■ ဘယ်လ်ဂျီယံအသင်းသို့ အွန်နရီ ပြန်သွားတော့မည်မဟုတ်     

■ ဘယ်လ်ဂျီယံအသင်းသို့ အွန်နရီ ပြန်သွားတော့မည်မဟုတ်     
Photo: Getty Images
Photo: Getty Images
Published 10 February 2023

အာဆင်နယ်နှင့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အွန်နရီသည် ဘယ်လ်ဂျီယံ အသင်းသို့ လက်ထောက်နည်းပြအဖြစ် ပြန်သွားတော့မည်မဟုတ်ကြောင်း သိရသည်။ 

အွန်နရီ (၄၅ နှစ်)သည် ဘယ်လ်ဂျီယံအသင်း၏ လက်ထောက်နည်းပြအဖြစ် ၂၀၁၈ ကမ္ဘာ့ဖလားတွင် တစ်ကြိမ်၊ ၂၀၂၂ ကမ္ဘာ့ဖလားတွင်တစ်ကြိမ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။ 

သို့သော် ယခုအခါ ဘယ်လ်ဂျီယံအသင်းသည် လူငယ်နည်းပြ တယ်ဒယ်စကိုအား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။ 

ထို့ကြောင့် အွန်နရီက လက်ထောက်နည်းပြအဖြစ် ထပ်မံဆောင်ရွက်ခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent