အမ်ပိုလီ - စပီဇီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၈:၃၀ နာရီ)
အမ်ပိုလီက အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပြီး ကစားပုံကလည်း မဆိုးပါဘူး။ စပီဇီယာကတော့ စီးရီးအေနောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲတွေ့ထားတယ်။ ဒါပေမဲ့ တန်းမဆင်းရဖို့ ရုန်းကန်လာမယ့် စပီဇီယာနဲ့ စွန့်စားသင့်ပါတယ်။
လက်ချီ - ရိုးမား (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁:၃၀ နာရီ)
လက်ချီက အိမ်ကွင်းကစားပုံကောင်းပါတယ်။ အိမ်ကွင်းဆိုရင် အမှတ်ရသင့်တဲ့ပွဲတွေကို အမှတ်ရအောင်ယူနိုင်တာလည်းတွေ့ရတယ်။ မော်ရင်ဟိုရဲ့ ရိုးမားကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် (၃)မှတ်ရဖို့ ကြိုးစားလာမှာပါ။ ရိုးမားကပ်နိုင်ဖို့ များပါတယ်။
လာဇီယို - အတ္တလန်တာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၂:၁၅ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဖြစ်လို့ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးပွဲတွေမှာ (၂)သင်းစလုံး ရမှတ်လေလွင့်ခဲ့ရပေမဲ့ ပုံစံကောင်းပြနေတဲ့ အသင်းတွေလို့ ပြောလို့ရပါတယ်။ လာဇီယိုက တိုက်စစ်မှူး အီမိုဘီလီဂိုးပေါက် ပျောက်ဆုံးနေလို့ ယုံကြည်မှုကျဆင်းနေတာကိုတော့ တွေ့ရတယ်။ အတ္တလန်တာကလည်း ရလဒ်ပိုင်းသိသိသာသာတက်လာ ပေမဲ့ နောက်ဆုံးပွဲမှာ ဆာဆူအိုလိုကို ရှုံးခဲ့တယ်။ ပထမအကျော့ကလိုပဲ လာဇီယိုအနိုင်ရဖို့များပြီး နှစ်သင်းပေါင်းသွင်းဂိုးများ နိုင်ပါတယ်။