ဘိုင်ယန်မြူးနစ် - ဘိုဟုမ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၀၀ နာရီ)
ဘိုင်ယန်နည်းပြ နာဂယ်စ်မန်းက ကန်ဆယ်လိုကြောင့် Three Back နဲ့ Four Back ကို စမ်းသပ်ကစားနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘိုင်ယန်တိုက်စစ်က ပိုထက်မြက်လာပြီး အခုပွဲမှာလည်း (၃)ဂိုးလောက်ပြတ်နိုင်တယ်။
ဖရိုင်းဘတ် - စတုဂတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၀၀ နာရီ)
ဖရိုင်းဘတ်အသင်း ရလဒ်တွေကျဆင်းလာပေမဲ့ အိမ်ကွင်းမှာတော့ စောင့်ကြည့်ရမယ့်အနေအထားပါ။ ဖရိုင်းဘတ် အနိုင်ကစားဖို့များတယ်။
မိန့်ဇ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၀၀ နာရီ)
မိန့်ဇ်အသင်းက ပွဲကျပ်တွေကြောင့်သာ ရလဒ်ယိုင်သွားတာပါ။ အော့စ်ဘတ်ကတော့ ပွဲတွေပြန်စချိန်မှာ ခြေတက်လာတယ်။ အော့စ်ဘတ်ကို အရဲစွန့်ရွေးချယ်ချင်တယ်။
ဟော်ဖန်ဟင်မ် - လေဗာကူဆင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်း အိမ်ကွင်း(၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ လေဗာကူဆင်လည်း သိပ်မစွံလို့ အိမ်ရှင်အသင်း အမှတ်ရနိုင်တယ်။
၀ါဒါဘရီမင် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၀၀ နာရီ)
ဒေါ့မွန်အသင်းမှာ ကင်ဆာရောဂါကို တွန်းလှန်နိုင်ခဲ့တဲ့ ဟယ်လာ ဂိုးပေါက်စတွေ့ထားပြီး အာဒီယီမီ၊ ရေနာတို့လည်း ပုံမှန်ဂိုးသွင်းခြေရနေတယ်။ ၀ါဒါဘရီမင်ကွင်း ဘွန်ဒစ်လီဂါ နောက်ဆုံးတွေ့ဆုံမှုတွေမှာလည်း ဒေါ့မွန်ကပဲ အပြတ်အသတ် အသာရထားပြီး နောက်ဆုံး(၆)ပွဲမှာ (၄)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ဘူး။ ၀ါဒါဘရီမင် နိုင်ပွဲပြန်ဆက်လာပေမဲ့ ဒေါ့မွန်ကိုပဲ ရွေးချယ်ချင်တယ်။
လိုက်ပ်ဇစ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၁၂:၀၀ နာရီ)
ဒီနှစ်သင်း နောက်ပိုင်းတွေ့ဆုံမှုတွေက အံ့အားသင့်စရာတော့ ကောင်းပါတယ်။ ပထမအကျော့အပါအဝင် အူန်ယွန်းဘာလင်အသင်းက ဘွန်ဒစ်လီဂါ(၄)ပွဲဆက်တိုက် အနိုင်ကစားထားတာ တွေ့ရတယ်။ အခု ဘွန်ဒစ်လီဂါပြန်စချိန်မှာလည်း အူန်ယွန်းဘာလင်အသင်းက ရာနှုန်းပြည့်အနိုင်ကစားထားပြီး အဆင့်(၂)နေရာ ပြန်ရောက်နေတယ်။ နောက်ဆုံး(၂)ပွဲမှာ ခြေပြန်ကျသလို ဖြစ်လာနေတဲ့ လိုက်ပ်ဇစ်အသင်းအဖို့ ခက်ခဲမယ့်ပွဲတစ်ပွဲပါ။ ဒါပေမဲ့ လိုက်ပ်ဇစ်ရဲ့အခုရာသီ အိမ်ကွင်းစွမ်းဆောင်ရည်က ဒီအတားအဆီးကို ကျော်ဖြတ်သွားမယ်ထင်တယ်။ အိမ်ရှင်ပဲ နိုင်ဖို့ များတယ်။