ့ပါသေးတယ်။